22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Friday, July 27, 2012

မာရီယွန်ကိုတီလားရဲ့ ရုပ်ရှင်ကားသစ်များ

 

အကယ်ဒမီ ဆုရှင် ပြင်သစ် မင်းသမီး မာရီယွန် ကိုတီလား နောက်ရိုက်မယ့် ရုပ်ရှင် ကားသစ် တစ်ခုက Blood Ties ဖြစ်ပါတယ်။ ဒီရုပ်ရှင်မှာ ကိုတီးလားနဲ့ အတူ မင်းသား ကလစ်ဗ်သိုဝင်နဲ့ အခြားသရုပ်ဆောင်များ တွဲဖက်ပါဝင်ပြီး ဇာတ်ကား ရိုက်မယ့် ဒါရိုက်တာက ကိုတီလားရဲ့ အတူနေချစ်သူဂွီသော်မ်ကာနေဖြစ်ပါတယ်။ ကာနေက ဒါရိုက်တာတစ်ယောက်ဖြစ်သလို သရုပ်ဆောင်တစ်ယောက်လည်း ဖြစ်ပါတယ်။မင်းသမီးကိုတီးလားရဲ့ ၂၀၁၂ ထွက်ပြီး ရုပ်ရှပ်တစ်ကားကျွRost and Bone ဖြစ်ပါတယ်။
ဒီရုပ်ရှင်အပြင် ကိုတီလားနောက်ထွက်မယ့် ရုပ်ရှင်ကား သစ်တစ်ခုကအများမျှော်လင့်စောင့်စားမှုမြင့်တဲ့ The Dark Knight Rises ဖြစ်ပါ တယ်။ The Dark Knight Rises ကို၂၀၁၂ ပြင်သစ်ကိန်းရုပ်ရှင်ပွဲတော်မှာ ပွဲဦး ထွက်ပြသခဲ့ပြီး ယခုနှစ်အတွင်း မကြာခင်ဖြန့်ချိဖို့စီစဉ်ထားပါတယ်။ မင်းသမီးကိုတီးလားက ဩဂုတ်လထွက် Vogue မဂ္ဂဇင်းမှာ မျက်နှာ ဖုံးမော်ဒယ်အဖြစ် ပါဝင်ထားပါတယ်။Vogue မှာ မျက်နှာဖုံးမော်ဒယ်အဖြစ် ဓာတ်ပုံရိုက်ချက်တစ်ရပ်နဲ့အတူ အင်တာဗျူးတစ်ခုလည်း သူမဖြေကြားပါတယ်။
မင်းသမီးဟာ အတူနေချစ်သူကာနေနဲ့ရတဲ့ ပထမဆုံးရင်သွေးကို ၂၀၁၁ မေလ အတွင်းကမွေးခဲ့ပါတယ်။ အော်စကာဆုရှင် ကိုတီးလားဟာ ပြင်သစ်စကားပြော ရုပ်ရှင်တစ်ကားအတွက် အကယ်ဒမီရတဲ့ ပထမဆုံးပုဂ္ဂိုလ်အဖြစ် မှတ်တမ်းဝင်ပါ တယ်။ သူမဟာ ၂၀ဝ၇ ခုနှစ်ထွက် ပြင်သစ်ရုပ်ရှင်La Vieen Rose မှာ ပါဝင် သရုပ်ဆောင်မှုအတွက် အော်စကာအကောင်းဆုံး မင်းသမီးဆုရခဲ့တာ ဖြစ်ပါတယ်။
မင်းသမီးကိုတီလားကို Public Enemies, Nine, Imeptoon, Contogin, Midnight in pang အစရှိတဲ့ရုပ်ရှင်တွေနဲ့ မြန်မာပရိသတ် ရင်းနှီးမှာဖြစ်ပါတယ်။ ကိုတီလားကို ၃၀ စက်တင်ဘာ၊ ၁၉၇၅ က ပြင်သစ်နိုင်ငံ ပါရီမှာမွေးပါတယ်။ သူမဟာ အနုပညာမျိုးရိုးကဆင်းသက်လာသူတစ်ယောက်ဖြစ်ပါတယ်။ La vieen Roise ရုပ်ရှင်အတွက် ကိုတီလားဟာ အကယ်ဒမီဆုအပြင်BAFTA ဆု၊ Cesor ဆုနဲ့ရွှေကမ္ဘာလုံးဆုတို့မှာလည်း အကောင်းဆုံးမင်းသမီးဆုရခဲ့ပါတယ်။ ကိုတီး လားရဲ့ သားငယ်နာမည်က မာဇယ်ဖြစ်ပါတယ်။
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )