ပြည်သူလူထုအတွက် ဘ၀တွေ ပေးဆပ်ခဲ့ကြသူတွေ ချီးမြှင့်လေ့ရှိသည့် အညတရသူရဲကောင်း ဆုရှင် ၅ ဦးစာရင်းကို ဂျပန် နိုင်ငံရောက်မြန်မာများ ဖွဲ့ထားသည့် အညတရ သူရဲကောင်းဆု ကော်မတီက ကြေညာခဲ့ကြောင့် ဒီဗွီဘီ သတင်းတွင် ဖေါ်ပြထားသည်။အညတရသူရဲကောင်း ဆုရှင် ၅ ဦးမှာ ဆရာတော် ဦးခေမာစာရ (ခ) ကိုချမ်းသာ၊ ကိုလ က်ျာထွန်း၊ ကပ်ခန့်ခွာ (ခ) ကိုအန်ထော်နီနှင့် မလှလှမော် တို့ဖြစ်ကြသည်။
ယင်း(၅)ဦးထဲမှ တာန်အန်ထော်နီကပ်ခန့်ခွါလ်သည် ဇိုမီး(Zomi)အမျိုးသားတဦးဖြစ်ပြီး သူ့ကို ၂၀၀၇ ခုနှစ် ရွှေဝါရောင်အရေးခင်း၌ ပါဝင်လှုပ်ရှားမူကြောင့် ဖမ်းဆီးခြင်းခံထားကာ ၂၀၁၂ ဇန်နဝေါ်ရီလတွင် သမ္မတ၏ လွတ်ငြမ်းချမ်းသာခွင့်ကြောင့် လွှတ်မြောက်လာခဲ့သည်။
သူသည် ဇိုမီးအမျိုးသားကွန်ဂရက်ပါတီ၏ ပါတီလူငယ်ခေါင်းဆောင်တဦးလည်းဖြစ်ကြောင့် သိရသည်။
၎င်းဆုများအား ဇွန် ၁၉ ရက်နေ့တွင်ကျရောက်မည့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၆၇ နှစ်မြောက် မွေးနေ့ (မြန်မာအမျိုးသမီးများနေ့) အခမ်းအနား၌ ပေးအပ်ချီးမြှင့်မည်ဖြစ်ကြောင့် သိရသည်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (ရုံးချုပ်)တွင် ကျင်းပမည့် ဒီဆုချီးမြှင့်ပွဲ ကျင်းပချိန်၌ ဒေါ်အောင်ဆန်းစုကြည် ပြည်ပခရီးထွက် နေချိန်ဖြစ်သည့်အတွက် သူ့ကိုယ်စား ပါတီ နာယက အဖွဲ့ဝင်များဖြစ်သည့် သူရ ဦးတင်ဦးနှင့် ဟံသာဝတီ ဦးဝင်းတင် တို့က ဦးဆောင် ချီးမြှင့်သွားမည်ဖြစ်ကြောင့် ဖေါ်ပြထားသည်။
ဆုရှင်တဦးအတွက် ဆုငွေ ကျပ် ၁၀သိန်း နှင့်အတူ ဆုတံဆိပ်တခုကိုပါ ပေးအပ်ချီးမြှင့်မည်ဖြစ်ပြီး ယခုအကြိမ်ဆုချီးမြင့်ခြင်းသည် တတိယ အကြိမ်မြောက် ဆုချီးမြှင့်ခြင်းဖြစ်ကြောင့်လည်း ဒီဗွီဘီ သတင်းက ဖေါ်ပြထားသည်။

5:57 PM
Admin

Posted in: 

0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com