22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Monday, May 28, 2012

ကမာရွတ် လှည်းတန်း တွင် မိန်းကလေး ၂ ဦးကို ဓါတ်ဆီလောင်း မီးရှို့မှုဖြစ်ပွား

မေလ ၂၇ ရက်၊ ၂၀၁၂ ခုနှစ်၊ သူရမျိုး (YPI)

ယနေ့ညနေ ၆ နာရီကျော်က ကမာရွတ်မြို့နယ် လှည်းတန်း ၇ လမ်း ၅ လွှာတွင် ငှားရမ်းနေထိုင်သည့် ညီအမနှစ်ဦးအား လွင်ဦးဆိုသူ လူငယ်တဦးက ဓါတ်ဆီလောင်းမီးရှို့မှု ဖြစ်ပွားသဖြင့် ဒဏ်ရာရရှိသူ မိန်းကလေး ၂ ဦးကို ရန်ကုန်ဆေးရုံကြီးသို့ တင်ပို့လိုက်ရသည်ဟု သိရှိရသည်။

ဒဏ်ရာရရှိသွားသူ ၂ ဦးမှာ နယ်မှ ရန်ကုန်တွင် အခန်းငှားလာရောက်နေထိုင်လျှက်ရှိသူ မအိမြတ်မွန် (၂၇ နှစ်) နှင့် ၎င်း၏ ညီမဖြစ်သူ မအေးမွန်တို့ဖြစ်ပြီး မအိမြတ်မွန်မှာ မီးလောင်ဒဏ်ရာများပြားသည်ဟု လည်းသိရသည်။
ယခုလိုဖြစ်ပွားရခြင်း အကြောင်းရင်းကို စုံစမ်းဆဲဖြစ်ပြီး ထပ်မံသိရှိရလျှင်ရခြင်း တင်ပြပေးသွားပါမည်။

ယနေ့ညနေ ၆ နာရီဝန်းကျင်က လှည်းတန်း ၇ လမ်းရှိ တိုက်ခန်းတခန်းတွင် မိန်းကလေး ၂ ဦးကို ဒဏ်ရာ ရရှိစေခဲ့သည့် ဓါတ်ဆီလောင်း မီးရှို့သူအား ဖမ်းဆီးရမိထားပြီဟု ယင်းလမ်းတွင်နေထိုင်သူများကပြောသည်။

အခင်းဖြစ်ပွားစဉ် ဆရာဝန်တဦးဖြစ်သူ မအိမြတ်မွန်အား ရည်းစားဖြစ်သူက ဓါတ်ဆီလောင်းကာ မီးရှို့ခဲ့ရာမှ မအိမြတ်မွန်မှာ တကိုယ်လုံး ဒဏ်ရာရရှိသွားပြီး ညီမဖြစ်သူမှာ ခြေထောက်တွင် မီးလောင်ဒဏ်ရာရရှိခဲ့သည်ဟု အိမ်နီးချင်းများက ပြောသည်။
မအိမြတ်မွန်ကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ကုသလျှက်ရှိပြီး မီးလောင်ဒဏ်ရာရထားသော်လည်း သတိမေ့ခြင်းမရှိဟုလည်း မျက်မြင်တွေ့ရှိသူတဦးက ပြောသည်။
ယခုအဖြစ်အပျက်နှင့် ပတ်သက်၍ ရန်ကုန်တိုင်း မီးသတ်ဋ္ဌာနသို့ ဆက်သွယ်မေးမြန်းရာတွင် သတင်းထုတ်ပြန်ချက်ကို မနက်ဖြန် နံနက်တွင်မှ လာရောက်ရယူနိုင်ကြောင်း ဖြေကြားခဲ့သည်။ ။
Yangon Press International
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )