22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Monday, May 28, 2012

ကလေးမြို့တွင် ထွန်းသွင်ကုမ္ပဏီမှ ဘိလပ်မြေစက်ရုံတည်ဆောက်မည်

ကလေးမြို့တွင် ထွန်းသွင်ကုမ္ပဏီမှ ဘိလပ်မြေစက်ရုံတည်ဆောက်သွားရန်
စီစဉ်နေကြောင်း ဒေသခံများထံမှ သိရသည်။ စက်ရုံတည်ဆောက်မည့်နေရာမှာ
ကလေးမြို့နယ် အင်ဒိုင်းကြီးရွာနှင့် ပေ(၃၅၀၀) ခန့်ရှိ
ထုံးကျောက်တောင်နေရာတွင်ဖြစ်ပြီ
း ကုမ္ပဏီမှ တာဝန်ရှိသူများ၊
ခရိုင်စိုက်ပျိုးရေးလုပ်ငန်း၊ မြို့နယ်မြေစာရင်းဦးစီးဌာန၊
ကျေးရွာအုပ်ချုပ်ရေးမှူးတို့မှ ကွင်းဆင်းစစ်ဆေးခဲ့ကြပြီး လုပ်ကွက် ဧရိယာ
(၂၀၀၀)ခန့်ရှိကြောင်း သိရသည်။

၎င်းစက်ရုံနယ်နိမိတ်အတွင်းတွင် တောရိုင်းမြေနှင့် သစ်တောကြိုးဝိုင်းမြေ
ဧက (၁၀၀၀)ခန့် ပါဝင်နေပြီး အင်ဒိုင်းကြီးနှင့် အင်ဒိုင်းလေးကျေးရွာတို့မှ
တောင်သူ (၄၀)ဦးတို့၏ စိုက်ပျိုးမြေ (၄၆)ဧကလည်း ပါဝင်နေကြောင်း သိရသည်။

( ဒီထုံးကျောက်တောင်ကို အမှီပြုပြီး ဒီဒေသခံတွေက
ထုံးလုပ်ငန်းတွေလုပ်ကိုင်နေတာရှိတယ်။ ကုမ္ပဏီက
ဝင်ပြီးလုပ်ကိုင်မယ်ဆိုရင်တော့ ဒေသခံတွေအတွက် အလုပ်တွေ
ပျောက်သွားနိုင်တာပေါ့။) ဟု အင်ဒိုင်းကြီးရွာသားတစ်ဦးမှ ပြောခဲ့သည်။

မြို့နယ်သစ်တောဌာနမှ တာဝန်ရှိသူတစ်ဦးကလည်း ( အစ်ကိုတို့ဌာနက သူတို့
ကုမ္ပဏီ)ရဲ့ ဆန္ဒအတိုင်း လုပ်ပေးရတာပါ။
မလုပ်နဲ့လို့တားပိုင်ခွင့်မရှိပါဘူး။ သူတို့ရဲ့ လုပ်ကွက် ဧရိယာထဲမှာတော့
စီးပွားဖြစ် အပင်ကြီးတွေ မရှိပါဘူး။ အပင်ငယ်တွေပဲ ရှိပါတယ်) ဟု
ပြောခဲ့သည်။

( စက်ရုံဆောက်တာ ကောင်းပေမယ့် ဒီဒေသရဲ့ သဘာဝပတ်ဝန်းကျင်ပျက်စီးမယ်။
အထင်ရှားဆုံးက တောင်ကြီးပျောက်သွားမယ်။ အနီးအနားက ကျေးရွာတွေအတွက်
သဘာဝဘေးအန္တရာယ်တွေ ဖြစ်ပေါ်မှု ပိုများလာမယ်။
ကာကွယ်နိုင်စွမ်းအားနည်းသွားမယ်။) ဟု
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများ လုပ်ကိုင်နေသူတစ်ဦးက
ပြောပြခဲ့သည်။

တောင်သူများ၏ စိုက်ပျိုးမြေများအတွက် လျော်ကြေးငွေများ ပေးသွားမည်ဟု
သိရပြီး တရားဝင်သတ်မှတ်ထားသော လျော်ကြေးနှုန်းထားများ မရှိသေးကြောင်းလည်း
သိရသည်။ နိုင်ငံအ၀ှမ်း ဘိလပ်မြေစက်ရုံတည်ဆောက်လုပ်ကိုင်ခွင့်ရရှိထားသော
ကုမ္ပဏီများမှာ ထွန်းသွင်ကုမ္ပဏီအပါအ၀င်
 ( ၂၁ ) ခုခန့်ရှိပြီး လည်ပတ်နေသော ဘိလပ်မြေစက်ရုံပေါင်းမျာ
(၁၄)ရုံရှိသည်ဟု သိရသည်။

မောင်မောင်(ကလေး)
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )