22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Wednesday, May 2, 2012

အမျိုးသားများတွင် အဖြစ်များသော ကျန်းမာရေးပြဿနာနှစ်ရပ်

 
မကြာခဏ ဆီးသွားခြင်း ဘာကြောင့်ဖြစ်ရတာလဲ
လူငယ်တွေမှာ မကြာခဏ ဆီးသွားခြင်းဖြစ်ရတဲ့ အဓိကအကြောင်းရင်းက ဆီးလမ်းကြောင်း ပိုးဝင်ခြင်းနဲ့ ဆီးအိတ် အလွန်အကျွံ အလုပ်လုပ်ခြင်းတွေကြောင့် ဖြစ်တတ်ပါတယ်။ ဆီးလမ်းကြောင်း ပိုးဝင်တဲ့အခါ ဆီးထဲမှာ ဘက်တီးရီးယားပိုးတွေ ပါဝင်တတ်ပြီး ဆီးသွားစဉ် နာကျင်ခြင်းနဲ့ မကြာခဏ ဆီးသွားခြင်းတွေ ဖြစ်ပေါ်တတ်ပါတယ်။ တစ်ခါတစ်ရံမှာ ဖျားလည်းဖျားတတ်ပါတယ်။
ဆီးအိတ်အလွန်အကျွံ အလုပ်လုပ်တဲ့ ပြဿနာ ခံစားရရင် ဆီးအိတ်ထဲမှာ ဆီးပမာဏ အနည်းငယ်ရှိနေ ရင်တောင် ဆီးသွားချင်စိတ် ဖြစ်ပေါ်တတ်ပါတယ်။
အသက်ကြီးတဲ့သူတွေမှာတော့ ဆီးကျိတ်ကြီးခြင်းကြောင့် မကြာခဏ ဆီးသွားခြင်း အဖြစ်များပါတယ်။ ဆီးကျိတ်ကြီးတဲ့အခါ ဆီးသွားရတာကို အားမရဘဲ ဆီးသွားပြီးချိန်မှာ ဆီးတစ်စက်စက်ကျတာမျိုး ခံစားရတတ်ပါတယ်။
ဘာလုပ်ပေးနိုင်သလဲ
ဆီးလမ်းကြောင်းပိုးဝင်ခြင်းမဖြစ်အောင် ကာကွယ်ဖို့ရာအတွက် ရေများများသောက်ခြင်းနဲ့ တစ်ကိုယ်ရည်သန့်ရှင်းမှု ထိန်းသိမ်းခြင်းတွေ လိုအပ်ပါတယ်။ ဆီးအိတ်လေ့ကျင့်ခန်း လုပ်ပေးတာဟာ ဆီးအိတ်အလွန်အကျွံ အလုပ်မလုပ်အောင် ကူညီပေးနိုင်ပါတယ်။
ဆရာဝန်နဲ့ ပြသင့်သလား
ဆရာဝန်နဲ့ ပြသသင့်ပါတယ်။ ဆီးလမ်းကြောင်းပိုးဝင်ခြင်းကို ပဋိဇီဝပိုးသတ်ဆေးနဲ့ ကုသနိုင်ပါတယ်။ ကုသမှုမခံယူဘူးဆိုရင် ကျောက်ကပ်ပိုးဝင်ခြင်းအထိ ဖြစ်စေနိုင်ပါတယ်။
ဆီးအိတ်အလွန်အကျွံ အလုပ်လုပ်တဲ့ လူနာတွေအနေနဲ့လည်း ဆရာဝန်နဲ့ တွေ့ဆုံဆွေးနွေးတဲ့အခါ ဆီးအိတ်လေ့ကျင့်ခန်းနဲ့ ဆေးဝါးကုသမှုရရှိပြီး အခြေအနေ ကောင်းမွန်လာပါလိမ့်မယ်။
ဆီးကျိတ်ကြီးတာကိုတော့ ဆေးဝါးကုသမှု ခံယူပြီး ပျောက်ကင်းနိုင်ပေမယ့် ပြင်းထန်တဲ့ ရောဂါဆိုရင် ဆီးကျိတ်ခွဲစိတ်မှု လိုအပ်ပါတယ်။
ပန်းသေခြင်း
ဘာကြောင့် ဖြစ်ရတာလဲ
လိင်တံဆီသို့ သွေးထောက်ပံ့မှု မကောင်းခြင်း၊ အာရုံကြောထိခိုက်ခြင်း၊ ဟော်မုန်းမမျှတခြင်းနှင့် စိတ်ပိုင်းဆိုင်ရာ ပြဿနာတချို့ကြောင့် ပန်းသေခြင်း ဖြစ်တတ်ပါတယ်။
ဆေးလိပ်သောက်သူ၊ ဆီးချိုသွေးချိုရောဂါ ရှိသူ၊ သွေးတွင်းကိုလက်စထရော ပမာဏများသူနဲ့ သွေးတိုးရောဂါရှိတဲ့သူတွေဟာ ပန်းသေပန်းညှိုးရောဂါ ဖြစ်နိုင်ခြေ မြင့်မားပါတယ်။
ဘာလုပ်ပေးနိုင်သလဲ
ပုံမှန် ကိုယ်လက်လှုပ်ရှားအားကစား ပြုလုပ်ခြင်းနဲ့ အာဟာရရှိတဲ့ အစားအသောက်စားခြင်းတွေဟာ သွေးကြောတွေကို ကျန်းမာရေး ကောင်းစေပါတယ်။ ဆေးလိပ်ရှောင်ခြင်း၊ သွေးတွင်းသကြားဓာတ်နဲ့ ကိုလက်စထရော ပမာဏ ထိန်းသိမ်းခြင်း၊ သွေးဖိအား ထိန်းခြင်းစတဲ့ နည်းလမ်းတွေကို လိုက်နာပေး ဖို့လည်း လိုအပ်ပါတယ်။
ဆရာဝန်နဲ့ ပြသင့်သလား
ပန်းသေတဲ့ ပြဿနာဟာ ဘဝနေထိုင်မှုဆိုင်ရာ အရည်အသွေးကို ဆိုးဆိုးရွားရွား ထိခိုက်စေတယ်ဆိုရင် ဆရာဝန်နဲ့ ပြသင့်ပါတယ်။ ကုသမှုအနေနဲ့ စားဆေး၊ ထိုးဆေးနဲ့ ခွဲစိတ်ကုသမှုဆိုပြီး ရှိပါတယ်။
Ref : Good Health
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )