22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Friday, August 24, 2012

မောင်တောတောင်ပိုင်း ကိုင်းကြီးတွင် ဆူပူလိုသူများကို စစ်တပ်က သေနတ် ပစ်ဖေါက် လူစုခွဲခဲ့ရ

မောင်တောမြို့နယ် တောင်ပိုင်း ကိုင်းကြီးရွာတွင်
 ဆူပူ အကြမ်းဖက်ရန် ကြိုးစားခဲ့ကြသော လူအုပ်စု
တစ်ခုကို စစ်တပ်က သေနတ် မိုးပေါ်ထောင်ပစ်ကာ
လူစုခွဲခဲ့ရသည်ဟု ဒေသခံများက ပြောသည်။

မောင်တောမြို့နယ်တွင် ရခိုင်ကျေးရွာများ မီးရှို့ခံနေရစဉ်။

“ဖြစ်တာက ဒီလ ၁၈ ရက်နေ့ ညနေမှာ ဖြစ်ပွားတာပါ။ ကိုင်းကြီးရွာမှာ ဘုန်းတော်ကြီးကျောင်းကို မီးရှို့ခံရတဲ့ ဓါတ်ပုံတွေ ပြသထားတဲ့ နေရာကို သြဂတ်စ်လ ၁၇ ရက်နေ့ ညဥ့်က ၀င်ရောက် ဖျက်ဆီး သွားခဲ့ပါတယ်။
 နောက်တစ်နေ့  ၁၈ ရက်နေ့ ညနေမှာ ကင်းပုန်း ၀ပ်နေတဲ့ အခါ ရွာနားကို ကပ်လာတဲ့ မွတ်ဆလင် ဘင်္ဂလီ (၃) ဦးကို စစ်တပ်က ဖမ်းမိပါတယ်။ အဲသလို ဖမ်းဆီးတဲ့ နောက်ပိုင်း ဇော်မတက် ရွာက ဘင်္ဂလီတွေ ၀ိုင်းလိုက်လာတဲ့ အတွက် စစ်တပ်က သေနတ် သုံးလေးချက် မိုးပေါ်ထောင်ပစ်ပြီး လူစုခွဲလိုက်ရပါတယ်” ဟု ဒေသခံ တစ်ဦးက ပြောသည်။

ဓါတ်ပုံများမှာ ကိုင်းကြီးကျေးရွာ ဘုန်းတော်ကြီးကျောင်းအား  မီးရှို့ ဖျက်ဆီးခံခဲ့ရသည့် ပုံများ ဖြစ်ပြီး နိုင်ငံတော် အကြီးအကဲများနှင့် နိုင်ငံခြားမှ ဧည့်သည်များ လာရောက်သော အခါ ကြည့်ရှု့နိုင်ရန် ရွာလမ်းထိပ် အဆောက်အအုံတစ်ခုတွင် ပြသထားသော ဓါတ်ပုံများ ဖြစ်ကြောင်း  ရွာသားက ဆိုသည်။


“ သူတို့ ဒီလို ဓါတ်ပုံတွေကို ပြသထားတာကို မကြိုက်တဲ့ အတွက် ၀င်ရောက် ဖျက်ဆီးတာ ဖြစ်ပါတယ်။ လုံခြုံရေး ယူထားတဲ့ စစ်တပ်က ၁၈ ရက်နေ့ မနက်မိုးလင်းမှ ဖျက်ဆီးခံရတာကို သိပါတယ်။ နောက်တစ်နေ့ ညဥ့်မှာ စစ်တပ်က ရွာအ၀င် ကင်းပုန်းဝပ်တော့ ရွာထဲ ၀င်လာတဲ့ ဘင်္ဂလီ လူမျိုး သုံးဦးကို မိပါတယ်။

 အခုတော့ သူတို့ကို ရဲလက်ထဲ လွဲပေးလိုက်ပြီ ဖြစ်ပါတယ်” ဟု ဆိုသည်။

အလားတူ မောင်တောတောင်ပိုင်း အလယ်သံကျော် အနီး ဥဒေါင်းရွာတွင်လည်း သြဂတ်စ်လ ၁၇ ရက်နေ့က နစက တာဝန်ရှိသူ တစ်ဦးကို ဖမ်းဆီးရန် အလိုရှိနေသူ ၀ရမ်းပြေး တစ်ဦးက ဓါးနှင့် ခုတ်သဖြင့် သေနတ် ပစ်ခတ်မူ ဖြစ်ပွားခဲ့သည်။


“သြဂတ်စ်လ ၁၇ရက်နေ့ ညဥ့် ၁၂နာရီခန့်မှာ ဥဒေါင်း ဘင်္ဂလီရွာကို နစက ဗိုလ်လေးလို့ လူသိများတဲ့ ဒုရဲအုပ် ဖြိုးဝေအောင် တပ်ဖွဲ့က ပဋိပက္ခအတွင်းက အကြမ်းဘက်၊ မီးရှို့ရာမှာပါတဲ့ ဆော်လီမူလာကို သတင်းအရ ဖမ်းဖို့သွားပါတယ်။ အိပ် နေတဲ့ ဆော်လီကို လက်နဲ့ လှမ်းနှိုး လိုက်တော့ အသင့် အိပ်ရာဘေးမှာ ချထားတဲ့ ဓါးနဲ့ ထပြီး ဓါးနဲ့ လှမ်းခုတ်တာပါ။

 နစ ကဗိုလ်လေး လက်မောင်းကို ထိသွားပါတယ်။ ပါလာတဲ့ သူတွေက  သေနတ်နဲ့ ပစ်ခတ်ဖမ်းဆီးတော့ ဆော်လီမူလာမှ လက်မောင်းမှာ ဒဏ်ရာ ရရှိသွားပါတယ်” ဟု ပြောသည်။
နစက ဗိုလ်အား ဓါးနှင့် ခုတ်သူ ဆော်လီမူလာ ( ဓါတ်ပုံ- မောင်ကျောက်ခဲ – မြန်မာပြည်)

အခင်း ဖြစ်ပွားပြီးနောက် ဒုရဲအုပ် ဖြိုးဝေအောင်နှင့် ဆော်လီမူလာတို့ကို ဆေးရုံသို့ ပို့ပေးခဲ့ရပြီး ဆော်လီမူလာအား ယခုအခါ ဖမ်းဆီးထားကြောင်း သိရသည်။ ဖြိုးဝေအောင်တွင် ၀ဲဘက်
လက်မောင်းတွင် ၂ လက်မခန့် ဒဏ်ရာ ရရှိသွားကြောင်း  သိရသည်။
ဗိုလ်ကလေးခေါ် ဖြိုဝေအောင် (ဓါတ်ပုံ- မောင်ကျောက်ခဲ- မြန်မာပြည်)

လက်ရှိ မောင်တော တောင်ပိုင်း အခြေအနေမှာ အေးချမ်းနေပြီး စစ်တပ် တပ်ရင်း (၂) ခု မှ လုံခြုံရေးကို တာဝန် ယူထားပြီး  မီးရှို့ခံထားရသော ကျေးးရွာများမှ နေအိမ်များကို ၀ိုင်းဝန်း ဆောက်ပေးနေကြကြောင်း ကျေးရွာသားများက ပြောသည်။

မောင်တော မြို့နယ် တောင်ပိုင်း သရေကုန်ဘောင်တွင် မွတ်ဆလင် ဗလီများနှင့် ဘာသာရေး ကျောင်းတစ်ခုအား စစ်တပ်နှင့် နတလ ရွာသားများက သြဂတ်စ်လ ၂၂ ရက်နေ့က ဖြိုဖျက်လိုက်ကြောင်း ပြည်ပ အခြေစိုက် သတင်းဌာန တစ်ခုတွင် ဖေါ်ပြထားမူနှင့် ပတ်သက်ပြီး ကျေးရွာ သားများအား မေးမြန်းရာ အဆိုပါ သတင်းမှာ လုံးဝ မဟုတ်မှန်ကြောင်းနှင့် မည်သူမျှ ဖျက်ဆီးခြင်း မရှိကြောင်း ပြောကြားသွားသည်။



နိရဉ္စရာ
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )