ဘယ်လ်ဂျီယံ လက်ရွေးစင် ခံစစ်မှူးအား ၀ယ်ယူရန် အတွက် လန်ဒန်မြို့ခံ ပြိုင်ဘက်ကို လက်ဦးမှု ယူကာ စပါးက ပေါင်စတာလင် (၈.၁)သန်းဖြင့် သဘော တူညီမှု ရရှိထားကြောင်း Goal.com ဖော်ပြခဲ့သည်။ စပါးသည် ဇန်န၀ါရီလ ကတည်းက ဗာတိုဂန်ကို ဆက်သွယ် ခဲ့သော်လည်း မအောင်မြင်ခဲ့ချေ။ Goal.com၏ အဆိုအရ စပါးနှင့် ဗာတိုဂန် တို့၏ စာချုပ် ကိစ္စသည် ယခု သီတင်းပတ်ကုန်တွင် အပြီး သတ်နိုင်မည်ဟု မျှော်လင့်ရကြောင်းလည်း သိရှိရသည်။ ဗာတိုဂန်သည် လာမည့် ဘောလုံးရာသီ အကုန်တွင် အသင်းနှင့် စာချုပ်သက်တမ်း ကုန်ဆုံးမည်ဖြစ်ပြီး ယခုနွေရာသီတွင် အေဂျက်စ်က ရောင်းထုတ်ရန် ဆုံးဖြတ်ခဲ့သည်။
ဗာတိုဂန်သည် လာမည့် ရက်အနည်းငယ် အတွင်း လန်ဒန်သို့ ရောက်ရှိ လာနိုင်ကြောင်းလည်း သတင်းများက ဆိုသည်။ ထို့အပြင် ဗာတိုဂန်သည် စပါးအသင်း၏ လေ့ကျင့်ရေးကွင်းသစ် အန်းဖီးလ် အဆောက်အအုံသို့လည်း သွားရောက်ကြည့်ရှုဖွယ် ရှိနေသည်။ စပါးသည် နွေရာသီတွင် အဆိုပါ လေ့ကျင့်ရေးကွင်းကို စတင် အသုံးပြုမည်ဖြစ်သည်။ ဗာတိုဂန်သည် ယခုနှစ် ဘောလုံးရာသီ နယ်သာလန် အမှတ်ပေး ပြိုင်ပွဲ၏ အကောင်းဆုံး ကစားသမား ဆုကို ရရှိခဲ့ပြီး စပါး အနေဖြင့် ချန်ပီယံလိဂ် ၀င်ခွင့် ရရ၊ မရရ ၎င်းက အသင်းပြောင်းရန် စိတ်ပိုင်း ဖြတ်ထားပြီး ဖြစ်သည်ဟု ယူဆရကြောင်းလည်း Goal.com က ဖော်ပြသွားသည်။
Ref: Goal
Goal.com၏ အဆိုအရ စပါးနှင့် ဗာတိုဂန်တို့၏ စာချုပ်ကိစ္စသည် ယခုသီတင်းပတ်ကုန်တွင် အပြီးသတ်နိုင်မည်ဟု မျှော်လင့်ရ...
12:53 PM
Admin
 Posted in:  

0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com