22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Saturday, June 9, 2012

ACE နှင့် မဆုံလို၍ ကိုယ့်ဂိုးကိုယ် အပြိုင် သွင်းခဲ့သည့် ဧရာဖူဆယ်ပွဲ

ဇွန်လ ၄ရက်နေ့က သုဝဏ္ဏ အားကစားရုံ (၁)တွင် ယှဉ်ပြိုင် ကစားခဲ့သည့် Best Friend နှင့် Victoria University တို့၏ MFF AYA Futsual Cup 2012 ပွဲစဉ်တွင် အနိုင်ရသည့် အသင်း အနေဖြင့် ဗိုလ်စွဲရန် ရေပန်း အစားဆုံး အသင်းဖြစ်သည့် ACE အသင်းနှင့် ဖိုင်နယ်ပွဲ မတိုင်မီတွင် တွေ့ဆုံရမည် ဖြစ်ရာ ပွဲချိန်အတွင်း ကိုယ့်ဂိုးကိုယ် အပြိုင် သွင်းယူမှုများ ရှိခဲ့သည်ဟု သိရသည်။

အဆိုပါ ပွဲစဉ်တွင် Victoria University အနေဖြင့် ၁-၀ ဂိုးဖြင့် ဦးဆောင် နေရာမှ Victoria Univiersity အသင်းမှ ကစားသမား တစ်ဦးက မိမိအသင်း ဂိုးပေါက်ထဲသို့ တစ်လုံး ကန်သွင်းကာ ၁-၁ ဖြစ်စေခဲ့သည်။ ထို့ကြောင့် ပွဲမှာ တစ်ဂိုးစီ သရေဖြစ်နေခဲ့ရာမှ Best Friend အသင်း ကစားသမား တစ်ဦးက ပွဲပြီးခါနီးတွင် ကိုယ့်ဂိုးကိုယ် ၃ကြိမ်တိုင်တိုင် ကန်သွင်းကာ ၄-၁ဖြင့် Victoria University အသင်းအား အနိုင်ရစေ ခဲ့သည်ဟု ပွဲကြည့်ရှုခဲ့သူ တစ်ဦး အဆိုအရ သိရသည်။

တစ်ဂိုးစီသရေ ဖြစ်နေခဲ့ရာမှ Best Friend အသင်း ကစားသမား တစ်ဦးက ပွဲပြီးခါနီးတွင် ကိုယ့်ဂိုးကိုယ် ၃ကြိမ်တိုင်တိုင် ကန်သွင်းကာ ၄-၁ဖြင့် Victoria University အသင်းအား အနိုင်ရစေခဲ့...ACE အသင်းသည် ယမန်နှစ် တိုက်ဂါး ဖူဆယ်လိဂ် ချန်ပီယံ ဖြစ်ကာ လက်ရွေးစင် ကစားသမား အများအပြားဖြင့် စုဖွဲ့ထားသည့် အသင်းကောင်း တစ်သင်းဖြစ်သည်။ ယခုနှစ် ပြိုင်ပွဲတွင်လည်း ၎င်းတို့ပင် ချန်ပီယံ ဖြစ်မည်ဟု ရေပန်းစားလျက် ရှိကာ အဆိုပါ အသင်းနှစ်သင်း အနေဖြင့် ရှုံးထွက်အဆင့် ပွဲစဉ်များတွင် တွေ့ဆုံဖွယ် ရှိသည့် ACE အား ရှောင်ရှား လိုခဲ့ခြင်း ဖြစ်သည်။

ထိုဖြစ်ရပ်နှင့် ပတ်သက်၍ စည်းကမ်း ထိန်းသိမ်းရေး ကော်မတီက အရေးယူမှု တစ်စုံတစ်ရာ ပြုလုပ်ဖွယ် ရှိကာ ဇွန်လ ၈ရက်နေ့တွင် အစည်းအဝေး တစ်ရပ် ပြုလုပ်ခဲ့ကြောင်း သိရသည်။ အရေးယူမှုနှင့် ပတ်သက်၍မူ အတည်ပြု သတင်း ထုတ်ပြန်ခဲ့ခြင်း မရှိသေးဘဲ ရက်ပိုင်းအတွင်း သတင်း ထုတ်ပြန်ဖွယ် ရှိသည်။


ရှုံးထွက်အဆင့် ပွဲစဉ်များအဆင့်ဆင့်
ရှုံးထွက်အဆင့် ပွဲစဉ်များအဆင့်ဆင့်
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )