ဂျာမန်ဘွန်းဒစ်လီဂါ ပြိုင်ပွဲ၏ (၂)နှစ်ဆက် ချန်ပီယံဆုရှင် အသင်းသည် ဂျပန် လက်ရွေးစင် ကာဂါဝါအား အသင်းနှင့် သက်တမ်းတိုး စာချုပ်ရန် ဆုံးဖြတ်ချက်ကို အတိအကျ ချမှတ်ရန် ရာဇသံ ပေးထားသည်။ ကာဂါဝါသည် လတ်တလောတွင် ဒေါ့တ်မန်၏ ကမ်းလှမ်းမှုကို လက်မခံသေးဘဲ အင်တင်တင် ဖြစ်နေသည်။ သတင်းများက ကာဂါဝါ၏ လက်ထဲတွင် အင်္ဂလန် ပရီးမီးယားလိဂ် ချန်ပီယံထံမှ (၃)နှစ် စာချုပ် ကမ်းလှမ်းမှုတစ်ရပ် ရှိနှင့်နေပြီး ဖြစ်ကြောင်း ဖော်ပြလျှက် ရှိသည်။ ယခုအခါ ဒေါ့တ်မန်သည် ၎င်းတို့၏ အားထားရသော Playmakerကို စာချုပ်သစ်အတွက် ဆုံးဖြတ်ရန် နောက်ဆုံးရက် သတ်မှတ် ပေးထားခဲ့သည်။
ဂျပန် လက်ရွေးစင် ကာဂါဝါ
ကာဂါဝါသည် ယခုရာသီ ဒေါ့တ်မန်အသင်း ကစားသည့် ဂျာမန် ဘွန်းဒစ်လီဂါ (၂၉)ပွဲတွင် (၁၃)ဂိုး သွင်းယူနိုင်ခဲ့သည်။ Bild သတင်းဌာနက ဒေါ့တ်မန်သည် ကာဂါဝါကို (၂၀၁၆)ထိ အသင်းတွင် ဆက်လက်ထားရှိရန် စိတ်ကူးရည်ရွယ်ထားကြောင်း ဖော်ပြခဲ့သည်။ မန်ယူကမူ စာချုပ်သက်တမ်း လက်ကျန်နည်းနေသည့် ကာဂါဝါကို လက်ရှိရနေသည့် လုပ်ခထက် (၂)ဆပေး ခေါ်ယူဖွယ် ရှိနေသည်။ ဒေါ့တ်မန်အသင်း ဥက္ကဋ္ဌ ရိန်းဟတ်ရောဘောလ်က “ခုအနေအထားက သူ့ဆီမှာ အရင်ကတည်းက သီးခြား ကမ်းလှမ်းမှု တစ်ခု လက်ခံ ထားနိုင်တဲ့ သံသယကို တိုးလာစေပါတယ်။ ကျွန်တော်တို့ရဲ့ အဆိုပြုမှုကို သူဘာမှ မတုံ့ပြန်သေးဘူးလေ” ဟု ဆိုသည်။
မန်ယူကမူ စာချုပ်သက်တမ်း လက်ကျန်နည်းနေသည့် ကာဂါဝါကို လက်ရှိရနေသည့် လုပ်ခထက် (၂)ဆပေး ခေါ်ယူဖွယ် ရှိနေ...
၎င်းက “ကျွန်တော်တို့ ပြုလုပ်ခဲ့တာ ကောင်းမွန်တဲ့ ကမ်းလှမ်းမှု တစ်ခုပါ။ ဒေါ့တ်မန်ဆီက သီးခြား အခွင့်ထူးခံ အခြေအနေ တစ်ရပ်တော့ သူမရနိုင်ပါဘူး။ တခြားအသင်းတွေကလည်း ကာဂါဝါအတွက် ကမ်းလှမ်းလာတာ မရှိသေးပါဘူး။ ကျွန်တော်တို့ အစိုးရိမ် ကြီးတာလည်း ဖြစ်နိုင်တယ်။ ခုချိန်မှာတော့ ဘာကိုမှ ဆုံးဖြတ်လို့ မရသေးဘူးပေါ့”ဟုလည်း ပြောကြားသွားသည်။ ကာဂါဝါသည် ဂျေလိဂ်ကလပ် စီရီဇို အိုဆာကမှ ဒေါ့တ်မန်သို့ (၂၀၁၀)ပြည့်နှစ်က ယူရို (၃၅၀၀၀)တန် အပြောင်းအရွှေ့ဖြင့် ရောက်ရှိလာခဲ့သည်။ အကယ်၍ ယခုနွေရာသီတွင် အသင်းက ၎င်းကို ရောင်းထုတ်ဖြစ်ပါက ထိုစဉ်က အသုံးပြုခဲ့သည့် ပြောင်းရွှေ့ကြေးထက် အဆ(၂၅၀)မျှ ပြန်ရဖွယ် ရှိနေသည်။ ကာဂါဝါသည် ဒေါ့တ်မန်နှင့် စာချုပ်သက်တမ်း (၁)နှစ်သာ ကျန်တော့ကြောင်းလည်း သိရှိရသည်။
Ref: Club Call
1:22 PM
Admin
Posted in: 

0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com