22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Saturday, June 23, 2012

ဘင်္ဂါလီ ၈၂ ဦးအား လဝက ပုဒ်မဖြင့် ရေးမြို့ တရားရုံးမှ ထောင်ဒဏ်ချ

ဘင်္ဂလားဒေ့ရှ်  နိုင်ငံမှ စက်လှေဖြင့် ကပ္ပလီ ပင်လယ်ပြင်ကို ဖြတ်ကာ မြန်မာပြည် တောင်ပိုင်း
ရေးမြို့နယ်၊  ခေါဇာမြို့နယ်ခွဲ  ကော့လှိုင်ကျေးရွာ အုပ်စု သဲခုံရွာသို့ ဆိုက်ကပ်လာသည့် ဘင်္ဂါလီ လှေစီး ခရီးသည် ၈၄ ဦးအနက် ၈၂ ဦးကို လူဝင်မှု ကြီးကြပ်ရေး ဥပဒေ ပုဒ်မ ၁၃/၁ ဖြင့် ရေးမြို့နယ် တရားရုံးမှ ထောင်ဒဏ် တနှစ်စီ ချမှတ်လိုက်ကြောင်း ရေးမြို့မ ရဲစခန်းက ပြောသည်။

“သူတို့အင်အား များတဲ့အတွက် အားကစားရုံပဲ တရားခုံရုံး ဖွဲ့ပြီး ရေး တရားသူကြီးက တနှစ်စီ ချလိုက်တာပါ။ ကလေးနှစ်ယောက်က လွဲပြီး အားလုံးကို အမိန့်ချလိုက်တာ” ဟု ရေးမြို့မ ရဲစခန်းမှ တာဝန်ကျ ရဲအရာရှိတဦးက ပြောသည်။

အင်္ဂါနေ့တွင် ရေးမြို့ အားကစားရုံ၌ ယာယီတရားခုံရုံး ဖွဲ့ကာ ထိုနေ့တွင်ပင် အမိန့်ချမှတ်ပြီး မော်လမြိုင် အကျဉ်းထောင် သို့ ပို့လိုက်ခြင်း ဖြစ်သည်။ အဖမ်းခံရသူ ၈၄ ဦးအနက် အမျိုးသမီး တဦးနှင့် ကလေးနှစ်ဦး ပါဝင်ပြီး ကျန်းမာရေးကောင်းမွန်ကြောင်း အထက်ပါ ရဲအရာရှိက ပြောသည်။

မလေးရှားနိုင်ငံသို့အသွား စက်ချို့ယွင်းမှုကြောင့် ကပ္ပလီ ပင်လယ်ပြင်တွင် ရက်အတန်ကြာ မျောပါနေသည့် ထိုစက်လှေကို ရေးမြို့နယ်၊ အံဒင်ကျေးရွာ အုပ်စု ငါးမျှားစခန်းမှ ငါးဖမ်းလှေများ၏ ကယ်တင်မှုကြောင့် မေလ ၂၃ ရက်နေ့တွင် ငါးမျှား စခန်းသို့ ရောက်ရှိခဲ့သည်။

ပင်လယ်ပြင်တွင် မျောပါစဉ်က ၁၇ ဦး သေဆုံးခဲ့ပြီး ငါးမျှားစခန်းသို့ ရောက်ရှိစဉ်တွင် ကလေးနှစ်ဦး၊ အမျိုးသမီးတဦး အပါအဝင် လှေစီးခရီးသည် ၈၆ ဦး ပါဝင်သည်ဟု ဒေသခံများက ပြောသည်။

ဒေသခံအာဏာပိုင်များက ဒုက္ခသည်များကို လာရောက်စစ်ဆေးသော်လည် တစုံတရာ အရေးယူ ဆောက်ရွက်ခဲ့ခြင်း မရှိဘဲ ဒေသခံများက စက်ပြင်ဆင်ပေးခြင်း၊ ငွေကြေးနှင့် စားနပ်ရိက္ခာအချို့ ထောက်ပံ့ကူညီပေးခြင်းဖြင့် မေလ ၂၇ ရက်နေ့တွင် ပြန်လည် ထွက်ခွာသွားခဲ့သည်။

ဇွန်လ ဒုတိယပတ်တွင် လှေချွတ်ယွင်းပြီး ရေးမြို့နယ် တောင်ပိုင်း ခေါဇာမြို့နယ်ခွဲ မန်ကျည်းရွာသို့ ရောက်ရှိကာ စက်လှေ ပြင်ဆင်ရန်အတွက် ကော့လှိုင်ကျေးရွာအုပ်စု သဲခုံရွာသို့ တဖန် ဆိုက်ကပ်စဉ် ထားဝယ် ရေတပ်၏ ဖမ်းဆီးခြင်းကို ခံရပြီး ရေးမြို့ အာဏာပိုင်ထံသို့ လွှဲအပ်လိုက်ခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

သဲခုံရွာသို့ ရောက်ရှိစဉ်တွင် မြန်မာစကား အနည်းငယ် ပြောတတ်သူ နှစ်ဦး အပါအဝင် လှေစီးခရီးသည် ၈၆ ဦး ရှိသည်။ ထိုအထဲမှ နှစ်ဦးမှာ ညတွင်းချင်းပင် ထွက်ပြေး လွတ်မြောက်သွားသည်ဟု ဒေသခံ အမျိုးသမီးတဦးကပြောသည်။

ကွန်းချမ်း - စံခလပူရီ (မဇ္ဈိမ)
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )