သြဂုတ်လ ၂၄ ရက်နေ့က မလေးရှားရောက်
မြန်မာလူ မျိုးများနှင့် ချင်းလူမျိုး ဒုက္ခသည်
အချင်းချင်း အကြား ကလဲ့စား လူသတ်မှု ဖြစ်ပွား
သည်ဟု သိရသည်။
မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ Pudu Area ဗမာစား သောက်ဆိုင်တွင် သြဂုတ်လ ၁၇ ရက်နေ့ညတွင် ချင်းပြည်နယ် မင်းတပ်မြို့နယ်မှ ချင်းလူမျိုး ငါးဦးနှင့် စားသောက်ဆိုင် ၀န်ထမ်းများ ရိုက်နှက်မှု ဖြစ်ပွားရာမှ ချင်းလူမျိုးနှစ်ဦး ပွဲချင်းပြီး သေဆုံးကာ သုံးဦး ဆေးရုံ ရောက်သွားကြောင်း ချင်းဘာသာ ထုတ်
one star Journal တွင်လည်း ဖော်ပြထားသည်။
ဖြစ်စဉ်မှာ ယခု အမှု မဖြစ်ခင် အမှုတွင်ပါဝင်သူ ချင်းလူငယ်အား ဆိုင်ဝန်ထမ်းတွေက အပြင်းအထန် ရိုက်နှက်ခဲ့ရာမှ မလေးရှား ရိန်းကစ် ၃၀၀၀ ဖြင့် ကျေအေး ခဲ့သော်လည်း ချင်းလူငယ်တွေ က ပြန်လည်တုံ့ ပြန်ခဲ့ဘူးကြောင်း၊
ထို့ကြောင့် ယခုကဲ့ သို့ ပြန်လည်ရိုက် နှက်မှုဖြစ်ပွားပြီး လူသတ်မှု အထိ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု မျက်မြင်တွေက ပြောကြသည်။
“ တရားလို ဆိုင်ဝန်ထမ်းတွေက အနည်းဆုံး ၁၅ ဦးလောက်နဲ့ ၀ိုင်းရိုက်တာပါ၊ ဗမာတွေက မဟာစားသောက်ဆိုင်က ဖြစ်ပြီးတော့ အသတ်ခံ သူတွေဟာ အဆိုပါ စားသောက် ဆိုင်ဘေးနားမှာ အရက်သောက် နေတာကို တွေ့ရှိပြီး ဆိုင်အောက် အမှိုက်ပုံနားမှာ ရပ်စောင့်ပြီး ၀ိုင်းသတ်တာဖြစ်
တယ်” ဟု မျက်မြင် တဦးက ပြောသည်။ အဆိုပါ ၁၅ ဦးထဲက အဓိက တရားခံ နှစ်ဦးကို ရဲတွေက ဖမ်းဆီးထားကြောင်း၊
အဆိုပါ ဖြစ်ရပ်ကြောင့် Pudu Area တွင် လုံခြုံရေးတင်းကျပ် မှာဖြစ်ကြောင်း လည်းသိရသည်။
အဆိုပါ အရပ်တွင် ဗမာစား သောက်ဆိုင် အနည်းဆုံး ၇ ဆိုင်ရှိပြီး အရက်ကို အဓိက
သောက်သုံးသူမှာ ချင်းလူမျိုး တွေဖြစ်ကြောင်းလည်း the one star Journal တွင်
ဆက်လက် ဖော်ပြထားသည်။
ဒေါက်တာမျိုးချစ်
မူးရင်ဆိုဒ်

0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com