မြန်မာနိုင်ငံတွင် သစ်နှင့်သစ်တောထွက် ပစ္စည်းများ ထုတ်လုပ်သည့် သစ်ခွဲသားစက်ရုံ ၇၉၀ ကျော်ရှိကြောင်းနှင့် လက်ရှိကောက်ခံလျက်ရှိသော သစ်လုံးနှင့် ခွဲခြမ်းများအပေါ် ၅၀ ရာခိုင်နှုန်းကောက်ခံသည့် အခွန်စနစ်ကြောင့် အဆိုပါ စက်ရုံအများစု လုပ်ငန်းရပ်ဆိုင်းရဖွယ် ရှိနေကြောင်း သိရှိရသည်။
''ကျွန်တော်တို့က အရင်တုန်းကလည်း ပြည်ပကို သစ်ပို့ခဲ့တယ်ဆိုပေမယ့် EU ဘက်က sanction ရှိတဲ့အတွက် တခြားနိုင်ငံတွေကတစ်ဆင့်၊ မလေးရှားတို့၊ စင်ကာပူတို့ကတစ်ဆင့် ပို့ရတယ်။ အများအားဖြင့် EU တို့၊ ဂျပန်တို့က ခွဲခြမ်းတွေကို မှာယူတယ်။ အိန္ဒိယကတော့ အလုံး လိုက် မှာယူတာများတယ်။ ဒါပေမဲ့ လက်ရှိမှာ ကောက်ခံနေတဲ့စနစ်က သစ်လုံးနဲ့ ခွဲခြမ်းကို အတူတူ ကောက်ခံနေတဲ့အတွက် သစ်အခြေခံ ထုတ်ကုန်လုပ်ငန်းတွေ ထိခိုက်တာတော့ အမှန်ပဲ။ တကယ်ဆိုရင် သစ်လုံးကို အခွန်တစ်မျိုး၊ ခွဲခြမ်းကိုတစ်မျိုး ကောက်သင့်တယ်လို့ မြင်တယ်။ ပြီးတော့ ပြည်ပကိုသစ်တွေ အလုံးလိုက် တင်ပို့နေတာကိုလည်း ရပ်ဆိုင်းသင့်ပြီလို့ မြင်တယ်။ သစ်လုံးတွေက နယ်စပ်က မှောင်ခိုလမ်းကြောင်းကတစ်ဆင့် တရုတ်နိုင်ငံဘက်ကို သွားနေသလို အိန္ဒိယရဲ့ မူဝါဒအရလည်း မြန်မာပြည်ကနေပြီး ခွဲခြမ်းထက်သစ်လုံးကို ၀ယ် ဖို့ တွန်းအားပေးနေတယ်။ မြန်မာပြည်က ခွဲသားအနေနဲ့ အိန္ဒိယကိုဝင်ရင် သူ့အစိုးရက ၄၀ ရာခိုင်နှုန်း အခွန်ကောက်တယ်။ သစ်လုံးအနေနဲ့ဝင်ရင် အခွန်မပေးရဘူး။ ဒီတော့ မြန်မာပြည်က လုပ်ငန်းရှင်က အိန္ဒိယဈေးကွက်ကို အလုံးလိုက်ပဲ တင်ပို့ချင်တဲ့အခါ Baulk Square ဆိုတဲ့ ပကာ သားလေးပွတ်ပြီး သားသစ်လုံးတွေကို မြန်မာပြည်ဘက်မှာ ခွဲခြားလို့ အမည်ခံပြီး ပို့တယ်။ အိန္ဒိယဘက်ကိုတော့ သစ်လုံးအမည်ခံပြီး ၀င်တယ်။ အဲဒီ လိုလုပ်နေတော့ တကယ်စစ်စစ်မှန်မှန် လုပ်နေတဲ့ သစ်အခြေခံခွဲခြမ်းလုပ်ငန်းတွေအတွက် အထိနာတာတော့ အမှန်ပဲ''ဟု မြန်မာနိုင်ငံ သစ်လုပ်ငန်းရှင်အသင်းမှ အဖွဲ့ဝင်တစ်ဦးကပြော ပြခဲ့သည်။
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ အမိန့်ကြော်ငြာစာအမှတ် ၁၂၁/၂၀၁၂အရ မည်သူမဆို ကုန်သွယ်လုပ်ငန်းခွန်ဇယား ၁ မှဇယား ၆ ပါ ကုန်ပစ္စည်းများကို ပြည်ပသို့တင်ပို့သည့် မည်သူမဆို ၅၀ ရာခိုင်နှုန်း ပေးဆောင်ရမည်ဖြစ်ကြောင်း သိ ရှိရသည်။ အဆိုပါဇယားတွင် ပါရှိသော ပစ္စည်းများမှာ (က) ရေနံ၊ (ခ) သဘာဝဓာတ်ငွေ့၊ (ဂ) ကျွန်းသစ်လုံးနှင့်ကျွန်းခွဲသားများ၊ (ဃ) သစ်မာသစ်လုံးနှင့် သစ်မာခွဲသားများ၊ (င) ကျောက်စိမ်းနှင့် အခြားအဖိုးတန် ကျောက်မျက်ရတနာများဖြစ်ကြောင်း သိရသည်။

5:56 AM
Admin
Posted in: 

0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com