Microsoft က ၄င်းတို့၏ နောက်ဆုံး ထုတ်ကုန် ဖြစ်သည့် Windows 8 ကို လာမည့် အောက်တိုဘာလ၂၆ ရက်၌ ဖြန့်ချိရန် တရားဝင် ကြေညာ မှုပြုလုပ်ပြီး နောက်ပိုင်းတွင် အင်တာနက် ကြည့်ရှုနိုင်သည့် အခြား သောပြိုင်ဘက် browser ထုတ်လုပ် သူများပေါ်တွင် မသမာသည့်ပိတ် ပင်လုပ်ဆောင်မှုများရှိနေသည်ဆို သည့် စွပ်စွဲမှုများအပေါ်EU က စိုးရိမ်ပူပန်လျက် ရှိသည်။
ပြိုင်ဘက် software ထုတ်လုပ် သည့်ကုမ္ပဏီများကMicrosoft ၏ latest version ဖြစ်သောWindows 8 တွင် ၄င်းတို့၏ browers များကို အပြည့်အဝထည့်သွင်းအသုံးမပြု နိုင်စေရန် ကန့်သတ်ချက်များထား ရှိသည်ဆိုသည့်တိုင်တန်းမှုများကို EU antitrust ကြီးကြပ်ရေးအဖွဲ့ကစုံစမ်းမှုများပြုလုပ်လျက်ရှိသည်။ Microsoft သည်Windows 8 တွင် Internet Explorer version 10ကို built-in ထည့်သွင်းထားပြီး အဆိုပါ browser အား ARM chips သုံး device များဖြစ်သည့်Windows RT စနစ် သုံးtablet အများတွင်ပိုမိုတွင်ကျယ်စွာ အသုံးပြုနိုင်ရေးအတွက် အဆိုပွျှါWindows RT စနစ်တွင်အခြားသော browser များအား ထည့်သွင်းအသုံး မပြုနိုင်စေရန်လုပ်ဆောင်ထားသည် ဟု စွပ်စွဲခံထားရခြင်းဖြစ်သည်။
Reuters သတင်းဌာန၏ဖော်ပြ ချက်အရ Microsoft မှာOS နှင့်အခြား သောprograms များ ကောင်းမွန်စွာ အလုပ်လုပ်နိုင်စေသည့် APLS စနစ် ကို အခြားပြိုင်ဘက် browser များ အတွက် ထောက်ပံ့ပေးထားခြင်း မရှိဆိုသည့်စွပ်စွဲချက်များကိုလည်းEU က စုံစမ်းလျက်ရှိသည်။ျွှWindows 8 တွင် built-in ပါလာ သောIE version 10 browser မှာ Metro နှင့်Classic modes နှစ်မျိုးစလုံး တွင် run နိုင်သော်လည်းFirefox browser ဖန်တီးရှင် Mozilla ၏ပြောဆို မှုအရMicrosoft မှာ thirty-party browser ကို Classic mode တွင်သာ အသုံးပြုနိုင်စေရန်ခွင့်ပြုထားသည် ဟုဆိုသည်။
အဆိုပါစွပ်စွဲပြောဆို မှုများအရWindows RT စနစ်သုံး tablet များတွင်Microsoft ၏IE 10 သာလျှင်Classic နှင့် Metro modes များတွင်အကောင်းဆုံး featuresကို လုပ်ဆောင်နိုင်သည်။ စွပ်စွဲမှုများ မှာ WindowsRT နှင့်သာ ပတ်သက် ပြီး PC နှင့် notebook များတွင်ပါပတ် သက်မှုရှိ၊ မရှိဆိုသည်ကိုမူ ရှင်း လင်းစွာမသိရသေးပေ။
0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com