22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Friday, August 24, 2012

မိမိသည် ဗန်ပါစီ နေရာ အစား ထိုးမည့်သူ မဟုတ်ဟု ဂီရော့ဒ် ပြောကြား

မိမိကို ရော်ဘင် ဗန်ပါစီ အနေဖြင့် ရှုမြင်ခြင်း မပြုပါရန် အာဆင်နယ် ပရိသတ်များအား တိုက်စစ်မှူးသစ် အိုလီဗီရာ ဂီရော့ဒ်က တောင်းဆိုလိုက်သည်။

ပြီးခဲ့သည့် ဘောလုံးရာသီက အထူးခြေစွမ်းပြ ကစားခဲ့သည့် ဗန်ပါစီ မန်ချက်စတာ ယူနိုက်တက် အသင်းသို့ ပြောင်းရွှေ့သွားပြီးနောက် မွန့်ပယ်လီယေး အသင်းမှ ပြောင်းရွှေ့လာသူ ပြင်သစ် လက်ရွေးစင်အား အာဆင်နယ် ပရိသတ်က အထူးတလည် မျှော်လင့်နေကြသည်။ သို့သော်လည်း မွန့်ပယ်လီယေးအသင်း ပြင်သစ် ချန်ပီယံ ဖြစ်လာစေရန် လိဂ်ဂိုး(၂၀) သွင်းယူပေးခဲ့သည့် ကစားသမားက မိမိသည် ဗန်ပါစီ နေရာကို အစား ထိုးပေးရန် အတွက် အာဆင်နယ်သို့ ပြောင်းရွှေ့လာခြင်း မဟုတ်ဟု ၎င်း၏ သဘောထားအား ရှင်းရှင်းလင်းလင်း ပြောကြားသွားသည်။



အသက်(၂၅)နှစ်ရှိ ဂီရော့ဒ်က "ကျွန်တော်ဟာ ဒီအသင်းမှာ ဗန်ပါစီအတွက် အစားထိုးခံ မဟုတ်ပါဘူး။ လူတွေ သူ့ကိုမေ့သွားစေဖို့ ကျွန်တော့်ကို မျှော်လင့်နေတာမျိုး မဖြစ်သင့်ပါဘူး။ ကျွန်တော်ဟာ အာဆင်နယ်ကို ကွဲပြားခြားနားတဲ့ အရာတစ်ခုအတွက် ရောက်လာတာပါ။ ကျွန်တော်က ဗန်ပါစီ နေရာကို အစားထိုးပေးပါမယ် ဆိုတာမျိုး ဟန်ဆောင်ပန်ဆောင်လည်း မပြောနေချင်ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ သူ့ကို ကျွန်တော် လေးစားမှု ရှိလို့ပါ။ ပြီးခဲ့တဲ့ ရာသီက ဗန်ပါစီ အတွက် သိပ်ကို ခမ်းနား လွန်းခဲ့ပါတယ်" ဟု ပြောဆိုခဲ့သည်။

ကျွန်တော်ဟာ ဒီအသင်းမှာ ဗန်ပါစီအတွက် အစားထိုးခံ မဟုတ်ပါဘူး။ လူတွေ သူ့ကိုမေ့သွားစေဖို့ ကျွန်တော့်ကို မျှော်လင့်နေတာမျိုး မဖြစ်သင့်ပါဘူး။ ကျွန်တော်ဟာ အာဆင်နယ်ကို ကွဲပြားခြားနားတဲ့ အရာတစ်ခုအတွက် ရောက်လာတာပါ.
၎င်းက ဆက်လက်၍ "ကျွန်တော် ခုချိန်မှာ အသင်းအတွက် အသင့်ဖြစ်နေပြီလို့ ခံစားရပါတယ်။ ခုချိန်မှာ ကျွန်တော် တာဝန်ယူချင်တာက အာဆင်နယ် ပရိသတ်တွေ ပါးစပ်ဖျားမှာ 'ဒါပဲ။ ငါတို့မှာ အိုလီဗီရာ ရှိနေပြီကွ'လို့ ကြွေးကြော်နေနိုင်ဖို့ပါ။ ဗန်ပါစီ အသင်းက ထွက်ခွာ သွားတာက ကျွန်တော့်အတွက် အခွင့်အလမ်းကောင်း တစ်ခု ဖြစ်လာစေတယ် ဆိုတာကတော့ အမှန်ပါပဲ" ဟုလည်း သုံးသပ် သွားခဲ့သည်။
Ref: The Sun
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )