22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Monday, May 28, 2012

အသင်းပိုင်မြေကွက်ပေါ်ကန်ထရိုက်တိုက်ဆောက်လုပ်နေခြင်း အပေါ် အသင်းသားများ ဆန္ဒဖေါ်ထုတ်

မေလ ၂၇ ရက်၊ ၂၀၁၂ ခုနှစ်၊ သူရမျိုး (YPI)

အသင်းပိုင်မြေကွက်ပေါ်တွင် အသင်းသားများကိုအသိမပေးဘဲ ကန်ထရိုက်တိုက်ဆောက်လုပ် ခြင်းအပေါ် ကျေနပ်မှုမရှိသဖြင့် ယနေ့ နေ့လည်၁၂ နာရီ က စမ်းချောင်းမြို့နယ် ကျွန်းတောလမ်း အမှတ် (၇၀/၇၂) ရှိကန်ထရိုက်တိုက်ရှေ့တွင်  သမအသင်းသားများ ဆန္ဒဖေါ်ထုတ်ခဲ့သည်။


"ဒီအဆောက်အဦးကိုဘယ်သူ့အမိန့်နဲ့ဆောက်လုပ်သွားတာလဲသိချင်တယ် "ဟု သမအသင်းသားတစ်ဦး ဖြစ်သူကိုတင်ထက်ကို က ပြောသည်။


အဆိုပါကန်ထရိုက်တိုက်အား ပန်းချယ်ရီဆောက်လုပ်ရေးမှ တာဝန်ယူတည်ဆောက်ခဲ့ခြင်း ဖြစ်ပြီး  ယခုလူနေထိုင်ခွင့်ရရှိရန် အတွက် အသင်းသားများအားလက်မှတ်ထိုးပေးရန် မြို့နယ်သမ၀ါယမ ဦးစီးမှုးက ခေါ်ယူရာမှ ပြေလည်မှု မရရှိဘဲ ယခုကဲ့သို့ ဆန္ဒဖော်ထုတ်ကြခြင်း ဖြစ်သည်။


စမ်းချောင်းမြို့နယ် သမ၀ါယမ ဦးစီးအရာရှိ ဦးအေးဝင်းက " အထက်ကလုပ်တာ၊ တိုင်လို့ ၀န်ကြီးတို့ တိုင်းမှုးတို့လာမှ ရှင်းကြ၊ ကျွန်တော်တို့အဆင့်နဲ့က ရှင်းလို့မရဘူး "ဟုပြောသည်။


စမ်းချောင်းမြို့နယ် ကျွန်းတော သမ၀ါယမ အသင်းအား ၁၉၄၇ ခုနှစ်တွင် အစုရှယ်ယာတစ်စုလျှင် တစ်ကျပ်နှုန်းဖြင့် စတင်ဖွဲ့စည်းခဲ့ပြီး အသင်းသားများ ၏ အစုရှယ်ယာငွေဖြင့် အဆိုပါမြေကွက်အား ၀ယ်ယူခဲ့ခြင်းဖြစ်သည်။

 

ကန်ထရိုက်တိုက်ဆောက်လုပ်ခြင်းကို မကျေနပ်၍ ဆန္ဒဖေါ်ထုတ်သူ စမ်းချောင်းမြို့နယ် ကျွန်းတော သမအသင်းသားများ

 Yangon Press International
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )