22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Tuesday, May 15, 2012

မြရွှေဝါကုမ္ပဏီကို ဥပဒေကြောင်းအရရင်ဆိုင်မည်ဟု ဒဂုံဆိပ်ကမ်းလယ်သမားများဆို

မေလ ၁၄ ရက်၊ ၂၀၁၂ ခုနှစ်-ကျော်စိုးလင်း (YPI)

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ သန်လျင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သန်းဦးပိုင် မြရွှေဝါကုမ္ပဏီ၏ လယ်မြေသိမ်းယူခြင်းကိုခံထားရသော ဒဂုံဆိပ်ကမ်းမြို့နယ်မှ လယ်သမားများအနေဖြင့် ထိုကုမ္ပဏီအား ဥပဒေကြောင်းအရ ရင်ဆိုင်သွားမည်ဖြစ်ကြောင်း  ယင်းလယ်သမားများအရေး ဆောင်ရွက်နေသူက ပြောသည်။

ယင်းလယ်သမားများအရေးဆောင်ရွက်ပေးနေသူတစ်ဦးဖြစ်သည့် ဦးမောင်မောင်က “ ခုအချိန်မှာ အချို့လယ်သမားတွေ လယ်စလုပ်နေပြီ။ ကုမ္ပဏီက အနှောင့်အယှက်ပေးလာရင် ဥပဒေကြောင်းအရ ဖြေရှင်းသွားမယ်။ဒီကိစ္စကို ဒဂုံဆိပ်ကမ်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ကိုလည်း တိုင်ထားတယ် ” ဟုပြောသည်။

လယ်သမားများဘက်မှ ဆောင်ရွက်သူ အခြားရှေ့နေဦးဖြစ်သည့် ဦးအောင်သိန်းကလည်း လယ်ယာမြေအမှုများမှာ တရားစွဲဆိုရန်အခွင့်အရေး နည်းပါးသော်လည်း လယ်သမားများပိုင် လယ်ယာမြေများအား ကုမ္ပဏီမှ ၀င်ရောက် လုပ်ကိုင်လာပါက တရားရုံးမှတဆင့် တားဝရမ်း ထုတ်ပေးရန်အတွက် ကြိုးပမ်းသွားမည်ဖြစ်ကြောင်းပြောသည်။

မြရွှေဝါကုမ္ပဏီဘက်မှလည်း ၎င်းတို့အနေဖြင့် လယ်ယာမြေများကို စတင် လုပ်ကိုင်တော့မည်ဖြစ်ပြီး နှောက်ယှက်ပါက ကာကွယ်ပေးရန်အတွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးများအား ပြောကြားထားသည်ဟု လယ်သမားတစ်ဦးဖြစ်သည့် ဦးမောင်မြင့်ကပြောသည်။

“ သူတို့ဘက်က အာဏာသုံးပြီးလုပ်မယ့်ပုံစံရှိတယ်ဗျ။ ကျွန်တော်တို့က လယ်သမားတွေဆိုတော့ သူတို့နဲ့ ငွေအားလည်းမယှဉ်နိုင်ဘူး။ ဥာဏ်အားလည်းမယှဉ်နိုင်ဘူး ” ဟု၎င်းကပြောသည်။

ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်ရှိ ဓနိခြံ ၇၄၉ ဧကအား ၂၀၀၈ ခုနှစ်က မြို့ရွာနှင့်အိုးအိမ်ဝန်ကြီးဌာနမှ သိမ်းယူခဲ့ကြောင်း၊ ထို့နောက် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး ယင်းဝန်ကြီးဌာနမှတဆင့် မြရွှေဝါကုမ္ပဏီသို့ လုပ်ပိုင်ခွင့်ချထားပေးခဲ့ခြင်းဖြစ်ကြောင်း လယ်သမား များ၏ ပြောဆိုချက်အရ သိရသည်။

မြရွှေဝါကုမ္ပဏီအနေဖြင့် ယခုလ ၁၁ ရက်နေ့က လယ်သမားများအား ခေါ်ယူ၍ တွေ့ဆုံခဲ့ကြောင်း ယင်းသို့ တွေ့ဆုံရာတွင် လယ်သမားများအနေဖြင့် မိမိတို့ ကုမ္ပဏီနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်ရန် သို့မဟုတ် လျော်ကြေးအဖြစ် တစ်ဧကလျှင် ကျပ် နှစ်သိန်းခွဲရယူရန်ပြောခဲ့ကြောင်း ကျီစုရွာမှ လယ်သမားများက ဆိုသည်။

လယ်သမားတစ်ဦးဖြစ်သည့် ဦးမောင်မြင့်က “ ကျွန်တော်တို့က လျော်ကြေးလည်း မလိုချင်ဘူး။ အကျိုးတူလည်း မလုပ်ချင်ဘူး။ ကိုယ့်လယ်ပဲ ကိုပြန်လိုချင်တာ။ လယ်ကိုပဲ သံယောဇဉ်ရှိတယ်” ဟုပြောသည်။

လယ်မြေအသိမ်းခံရသော လယ်သမားများအနေဖြင့် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ထံသို့ တိုင်ကြားစာ သုံးကြိမ်တိုင်တိုင် ပေးပို့တိုင်ကြားခဲ့သော်လည်း ယခုအချိန်ထိ ထူးခြားမှုမရှိသေးကြောင်း လယ်သမားများက ပြောသည်။
 Yangon Press International
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )