မိုဘိုင်းဖုန်း လောကတွင် ရုန်းကန် နေရသော ဖင်လန်နိုင်ငံ အခြေစိုက် Nokia သည် ယခုနှစ်ဒုတိယ၃ လပတ်အတွက် ငွေစာရင်းကိုထုတ် ပြန်ကြေညာခဲ့ရာ ယူရို၈၂၆သန်း အရှုံးပေါ်ခဲ့သည်။
Nokia ၏အစီရင် ခံစာတွင် ၄င်းတို့၏ဖုန်းရောင်းချရ မှုဝင်ငွေမှာ ၃လပတ်အလိုက် ၅ရာ ခိုင်နှုန်း ကျဆင်းသွားခဲ့ပြီး ယခုကဲ့ သို့အရှုံးပမာဏယူရို၈၂၆သန်းအထိ ရှိသွားခဲ့ရခြင်းဖြစ်ကာ ယမန်နှစ် ပထမ၃လပတ်ကကြေညာခဲ့သော အရှုံးငွေယူရို၄၈၇သန်းနှင့်နှိုင်းယှဉ် ပါက ၂ဆနီးပါးမျှရှိသည်ဟု ဖော် ပြထားသည်။
၃လပတ်ကာလအတွင်းNokia ၏Windows Phone ဖြစ်သောLumia ရောင်းအားမှာ ၄သန်းအထိရှိခဲ့ကာ ဒုတိယ၃လပတ်အတွင်း mobile phone မျိုးစုံရောင်းချရမှုစုစုပေါင်းအ ရေအတွက်မှာ ၇၃သန်းအထိရှိပြီး ငွေကြေးပမာဏဖြင့် ယူရို၇.၅ဘီ လီယံအထိရှိခဲ့သည့်အချက်ကိုလည်း Nokia ကထုတ်ပြန်ကြေညာသွားခဲ့ သည်။Nokia ၏CEO ဖြစ်သှူStephen Elop ကမူWindows 8 ကိုမကြာမီ ဖြန့်ချိရန်ရှိသည့် အချက်ကြောင့် ကုမ္ပဏီအနေဖြင့် အခြေအနေ ကောင်းများပြန်လည်ရရှိရန်မျှော် မှန်းထားကြောင်း အပေါင်းလက္ခ ဏာဆောင်သည့်၎င်း၏အမြင်ကို ပြောဆိုသွားခဲ့သည်။
Stephen Elop က “ကျွန်တော် တို့ရဲ့ရှယ်ယာရှင်တွေကိုပေးရမယ့် နှစ်စဉ်အကျိုးအမြတ်ငွေကြေးကိုချိန် ညှိပြီးရင် အသားတင် ကျန်ရှိတဲ့ငွေ ကြေးအင်အားကို တည်ငြိမ်တဲ့ အခြေအနေမှာ ထိန်းချုပ်ထားပါမယ်။ ရှေ့ ၃လပတ်မှာ ခက်ခဲမှု တွေနဲ့ဆက်လက်ရင်ဆိုင်ရဦးမှာ ဖြစ်ပေမယ့်ထုတ်လုပ်မှုနဲ့ဝန်ဆောင် မှုလုပ်ငန်းတွေကို အကောင်းဆုံး လည်ပတ်မှုလုပ်နိုင်မယ့် အနေ အထားနဲ့ အမြန်ဆုံးသွားနိုင်အောင်တော့ ဆောင်ရွက်သွားရပါမယ်” ဟုပြောဆိုသွားခဲ့သည်။
သို့ရာတွင် ယခုသီတင်းပတ်အစောပိုင်းမှာပင် အမေရိကန်ဆက်သွယ်ရေးကုမ္ပဏီ ဖြစ်သည့် AT&T က Nokia ၏Lumia 900 စမတ်ဖုန်းရောင်းဈေးကို မူလဒေါ်လာ၁၀ဝကနေထက်ဝက်လျှော့ ချပြီး ဒေါ်လာ၅၀ဖြင့်သာရောင်းချ ခဲ့ခြင်းမှာ အဆိုပါWindows ဖုန်းကို Windows 8 version သို့မြှင့်တင်၍မရ ဟုသတင်းထွက်ပေါ်ပြီးဈေးလျှော့ ချမှုပြုလုပ်ခဲ့ခြင်းဖြစ်သည်။
0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com