22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Thursday, May 10, 2012

သုံးဘီးကားတွေက GEC လို့ခေါ်တဲ့ ဝန်ထမ်းသက်သာချောင်ချိရေး

မကွေးတိုင်း သရက်မြို့ကနေ ပိတောက်ပင်ရေနံမှော်ကိုပြေးဆွဲနေတဲ့ သုံးဘီးကားတွေက GEC လို့ခေါ်တဲ့ ဝန်ထမ်းသက်သာချောင်ချိရေး
အသင်းကို တစီးကို ကျပ်ငွေ ၂ သိန်းနှုန်း ပေးသွင်းရမယ်လို့ ဆိုတဲ့အတွက် သုံးဘီးကားပိုင်ရှင်တွေအခက်အခဲဖြစ်နေကြတယ်လို့ သတင်းရရှိပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ သုံးဘီးကားပိုင်ရှင်တဦးဖြစ်တဲ့ ဦးတင်ထွန်းက RFA ကိုအခုလိုပြောပါတယ်။

"လိုင်းအတင်းဝင်ခိုင်းတယ်ခင်ဗျ။ သရက် အုပ်ချုပ်ရေးမှူး ဦးသန်းလွင်လို့
ပြောပါတယ်။ သူရယ် ထောင်ပိုင်ကြီးရယ် က မော်တော်ယဉ်က လူကြီးတွေကို အတင်းခြိမ်းခြောက် အတင်းဟောက်ဟက်ပြီးတော့ လိုင်းဝင်ခိုင်းတာ၊ ပြီး ၂ သိန်းအတင်းတောင်းတယ်ခင်ဗျ။ ကျွန်တော်တို့က
မော်တော်ယဉ်မှာ ၃ သောင်းခွဲပေးပြီး လိုင်းဝင်ထားပါတယ်ခင်ဗျ။ "

ပိတောက်ပင်ရေနံမှော်ဟာ သရက်မြို့ကနေ ၈ မိုင်လောက်ဝေးပြီး နေ့စဉ်
မှော်ထဲသွားတဲ့လူတွေ ဥဒဟိုရှိနေတဲ့အတွက် မထသလိုင်းဝင် သုံးဘီးကားတွေက အလှည့်ကျပြေးဆွဲနေတာဖြစ်ပါတယ်။

ဒီအခြေအနေမှာ ဒေသခံအာဏာပိုင်တွေစုဖွဲ့ထားတဲ့ GEC လို့ခေါ်တဲ့ ဝန်ထမ်းသက်သာချောင်ချိရေး အသင်းက သူတို့ဆီကငွေတောင်းဖို့
မြို့နယ်အုပ်ချုပ်ရေးမှူးအစည်းအဝေးကနေ ဆုံးဖြတ်ချက်ချ လိုက်တာလို့ သရက်မြို့နယ် မော်တော်ယဉ်လိုင်းပေါင်းစုံထိမ်းသိမ်းရေးဌါနရုံးက အတည်ပြုပြောဆို ပါတယ်။

တကယ်လို့ GEC အဖွဲ့ကို ငွေ ၂ သိန်းမပေးသွင်းရင် အဲဒီလိုင်းမှာ
ပြေးဆွဲခွင့်ပိတ်ပင်ခံရမှာဖြစ်ပြီး GEC အသင်းပိုင်ကားတွေက အစားထိုးဝင်ရောက်ပြေးဆွဲမှာဖြစ်တယ်လို့သိရပါတယ်။

သရက်မြို့မှာ သုံးဘီးကားတစင်းကို သိန်း ၃၀ နီးပါးပေါက်ဈေးရှိပြီး၊
ဒေသခံတောင်သူတချို့က လယ်ရောင်းပြီး ကားထောင်ထားကြတာလဲ
ရှိတယ်လို့သိရပါတယ်။

ဒီလိုလုပ်ကိုင်စားသောက်ရာမှာ တချို့က သုံးဘီးကားတစီးလုံးပိုင်ပေမယ့်၊ တချို့က ကားတစီးကို ၂ ဦးစပ်၊ ၃ ဦးစပ် စုဝယ်ပြီး လုပ်ကိုင်စားသောက်နေကြတာလို့သိရပါတယ်။
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )