22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Tuesday, June 12, 2012

ဟိုတယ်၊ သယ်ယူပို့ဆောင်ရေးနှင့် အခြားလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်နိုင်ရန် စင်ကာပူ အခြေစိုက် KeppelGroup လာရောက်

 
မြန်မာနိုင်ငံရှိ ဟိုတယ်လုပ်ငန်း၊ သယ်ယူပို့ဆောင်ရေး လုပ်ငန်းများအပါအ၀င် အခြားလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုပြုလုပ်နိုင်ရန် စင်ကာပူနိုင်ငံအခြေစိုက် Keppel  Group မှ ဥက္ကဋ္ဌနှင့်အဖွဲ့ လာရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

Keppel  Group မှဥက္ကဋ္ဌနှင့် အဖွဲ့သည် မေလ ၂၃ ရက်နေ့က မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီး ပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် သွားရောက်တွေ့ဆုံခဲ့သည်ဟု သိရသည်။ ယင်းပြင် မြန်မာနိုင်ငံ၌ ဟိုတယ်လုပ်ငန်း၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်း၊ ကုန်သိုလှောင်မှုလုပ်ငန်း၊ မြို့ပြတည်ဆောက်ရေးလုပ်ငန်း၊ ပင်လယ်ထွက် အစားအစာများ၊ အအေးခန်း စက်ရုံတည်ဆောက်ခြင်း၊ သင်္ဘောများ တည်ဆောက်ခြင်း အစရှိသည့် လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံလိုကြောင်း ဆွေးနွေးခဲ့သည်ဟု သိရသည်။

Keppel  Group သည် မြန်မာနိုင်ငံနှင့် ၁၉၉၃ ခုနှစ်မှ စတင်ကာ စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ရန်ကုန်နှင့် မန္တလေးမြို့များရှိ ဆီဒိုးနားဟိုတယ်လုပ်ငန်းများ လုပ်ကိုင်နေသော ကုမ္ပဏီအုပ်စုဖြစ်ကြောင်း သိရသည်။
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )