အင်္ဂလန် အသင်း မန်နေဂျာသစ် ရွိုင်ဟော့ဂ်ဆန် အနေဖြင့် အသင်း၏ စည်းလုံးမှုကို တည်ဆောက်ရန် အတွက် ဥရောပ ဖလား ပြိုင်ပွဲဝင် အင်္ဂလန် အသင်း လူစာရင်းတွင် ဂျွန်တယ်ရီကို ချန်လှပ် ခဲ့နိုင်ကြောင်း သတင်းများ ထွက်ပေါ်လျှက် ရှိသည်။
တယ်ရီသည် QPR နောက်ခံလူ အန်တန် ဖာဒီနန်ကို လူမျိုးရေး ခွဲခြားမှုကြောင့် တရားစွဲဆို ခံခဲ့ရသူ ဖြစ်သည်။ ၎င်းသည် အင်္ဂလန် လက်ရွေးစင် အသင်းတွင် အန်တန်၏ အစ်ကိုဖြစ်သူ မန်ချက်စတာ ယူနိုက်တက် ခံစစ်မှူး ရီယို ဖာဒီနန်နှင့် တွဲဖက် ကစားရမည် ဖြစ်ရာ နှစ်ဦးကြား တင်းမာမှုများကြောင့် ဟော့ဂ်ဆန်က ခေါင်းခဲနေရသည်။ Daily Mail သတင်းစာကမူ ဟော့ဂ်ဆန်သည် ၀ါရင့်ခံစစ်မှူး နှစ်ဦးအား အပြိုင် ရွေးချယ်ရမည် ဆိုလျှင် တယ်ရီကို ချန်လှပ်ထားဖွယ် ရှိနေကြောင်း ဖော်ပြခဲ့သည်။ တယ်ရီသည် လူမျိုးရေး ခွဲခြားမှု ကိစ္စကြောင့် အင်္ဂလန် အသင်းခေါင်းဆောင် လက်ပတ်ကို ရုတ်သိမ်း ခံရသလို ယင်းဖြစ်ရပ်နှင့် နောက်ဆက်တွဲ အဖြစ် အင်္ဂလန် မန်နေဂျာ ရာထူးမှ ဖေဘီယို ကာပယ်လိုပါ နုတ်ထွက် ခဲ့ရသည်။
လီဗာပူးလ်နှင့် ပွဲတွင် တွေ့ရသော တယ်ရီ
တယ်ရီက ၎င်းသည် အန်တန်အပေါ် လူမျိုးရေး ခွဲခြား ပြောဆိုခဲ့သည် ဆိုသော စွပ်စွဲချက်များအား ပြင်းပြင်းထန်ထန် ငြင်းဆန်ထားဆဲ ဖြစ်သည်။ ဟော့ဂ်ဆန်အတွက်မူ ဆုံးဖြတ်ချက်တိုင်းသည် ခက်ခဲ ကြမ်းတမ်း နေမည်မှာ အလွန် သေချာနေသည်။ အကယ်၍ တယ်ရီသည် အင်္ဂလန် အသင်းတွင် မပါဝင် ရပါက မန်ချက်စတာ စီးတီးမှ ဂျိုလီယန် လက်စ်ကော့၊ တယ်ရီ၏ ချယ်လ်ဆီး အသင်းဖော် ဂယ်ရီကာဟေးလ်တို့သည် ၎င်းနေရာကို တိုက်ရိုက် အစားထိုး ၀င်ရောက်ဖွယ် ရှိနေကြောင်းလည်း သိရှိရသည်။
Ref: Daily Mail
Daily Mail သတင်းစာကမူ ဟော့ဂ်ဆန်သည် ၀ါရင့်ခံစစ်မှူး နှစ်ဦးအား အပြိုင်ရွေးချယ်ရမည် ဆိုလျှင် တယ်ရီကို ချန်လှပ်ထားဖွယ် ရှိနေကြောင်း ဖော်ပြခဲ့...
12:50 PM
Admin
Posted in: 

0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com