22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Tuesday, May 15, 2012

မြန်မာအပေါ် ပိတ်ဆို့မှု ဆိုင်းငံ့ဖို့ McCain တိုက်တွန်း



ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရဲ့ နာဇီဈေးမှာ အခွန်အခတွေ သတ်မှတ်ထားတာထက် အဆမတန် ကောက်တာကို မကျေနပ်တဲ့အတွက် ဈေးသူ၊ ဈေးသားတွေက ဆန္ဒပြ ကန့်ကွက်မှု တခုကို မေလ ၆ ရက်နေ့က ဖြစ်ပေါ်ခဲ့ပါတယ်။ အဲဒီဆန္ဒပြတာနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုဆောင်ရွက် ဖြေရှင်းပေး မယ်ဆိုတဲ့ ကိစ္စတွေကို ရခိုင်ပြည် အစိုးရအဖွဲ့ထဲက သက်ဆိုင်ရာဝန်ကြီး တဦးကို ဧရာဝတီက ဆက်သွယ် မေးမြန်းတော့ ၀န်ကြီးက မေးတဲ့ မေးခွန်းတိုင်းကို စိတ်ရှည် လက်ရှည်နဲ့ ဖြေဆိုပေးပေးခဲ့ပါတယ်။

ဖြေဆိုပြီး တနာရီလောက် ကြာတော့ ၀န်ကြီးက ဧရာဝတီကို ဖုန်းပြန်ဆက်လာပါတယ်။ သူဖြေဆိုခဲ့တဲ့ စကားတွေကို မီဒီယာမှာ မဖော်ပြဖို့၊ သူရဲ့မိန်းမ ဖြစ်သူက ကန့်ကွက်တဲ့ အကြောင်း၊ မီဒီယာတွေက မေးရင် ဖြေဆိုမှု မပြုဖို့ မိန်းမက တားမြစ်ထားတယ်လို့ ဆိုပါတယ်။ ပြည်ပကို ဖုန်းခေါ်ရတာ ပိုက်ဆံဈေးကြီးတာရော၊ လိုင်းအခက်အခဲရောရှိတဲ့အတွက် ပြန်ခေါ်ပေးမယ် ဆိုတာတောင် လုံးဝ လက်မခံပါဘူး “ရတယ် ကျနော့်ဖုန်း နဲ့ပဲ ပြောပါမယ်တဲ့”:P

“ကျနော့် မိန်းမက မီဒီယာတွေ ကိုဖြေတာ မလုပ်ဖို့ ကျနော့်ကို မှာထားပါတယ်၊ အရင်တခါ ဖြေပြီး ကတည်းကပါ၊ ကျနော်ကလည်း မေ့ပြီး မေးတာအကုန် ပြောမိသွားတယ်၊ ဒီသတင်းကိုလည်း မဖော်ပြပါနဲ့ လို့ပဲ မေတ္တာရပ်ခံပါတယ်၊ မိန်းမကလဲ သဘောမတူဘူး” လို့ အလေးအနက် ပြောပါတယ်။ သူ့ရဲ့ ဖြေဆိုမှု တွေ နဲ့ သူ့ရဲ့နာမည် သတင်းတွေမှာ ပါလာတော့မှာကို အတော်လေး စိုးရိမ်နေတဲ့ပုံပါပဲ။

သူဖြေဆိုခဲ့တဲ့ စကားတွေထဲမှာ လွဲနေတဲ့ အချက်များပါသွား သလားမေးတော့ မပါဘူးလို့ ဆိုပြန်တယ်။ ဆန္ဒပြတဲ့ သတင်းကို လူတွေ မသိစေချင်ဘူးလို့လည်း ဆိုပါတယ်။ ဒီသတင်း က အင်တာနက်တွေ ပေါ်မှာ့ ပြန့်နှံ့ နေပြီ ဆိုတာတော့ ၀န်ကြီးနဲ့ ၀န်ကြီးကတော်တို့ သိပြီး သလား၊ မသိသေးလားတော့ မသိပါဘူး။

ဆန္ဒပြတဲ့ သတင်းကို ပြည်သူတွေ မသိစေချင်ဘူးလို့လည်း ဆိုပါတယ်၊၊ အဲဒီသတင်းက မှန်ကန်တဲ့ သတင်းဖြစ်တဲ့အပြင် အများပြည်သူနဲ့ သက်ဆိုင်တဲ့ သတင်း ဖြစ်တဲ့အတွက် ဖော်ပြရမှာ ဖြစ်တဲ့အကြောင်း ရှင်းပြတော့ ဒါဆိုလည်းပဲ သူ့ကို သနားညှာတာသောအားဖြင့် သူ့နာမည်ကို မသုံးဖို့ အကြောင်း၊ သူ့ကြောင့် သူ့မိန်းမ၊ သူ့မိသားစုတွေရဲ့ ဂုဏ် သိက္ခာကို မထိခိုက် စေချင်ပါဘူး တဲ့။

မီဒီယာတွေကို ဖြေဆိုပြီး မိန်းမ သဘော မတူလို့ ပြန်ရုပ်သိမ်း ပေးဖို့ တောင်းဆိုတာတော့ ဒီဝန်ကြီး တဦးပဲ ကြားဖူးပါသေးတယ်၊ ပွင့်လင်း ရိုးသားတဲ့ ၀န်ကြီးလို့များ အမှတ်ပေးရ မလားပဲ :)

နောက်တကြိမ် မေးခွန်းတွေ မေးတော့မယ် ဆိုရင်တော့ ၀န်ကြီးရဲ့ မိန်းမဆီက ခွင့်ပြုချက် ရပြီလား ဆိုတဲ့ မေးခွန်းဟာ သတင်းထောက်ရဲ့ ပထမဆုံး မေးရမယ့် မေးခွန်းလို့ ဆိုရမှာပါ:p

အဲဒီဝန်ကြီးဟာ ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ထဲက ၀န်ကြီးတဦး ဖြစ်ပြီး၊ ၀န်ကြီးဌာန နှစ်ခု တာဝန်ယူထားတယ်လို့ သိရပါတယ်။ ဈေး လေလံ ကိစ္စနဲ့ ပတ်သက်ပြီး လာဘ်ပေး၊ လာဘ်ယူမှု တချို့ရှိတယ်လို့ လည်း ရခိုင်ဒေသခံ တွေက ဧရာဝတီ ကို ပြောပါတယ်။

“ဒီသတင်းရေးမယ် ဆိုရင်လည်း ဦးလေးကို သနားငှဲ့ညှာ တဲ့ အနေနဲ့ ဦးရဲ့ နာမည် လုံးဝ မဖော်ပြပေးပါနဲ့”

ညွှန်း - Rakhine Citizen Journalists www.facebook.com/RakhineCJ
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )