၁၉၈၈ ခုနှစ်တွင် ကုမ္ပဏီ စတင် တည်ဆောက် ခဲ့ပြီး တရုတ်ပြည် အခြေစိုက် အကြီးဆုံး Networking နှင့်ွှTelecommunications equipment များ ထုတ်လုပ်နေသည့် Huawei သည် လာမည့်၂၀၁၅တွင် ကမ္ဘာ့ထိပ်တန်း phone ရောင်းချသည့်ကုမ္ပဏီများတွင် ထိပ်ဆုံး၃နေရာရရှိရန် အစီအစဉ် များချမှတ်ဆောင်ရွက်သွားမည်ဟု သတင်းတစ်ရပ်ကဖော်ပြခဲ့သည်။ံ
Huawei ကပြောကြားရာတွင် ၄င်း တို့အနေဖြင့် အဆိုပါရည်မှန်းချက် ပြည့်မြောက်စေရန်အတွက်အဆင့် မြင့်software ပိုင်းနှင့် hardware ပိုင်း များ ပိုမိုတိုးတက်မှုရှိလာစေရေး တို့မှာ မဖြစ်မနေလုပ်ဆောင်ရမည့် အပိုင်းများပင်ဖြစ်သည်။Software ပိုင်းအနေဖြင့် ၄င်းတို့၏စမတ်ဖုန်း များအတွက် user interface များ ပိုမို အဆင်ပြေစွာ အသုံးပြုနိုင်စေရန်ျsoftware ရေးသားမှုများ ပြုလုပ် လျက်ရှိပြီး အရိုးရှင်းဆုံးအနေအ ထားမှရှုပ်ထွေး အဆင့်မြင့်သည့် အဆင့်အထိ user များ နားလည် ပြုပြင်သုံးစွဲနိုင်စေရန် အစီအမံများ ချမှတ်လုပ်ဆောင်နေသည်ဟု Huawei ၏အကြီးအကဲRoss Gan က ထုတ်ဖော် ပြောဆိုသွားခဲ့သည်။
Ross Gan က “Android နဲ့ Appple ကIOS ကိုနှိုင်းယှဉ်ကြည့်မယ်ဆို ရင်IOS က ပိုပြီးတော့ လွယ်ကူ ကောင်းမွန်မှုရှိပါတယ်”ဟုINQUIRER သတင်းဌာနသို့ဖွင့်ဟပြော ကြားသွားခဲ့သည်။Huawei သည် အဆိုပါထုတ်ကုန်များထဲတွင် 4inch စမတ်ဖုန်းများလည်းပါဝင်ပြီး ဈေးနှုန်းသက်သာသည့် 4inch screen ဖုန်းများကိုလည်း ထုတ်လုပ်ရန် လျာထားသည်။
Huawei မှာ ၄င်းတို့ ၏ကိုယ်ပိုင် processorကိုလည်း ကုမ္ပဏီခွဲဖြစ်သည့်Hisilicon က ARM နည်းပညာအခြေခံ Corfecx A9 ပုံစံဖြင့်ဖုန်းများအတွက် ထုတ်လုပ် ပေးလျက်ရှိသည်။ ၂၀၁၅ တွင် ထိပ်တန်းဖုန်း ရောင်းချသူ ၃ ဦးစာရင်းဝင်ရန် နှစ် စဉ်ဘဏ္ဍာရေး ဝင်ငွေမှ ၁၀ရာခိုင် နှုန်းကိုR&D ကဏ္ဍအတွက် အသုံး ပြုလျက်ရှိသည်။
0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com