22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Saturday, June 9, 2012

RKE နှင့် ဂျာစီစပွန်ဆာ စာချုပ်ချုပ်ဆို လိုက်သည့် ရတနာပုံ

မြန်မာ နေရှင်နယ်လိဂ် အအောင်မြင်ဆုံး ကလပ်အသင်း ဖြစ်သည့် ရတနာပုံ အသင်းသည် တရုတ် အားကစားပစ္စည်း ကုမ္ပဏီ တစ်ခုဖြစ်သည့် ERKE နှင့် စပွန်ဆာ စာချုပ်တစ်ရပ် ချုပ်ဆိုလိုက်ကြောင်း သိရသည်။

ရတနာပုံသည် ERKE နှင့် ယခုနှစ် စက်တင်ဘာလ အထိ ကာလတို စာချုပ်တစ်ရပ် ချုပ်ဆိုခဲ့ခြင်း ဖြစ်ပြီး အဆိုပါ စာချုပ်ကြောင့် ERKE မှ ရတနာပုံ အသင်းအတွက် ပြိုင်ပွဲဝင် ဂျာစီများ အပြင် ဖိနပ်၊ အိတ် အစရှိသည့် အားကစားသမား အသုံးအဆောင် ပစ္စည်းများကို ပေးအပ်သွားမည် ဖြစ်သည်။ ERKE ကုမ္ပဏီမှ ပို့ကုန် မန်နေဂျာ အယ်လ်လန်ဝေက "ရတနာပုံနဲ့ အခုချိန်မှာ သက်တမ်းတို စာချုပ်တစ်ရပ်သာ ချုပ်ဆိုထားရပေမယ့် နောက်နှစ်တွေမှာလည်း ဆက်လက် လက်တွဲသွားဖို့ ဆန္ဒရှိပါတယ်။ ကျွန်တော်တို့ အမှတ်တံဆိပ်က အခုမှ မြန်မာပြည် ဈေးကွက်ကို စတင် ထိုးဖောက်မှ ဖြစ်လို့ မြန်မာပြည်မှာ အအောင်မြင်ဆုံး အသင်းဖြစ်တဲ့ ရတနာပုံနဲ့ လက်တွဲဖို့ စီစဉ်ရတာပါ။ ဇူလိုင်လ အတွင်း မန္တလေးမြို့မှာ ကျွန်တော်တို့ ERKE ကုမ္ပဏီရဲ့ ပထမဆုံး ဆိုင်ခွဲကို စတင် ဖွင့်လှစ်မှာ ဖြစ်ပါတယ်" ဟု ရှင်းလင်း ပြောကြားခဲ့သည်။
ERKE ကုမ္ပဏီမှ ရတနာပုံ အက်ဖ်စီကို အားကစားဝတ်စုံ စပွန်ဆာ ပေးအပ်

ဆက်လက်၍ ERKE မှ တာဝန်ရှိသူ တစ်ဦးကလည်း ရတနာပုံ အသင်းအပြင် မြန်မာ့ လက်ရွေးစင် အသင်း အပါအ၀င် မြန်မာ နာမည်ကြီး ကစားသမား များနှင့်လည်း စပွန်ဆာ စာချုပ်များ ချုပ်ဆိုရန် စိတ်ဝင်စားကြောင်း ဖွင့်ဟ ပြောကြားခဲ့သည်။ ERKE သည် တရုတ်ပြည်တွင် နာမည် အကြီးဆုံး အားကစား ကုမ္ပဏီများ အနက် အဆင့် ၅ နေရာတွင် ရပ်တည်နေသည့် ကုမ္ပဏီ ဖြစ်ပြီး ဥရောပ အပါအ၀င် နိုင်ငံပေါင်း ၃၈ နိုင်ငံတွင် ဆိုင်ခွဲများ ဖွင့်လှစ်ထားကြောင်း သိရသည်။
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )