22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Thursday, May 10, 2012

ဗန်ပါစီကို ခေါ်ယူရန် ဂျူဗင်းတပ်စ် အသင်း ချိန်ရွယ်နေ

အီတလီ ဘောလုံး လောကကို အင်အား ကြီးမားစွာ တစ်ကျော့ပြန် လွှမ်းမိုးရန် ရည်ရွယ်ထားသော ဂျူဗင်းတပ်စ် အသင်းသည် အာဆင်နယ် အသင်းခေါင်းဆောင် ရော်ဘင် ဗန်ပါစီအား ခေါ်ယူရန် ကြံစည်နေကြောင်း သိရသည်။

ပူပူနွေးနွေး အီတလီ စီးရီးအေ ချန်ပီယံသည် နယ်သာလန် လက်ရွေးစင် ဗန်ပါစီ၏ ယခု တစ်ရာသီလုံး တောက်ပစွာ ကစား ပြခဲ့သည့် ခြေစွမ်း ခြေစကို မျက်စိကျလျှက် ရှိနေသည်။ ဗန်ပါစီသည် အာဆင်နယ်နှင့် စာချုပ်သက်တမ်း (၁)နှစ်သာ ကျန်တော့ပြီး လက်ရှိ အချိန်ထိ သက်တမ်းတိုးရန် မဆွေးနွေးသေးချေ။ ယခုအခါ ဂျူဗင်းတပ်စ်မှ ၀ါရင့်တိုက်စစ်မှူးကြီး အလက်ဇန္ဒရို ဒယ်လ်ပီယာရို ထွက်ခွာတော့မည် ဖြစ်ရာ ယင်းနေရာ အတွက် ဗန်ပါစီကို ချိန်ရွယ်နေသည်။ ဂျူဗင်းတပ်စ်က အငှား ခေါ်ယူထားသည့် မာကို ဘော်ရယ်လီယိုသည်လည်း ရိုးမားသို့ ပြန်ရန် စီစဉ်နေရာ အသင်း အနေဖြင့် တိုက်စစ်မှူး တစ်ဦးကို မဖြစ်မနေ ခေါ်ယူရဖွယ် ရှိနေသည်။
အာဆင်နယ် အိမ်ကွင်းဂျာစီ အသစ်ဖြင့် ဗန်ပါစီ

ဂျူဗင်းတပ်စ် အသင်း အထွေထွေ ဒါရိုက်တာ ဂူဆက်ပီ မာရော့တာက အီတလီဝက်ဘ်ဆိုက် Calciomercatoနှင့် အင်တာဗျူးတွင် အသင်းက ဗန်ပါစီအား စိတ်ဝင်စား နေကြောင်း ထုတ်ဖော် ပြောကြားသွားသည်။ ၎င်းက "ဗန်ပါစီဟာ ထူးချွန်တဲ့ ကစားသမား တစ်ယောက်ပါ။ တကယ့်ကို ပြီးပြည့်စုံတဲ့ တိုက်စစ်မှူး တစ်ဦးလည်း ဖြစ်ပါတယ်။ ဘယ်အသင်းမှာ မဆို သူက အသုံးဝင်မယ့် သူမျိုးပါ။ ဒါပေမဲ့ ဗန်ပါစီဟာ အာဆင်နယ်နဲ့ စာချုပ်သက်တမ်း (၁)နှစ် ကျန်နေပါသေးတယ်။ ကျွန်တော်တို့ကတော့ နွေရာသီမှာ သူ့ကို ခေါ်ဖို့ တတ်နိုင်သလောက် ကြိုးစားမှာပါ။ ဒါပေမဲ့ တကယ်တမ်း အရေး ကြီးတာက အသင်းအတွက် သင့်တော်တဲ့ အားဖြည့်မှုကို ဘယ်ကစားသမားနဲ့ မဆို ပြုလုပ်နိုင်ဖို့ ဖြစ်ပါတယ်" ဟု ပြောဆိုသွားသည်။

ဂျူဗင်းတပ်စ်မှ ၀ါရင့်တိုက်စစ်မှူးကြီး အလက်ဇန္ဒရို ဒယ်လ်ပီယာရို ထွက်ခွာတော့မည် ဖြစ်ရာ ယင်းနေရာအတွက် ဗန်ပါစီကို ချိန်ရွယ်နေ...
ဗန်ပါစီသည် ပရီးမီးယားလိဂ် ဂိုးသွင်း ဘုရင်ဆု အတွက် သွင်းဂိုး အရေအတွက် (၃၀)ဖြင့် ရှေ့ဆုံးမှ ဦးဆောင်နေသည်။ ဂျူဗင်းတပ်စ်သည် တိုက်စစ်နေရာ အတွက် ဗန်ပါစီအပြင် လီဗာပူးလ်မှ လူးဝစ်ဆွာရက်ဇ်နှင့် ရီးယဲလ်မက်ဒရစ်မှ ဂွန်ဇာလို ဟီဂူအင်းတို့ကိုလည်း ချိတ်ဆက်နေကြောင်း သိရှိရသည်။
Ref: Daily Mail
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )