22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Friday, June 15, 2012

နာမည်ကျော် အမေရိကန်ကုမ္ပဏီ ကိုကာကိုလာ မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၆၀ ကျော်အတွင်း ပထမဆုံးအကြိမ် ပြန်လည် ရင်းနှီးမြှုပ်နှံရန် စီစဉ်နေ

နာမည်ကျော် အမေရိကန် ကုမ္ပဏီတစ်ခုဖြစ်သည့် ကိုကာကိုလာကုမ္ပဏီသည် မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၆၀ ကျော်အတွင်း ပြန်လည် ရင်းနှီးမြှုပ်နှံရန် စီစဉ်နေကြောင်း ဇွန်လ ၁၄ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့သည်။ 
အဆိုပါ ထုတ်ပြန်မှုကြောင့် ကိုကာကိုလာကုမ္ပဏီ ရင်းနှီးမြှုပ်နှံမှု မပြုထားသည့်နိုင်ငံမှာ ကမ္ဘာပေါ်တွင် နှစ်နိုင်ငံသာ ကျန်ရှိတော့ပြီး ၄င်းတို့မှာ အာဏာရှင်နိုင်ငံများ ဖြစ်ကြသည့် ကျူးဘားနှင့် မြောက်ကိုရီးယားနိုင်ငံတို့ ဖြစ်ကြသည်။ အမေရိကန် ပြည်ထောင်စု အစိုးရက အမေရိကန် ကုမ္ပဏီများကို ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်နိုင်ရန် လိုင်စင်ထုတ်ပေးသည်နှင့် တစ်ပြိုင်နက် ကိုကာကိုလာ ကုမ္ပဏီသည် မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ငန်း စတင်ပြုလုပ်သွားမည်ဖြစ်ကြောင်း ကိုကာကိုလာ ကုမ္ပဏီက ပြောကြားခဲ့သည်ဟု သတင်းများတွင် ဖော်ပြချက်အရ သိရသည်။
အမေရိကန်နိုင်ငံ အတ္တလန်တာ အခြေစိုက် ကုမ္ပဏီဖြစ်သည့် ကိုကာကိုလာကုမ္ပဏီက အစဦးဆုံးအနေဖြင့် အိမ်နီးချင်း နိုင်ငံများက ကိုကာကိုလျာားကို မြန်မာနိုင်ငံသို့ တင်ပို့ရောင်းချသွားမည်ဖြစ်ပြီး နောက်ပိုင်းတွင်  မြန်မာနိုင်ငံတွင်းမှ စီးပွားဖက်ကို ရှာဖွေသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ကုမ္ပဏီသည် လာမည့် သုံးနှစ်မှ ငါးနှစ်အတွင်း မြန်မာနိုင်ငံတွင် သိသာထင်ရှားသော ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် မျှော်မှန်းထားကြောင်း ၎င်းက ပြောကြားခဲ့သည်။
ထို့ပြင် ကိုကာကိုလာ ဖောင်ဒေးရှင်းအနေဖြင့် မြန်မာနိုင်ငံရှိ အမျိုးသမီးများ အလုပ်အကိုင် အခွင့်အလမ်းအတွက် ကူညီထောက်ပံ့သည့်အနေဖြင့် အမေရိကန်ဒေါ်လာ သုံးသန်းကို ထောက်ပံ့သွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ငန်းများ မဆောင်ရွက်ခဲ့သည်မှာ နှစ်ပေါင်း ၆၀ ကျော်ပြီဖြစ်ကြောင်း ကိုကာကိုလာ ကုမ္ပဏီက ပြောကြားခဲ့သည်။

ကိုကာကိုလာ ကုမ္ပဏီသည် မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ငန်းများ စတင်လုပ်ဆောင်ခဲ့သည်မှာ ၁၉၂၇ ခုနှစ်ကဖြစ်ကြောင်း သိရသည်။

အမေရိကန် စီးပွားရေးလုပ်ငန်းများ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု ပိတ်ပင်ထားမှုကို အမေရိကန် ပြည်ထောင်စုသမ္မတ ဘာရက်အိုဘားမားက ၂၀၁၂ ခုနှစ် မေလ ၁၇ ရက်နေ့က လျော့ပေါ့ခဲ့ပြီး အမေရိကန်အနေဖြင့် မြန်မာနိုင်ငံတစ်ဝန်းတွင် အမေရိကန် ကုမ္ပဏီများ ရင်းနှီးမြှုပ်နှံနိုင်ရန် အထွေထွေ ခွင့်ပြုမိန့်တစ်ရပ်ကို ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )