22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Thursday, May 10, 2012

ကိုယ့်အိမ်မှာကိုနေတာ အိမ်ကျော်နင်းမှုဖြစ်ရတယ်လို့

မွန်ပြည်နယ်၊ ဇင်းကျိုက်ကျေးရွာ ရန်ကုန် မော်လမြိုင်လမ်းမဘေးရှိ ကိုယ့်အိမ်မှာ ကိုနေတဲ့အိမ်ရှင်ဖြစ်သူ ဒေါ်သန္တာစိုးနှင့် ခင်ပွန်သည်အား မွန်ပြည်နယ် ပေါင်မြို့ 
ရဲစခန်းမှ စခန်းမှူး၊ ဒုရဲအုပ်ချစ်ဆွေနှင့်အမှုပွဲစား ကြည်အေးတို့မှ အိမ်ကျော်နင်းမှု 
ပုဒ်မ ၄၅၃ ဖြင့်အမှုဖွင့်ပြီး (၉ ၊ ၃၊ ၂၀၁၂)ရက်နေ့တွင် မတရားဖမ်းဆီး တရားစွဲဆိုခဲ့
ပါသည်။
 
အချုပ်ထဲနေရစဉ်ကာလအတွင်းမှာလည်း ပေါင်ရဲစခန်းမှူးမှ ငွေအမျိုးမျိုးညှစ်ပြီး 
စခန်းရှိရဲတွေက အချုပ်သားတစ်ယောက် ရုံးထုတ်လျှင်၂၀၀၀ ကျပ်၊ ထမင်းပို့ ဧည့်
တွေ့(၃၀၀၀)ကျပ် အချုပ်သားများထံမှ တောင်းခံနေသည်မှာဓါးပြတိုက်သ 
လိုဖြစ်နေပါသည်၊ ကျမတို့၏ အမှုဖြစ်စဉ် အမှန်ကိုသိရှိနေသော ပေါင်မြို့နယ်
တရားသူကြီးမှ ကျမအားရုံးအာမခံပေးခဲ့သည့်အတွက် ပေါင်ရဲစခန်အချုပ်ထဲတွင်
အရက်(၂၀)ခန့်နေခဲ့ရပြီး ကျမ၏ခင်ပွန်းဖြစ်သူမှာ ယခုအချိန်ထိ့ အချုပ်ထဲတွင်
မတရားဖမ်းဆီးထားခံ နေရပါသည်။
 
ကျမကိုရုံးအာမခံပေးလိုက်တာနဲ့
ပတ်သက်၍ ပေါင်မြို့ ရဲစခန်းမှ စခန်းမှူး၊
ဒုရဲအုပ်ချစ်ဆွေနှင့် အမှုပွဲစား ကြည်အေးတို့မှ ပေါင်မြို့နယ်တရားသူကြီးအား  

အမှုကိုဘက်လိုက်တယ်ဆိုပြီး စွတ်စွဲချက်ဖြင့် သထုံတရားရုံးတွင် ရုံးပြောင်း

 လျှောက်ခဲ့ပါတယ်။ ဖြစ်စဉ်အမှန်ကိုသိရှိနေသော တရားသူကြီးဖြစ်သည့်အတွက်
သူတို့လုပ်ချင်ရာလုပ်လို့မရတော့ဘူးဆိုတာကိုသိရှိနေသည့်အတွက် ယခုလို

လိမ်လည်ပြီးရုံးပြောင်းလျှောက်ခဲ့ခြင်းဖြစ်
ပါတယ်။ ယခုအခါ သထုံ မြို့နယ်
တရားရုံးတွင် ကျမတို့လင်မယား အမှုရင်ဆိုင်နေရပါသည်။

 
သူတို့လုပ်ကြံဖန်တီးစွဲဆိုခဲ့ေ
သာအမှုကြောင့် ခင်ပွန်းဖြစ်သူမှာအချုပ်ထဲတွင်နေရပြီး၊ သမီးဖြစ်သူ(၂)ဦးမှာလည်း မိဘများအမှုရင်ဆိုင်ဖြေရှင်ရန် ငွေကြေးလိုအပ်သည့်
အတွက် သူများအိမ်တွင်အိမ်ဖော်အလုပ်လုပ်နေရပါတယ်၊ မိဘပိုင် ကျမတို့၏ 

အိမ်ခြံမြေမှာလည်း မသမာသူ ပေါင်ရဲစခန်းမှူး၊ ဒုရဲအုပ်ချစ်ဆွေနှင့် ရဲပြုတ်ကြည်အေး

တို့၏ လက်ထဲ ကျရောက်ရတော့မည့်ကိန်းဆိုက်ရောက်နေပါသည်။

ကိုယ့်အိမ်မှာကိုနေတာ အိမ်ကျော်နင်းမှုဖြစ်ရတယ်လို့ “ကြားလို့မှကောင်း ကြသေးလားရှင် ” မွန်ပြည်နယ် ပေါင်မြို့ ရဲစခန်းမှစခန်းမှူး၊ ဒုရဲအုပ်ချစ်ဆွေနှင့် အမှုပွဲစား ကြည်အေးတို့၏ 

ဥပဒေမဲ့လုပ်ဆောင်ချက်များကို နိုင်ငံတော်သမ္မတကြီးနှင့်တကွလွှ
တ်တော်အမတ်ကြီးများ
မကြားဘူးသေးလျှင်လည်း ယခုကြားဖူးသွားပြီးလို့မှတ်ပေး
ပါ။ကြားဖူးသွားလျှင်းလည်း ထိ့ရောက်စွာအရေးယူပေးပါလို့ တင်ပြလိုက်ပါတယ်။
 

မွန်ပြည်နယ်၊ ဇင်းကျိုက်ကျေးရွာမှ တရားစွဲဆိုခံရသူ ဒေါ်သန္တာစိုး

Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )