22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Monday, May 28, 2012

ဖားကန့်အထိ တိုက်ပွဲများရောက်ရှိ၊ ဝိုင်းမော်တွင် KIOတပ်သားစုနေ၍ ကျောင်းတက်ရန်အခက်အခဲဖြစ်လာ

မိုးညှင်းခရိုင်တွင်း ကေအိုင်အိုနှင့် မြန်မာစစ်တပ်တို့အကြား တိုက်ပွဲများဖြစ်ပွားနေမှုကြောင့် ဒေသခံများ အိုးအိမ် စွန့်ခွာထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။

ဖားကန့်မြို့၊မှော်မုံတွင် ကေအိုင်အိုနှင့် မြန်မာအစိုးရတပ်များအကြား မေလ (၂၇) ရက်ညနေက စစ်ပွဲများ ဆက် တိုက်ဖြစ်ပွားနေခြင်းကြောင့် စစ်ပြေးဒုက္ခသည် (၅၀)ဦးခန့် မှော်မုံနှစ်ခြင်း ဘုရားကျောင်းတွင်းသို့ လာရောက် ခို လှုံ့နေကြောင်း သင်းအုပ်ဆရာတစ်ဦးက ပြောသည်။ ထို့အပြင် တံတားညီနှောင်တွင်လည်း   မေလ(၂၅)မှ (၂၆) နေ့အထိ အစိုးရပ်တပ်နှင့် ကေအိုင်အိုတို့အကြား (၁)ရက်ကြာတိုက်ပွဲဖြစ်ပွားခဲ့သည်။

ဆားမှော်မြို့တွင် ပြီးခဲ့သည့် အပတ်အတွင်းက တိုက်ပွဲများပြင်းထန်စွာ ဖြစ်ပွားခဲ့ခြင်းကြောင့် မိုးကောင်းမြို့နယ် မခေါင်ရပ်ကွက်နှင့် နှစ်ခြင်းဘုရားကျောင်းဝင်းတွင် စစ်ပြေးများဒုက္ခသည်(၃၀၀)ကျော် ဝင်ရောက်လာကြောင်း ဒုက္ခသည်များအား ကူညီတာဝန်ယူပေးသည့် သင်းအုပ်ဆရာတစ်ဦးက ဆိုသည်။

အင်းတော်ကြီးဒေသတခွင်ဖြစ်သော ညောင်ပင်၊ အောင်ဂျာ၊ လဂတ်ယန်၊ အောင်ပျော်ယန်များမှ ပြည်သူများ အနေဖြင့် မေလ (၂၆)ရက်နေ့က အင်းတော်ကြီးဒေသ၊ နန်မွန်းနှစ်ခြင်းအသင်းတော်ဘုရားကျောင်းသို့ စစ်ပြေး ဒုက္ခသည်(၇၈)ဦး ပြောင်းရွှေ့လာကြောင်း KIO ဘက်က ပြောဆိုချက်များအရ သိရသည်။

ကချင်လွတ်မြောက်ရေးအဖွဲ့(KIO)က တပ်သားစုဆောင်းနေခြင်းကြောင့် ဝိုင်းမော်မြို့နယ် ဆံဒုံ၊ ကန်ပိုင်တီ ကားလမ်းမ တစ်လျှောက်ရှိ ကျေးရွာများတွင် ကျောင်းသား/သူများကျောင်းတက်ရောက်ရန် အခက်အခဲဖြစ် နေကြောင်း ဒေသခံတို့က ဆိုသည်။

ကချင်လွတ်မြောက်ရေးအဖွဲ့နှင့် မြန်မာအစိုးရအကြားတိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် ၎င်းနယ်မြေ ဒေသများတွင် တပ်သားစုဆောင်းခြင်း၊ ပေါ်တာဆွဲခြင်းများ ဖြစ်ပေါ်နေသဖြင့် အလယ်တန်း၊ အထက်ကျောင်း ကျောင်းတက်မည့် ကျောင်းသားများမှာ အခြားမြို့သို့ ကျောင်းသွားတက်ရောက်ရန် ခက်ခဲနေခြင်းဖြစ်သည်။

“သေနတ်ကိုင်လို့ရတဲ့အရွယ် ကျောင်းသားတွေက ရွာမှာ မနေရဲတော့ဘူးလေ။ မြို့မှာ ကျောင်းသွားထား ကြတယ်။ ဒီက ကျောင်းသားတွေ အရမ်းများနေတော့ မြို့ကျောင်းမှာလည်း လက်ခံဖို့ ခက်လာတယ်။” ဟု ဝါရှောင်ကျေးရွာမှ ဒေသခံတစ်ဦးက ပြောသည်။

 ဂျာတော့(ပ်) (မြစ်မခ)
by Myit Makha Mediagroup on 28 May, 2012
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )