ရီးယဲလ် မက်ရစ်သို့ ပြောင်းရွှေ့မည်ဟု မိမိက ပြောဆိုခဲ့ကြောင်း ဖော်ပြခဲ့သည့် သတင်း မီဒီယာများအား ဥပဒေကြောင်း အရ တုံ့ပြန်သွားရန် နယူးကာဆယ်လ် ယူနိုက်တက် တိုက်စစ်မှူး ပက်ပစ် ဆစ်ဆီက စဉ်းစားနေကြောင်း သိရှိရသည်။
ဆောင်းရာသီ အပြောင်းအရွှေ့ ကာလကမှ နယူးကာဆယ်လ်သို့ ရောက်ရှိလာသည့် အသက်(၂၆)နှစ်အရွယ် ဆီနီဂေါ လက်ရွေးစင်က အင်တာဗျူး တစ်ခုတွင် မိမိသည် ရီးယဲလ်သို့ သွားကစားရန် မျှော်လင့် ထားသည်ဟု ပြောဆိုခဲ့ကြောင်း သတင်းစာ အချို့က ရေးသား ဖော်ပြခဲ့သည်။ ဆစ်ဆီက ၎င်းသည် ထိပ်တန်း ကလပ်အသင်း တစ်ခုတွင် ကစားရန် အမြဲတမ်း မျှော်လင့်ခဲ့ကြောင်းနှင့် မိမိသည် ကလေး ဘ၀ ကတည်းက ရီးယဲလ် မက်ဒရစ်ကို အားပေး ခဲ့ကြောင်း ပြောဆိုမှု နှစ်ခုကို ရောထွေးကာ ဆစ်ဆီက ရီးယဲလ်ပြောင်းရွှေ့ရန် ရည်ရွယ်ထားကြောင်း သတင်းများက ဖော်ပြခဲ့ခြင်း ဖြစ်သည်။
နယူးကာဆယ်လ် တိုက်စစ်မှူး ဆစ်ဆီ
ပေါင်စတာလင် (၉)သန်းဖြင့် ဂျာမနီမှ ပြောင်းရွှေ့လာသည့် ဆစ်ဆီက အဆိုပါ ဖော်ပြချက်များကို စိတ်ပျက်နေပြီး တရားရေးအရ အရေးဆိုရန် ရည်ရွယ်နေကြောင်း သိရသည်။ ဆစ်ဆီသည် ယခုရာသီ နယူးကာဆယ်လ်အတွက် အံ့ဩဖွယ်ရာ ခြေစွမ်း ပြနေရာ ရီးယဲလ်ကလည်း ၎င်းကို အတန်ငယ် စိတ်ဝင်စားမှု ပြသနေခဲ့သည်။ ဆစ်ဆီနှင့် နီးစပ်သူများက "ဆစ်ဆီဟာ နယူးကာဆယ်လ် အတွက်ပဲ အပြည့်အ၀ အာရုံ စိုက်ထားပါတယ်။ ဒီရာသီမှာ အသင်းရဲ့ ရပ်တည်ချက် အမြင့်ဆုံး အနေအထားမှာ ရှိနေဖို့က လွဲရင် သူ့စိတ်ထဲမှာ ဘာမှ တွေးတောနေမှာ မဟုတ်ပါဘူး" ဟု ပြောကြားသွားသည်။ ဆစ်ဆီသည် နယူးကာဆယ်လ်မှ တာဝန် ရှိသူများအား မိမိ အသင်းပြောင်းမည် မဟုတ်ကြောင်းနှင့် သတင်း မီဒီယာများအား ဥပဒေကြောင်း အရ တုံ့ပြန်ရန် စဉ်းစားနေကြောင်း အသိပေး ပြောကြားထားသည်။
Ref: Daily Mail
ဆစ်ဆီက ၎င်းသည် ထိပ်တန်း ကလပ်အသင်း တစ်ခုတွင် ကစားရန် အမြဲတမ်း မျှော်လင့်ခဲ့ကြောင်းနှင့် မိမိသည် ကလေးဘ၀ကတည်းက ရီးယဲလ်မက်ဒရစ်ကို အားပေးခဲ့ကြောင်း ပြောဆိုမှု နှစ်ခုကို ရောထွေးကာ ဆစ်ဆီက ရီးယဲလ်ပြောင်းရွှေ့ရန် ရည်ရွယ်ထားကြောင်း သတင်းများက ဖော်ပြခဲ့...
12:51 PM
Admin
Posted in: 

0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com