22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Monday, May 28, 2012

မသမာသည့် ပညာရေးဝန်ထမ်းများအား အချိန်မဆိုင်း ထိရောက်စွာအရေးယူသွားမည်

ယခုနှစ်ကျောင်းဖွင့်ချိန်တွင် တရားမ၀င်ငွေကြေးကောက်ခံခြင်း၊ ကျောင်းဝင်ကြေးများပိုမိုကောက်ခံခြင်း အစရှိသည်တို့ကိုပြုလုပ်သည့် ပညာရေးဝန်ထမ်းများအား ထိရောက်စွာအရေးယူသွားမည်ဟု ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြအေးကပြောသည်။

မေလ(၂၇)ရက်နေ့က အဆင့်မြင့်ပညာဦးစီးဌာန အစည်းအဝေးခန်းမတွင်ပြုလုပ်သော အဆင့်မြင့်ပညာဦးစီးဌာန(အောက်မြန်မာပြည်)မှ တာဝန်ရှိသူများနှင့် တွေ့ဆုံပွဲအပြီးတွင်စာနယ်ဇင်းများ၏ မေးမြန်းမှုကို ၀န်ကြီးက ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။
"ယူတဲ့သူ အရေးယူမယ်။ တစ်ခါတည်းပြောထားပြီးသား။ နယ်အဝေးကိုပို့မယ်၊ ဖြုတ်သင့်ရင်ဖြုတ်မယ်။ ဆင်းရဲနွမ်းပါးမှုလျော့ကျရေးလုပ်နေတဲ့အချိန်မှာ ဒါမျိုးယူရင် အရေးယူမယ်။ ညွှန်ချုပ်တွေကိုလဲပြောပြီးသား။ တိုင်းပညာရေးမှူးတွေ၊ မြို့နယ်ပညာရေးမှူးတွေ၊ ကျောင်းအုပ်ကြီးတွေကိုလဲပြောပြီးသား။ ဒါမျိုးလုပ်တာတွေကို ကျွန်တော့်ဆီကို တိုက်ရိုက်တိုင်နိုင်တယ်။ တိတိကျကျသိရင်တိုင်ပါ"ဟု ပြည်ထောင်စုဝန်ကြီးကပြောသည်။

ဝန်ကြီးထံသို့ တိုင်စာများရောက်ရှိသည့်အနက် အချက်အလက်မမှန်ကန်သည့် ပစ်စာများလည်းပါဝင်နေကြောင်း၊ ထိုသို့သော ပစ်စာများမှာမူ ပုဂ္ဂိုလ်ရေးဆိုင်ရာမကြေနပ်မှုများကြောင့်ဖြစ်နိုင်ပြီး ခိုင်လုံတိကျသည့် အချက်အလက်များပါဝင်မှုမရှိသဖြင့် အရေးယူရန်မဖြစ်နိုင်ကြောင်း ပြည်ထောင်စုဝန်ကြီးကထပ်လောင်းပြောကြားသည်။
"အထောက်အထားခိုင်လုံရင် စာနဲ့သာတိုင်ပါ။ စာတွေက ကျွန်တော့်ဆီရောက်ပါတယ်။ လက်ရှိကို အရေးယူနေတာတွေလဲရှိပါတယ်။ ဟုတ်တာဆိုရင်၊ စစ်ဆေးလို့ပေါ်ရင်တော့ ကျွန်တော်တို့က အရေးယူမှာပဲ။ ကျွန်တော်တို့ အချိန်မဆိုင်းအရေးယူမယ်။ ကျူးလွန်တဲ့အပြစ်ပေါ်မူတည်ပြီးတော့ လိုအပ်သလိုအရေးယူမယ်"ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြအေးကပြောပါသည်။

Popular Myanmar News Journal
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )