22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Monday, June 4, 2012

လီဗာပူးလ် တိုက်စစ်မှူးကောက် ဖီနာဘာချီသို့ အတည်ပြု ပြောင်းရွှေ့

လီဗာပူးလ် အသင်း၏ တောင်ပံတိုက်စစ် ကစားသမား ဒါ့ခ်ကောက်သည် ယခုအခါ တူရကီ ကလပ် ဖီနာဘာချီ အသင်းသို့ အတည်ပြု ပြောင်းရွှေ့သွားပြီ ဖြစ်သည်။
လီဗာပူးလ် မန်နေဂျာသစ် ဘရန်ဒန် ရော့ဂျာ၏ အသင်းအား အလုံးစုံ ပြောင်းလဲ ဖွဲ့စည်းရေး စီမံကိန်းတွင် နယ်သာလန် လက်ရွေးစင် ကောက်သည် ပထမဆုံး အန်းဖီးလ်ကို စွန့်ခွာသူ ဖြစ်လာခဲ့သည်။ ကောက်သည် ပေါင်စတာလင် (၁)သန်းတန် ပြောင်းရွှေ့ကြေးဖြင့် အသင်းသစ်သို့ ရောက်ရှိသွားပြီး (၃)နှစ် စာချုပ်တစ်ရပ် ချုပ်ဆို နိုင်ခဲ့သည်။ အသက်(၃၁)နှစ် ရှိပြီဖြစ်သော ကောက်သည် လီဗာပူးလ်သို့ (၂၀၀၆)ခုနှစ် ကတည်းက ရောက်ရှိ နေခဲ့သူ ဖြစ်ပြီး ယမန်နှစ် ဘောလုံး ရာသီက မန်နေဂျာ ကင်နီဒဲလ်ဂလစ်ရှ် လက်အောက်တွင် ပွဲထွက်နေရာ ပျောက်ဆုံး နေခဲ့ရသည်။


လီဗာပူးလ် အသင်းက ကောက်၏ အပြောင်းအရွှေ့ သတင်းကို အတည် ပြုခဲ့ပြီး "လီဗာပူးလ် အသင်း အနေနဲ့ ကောက်ဟာ ဖီနာဘာချီကို ပြောင်းရွှေ့ဖို့ သဘော တူညီချက် တစ်ခု ရရှိခဲ့ပြီ ဆိုတာ အတည်ပြု ကြေညာ နိုင်ပါတယ်။ သူ့ရဲ့ အပြောင်းအရွှေ့ဟာ လာမယ့် ရက်အနည်းငယ် အတွင်းမှာ အပြီး သတ်နိုင်မှာ ဖြစ်ပါတယ်" ဟု ကြေညာသွားသည်။ ကောက်သည် လီဗာပူးလ်တွင် စာချုပ်သက်တမ်း (၁)နှစ်သာ ကျန်တော့သူ ဖြစ်ပြီး ဥရောပ ကလပ်အသင်း အချို့က ၎င်းကို ကမ်းလှမ်း ခဲ့ကြသည်။

ကောက်သည် ပထမဆုံး အန်းဖီးလ်ကို စွန့်ခွာသူ ဖြစ်လာခဲ့သည်။ ကောက်သည် ပေါင်စတာလင် (၁)သန်းတန် ပြောင်းရွှေ့ကြေးဖြင့် အသင်းသစ်သို့ ရောက်ရှိသွားပြီး (၃)နှစ် စာချုပ်တစ်ရပ် ချုပ်ဆို နိုင်ခဲ့...
ကောက်သည် အသင်းဟောင်း ဖိုင်ယန်နော့ဒ်သို့ ပြန်လည် ပြောင်းရွှေ့ရန် ရည်ရွယ် ခဲ့သေးသော်လည်း နယ်သာလန် ကလပ်အသင်းက ၎င်းအတွက် လုပ်ခ လစာကို မတတ်နိုင်ခြင်းကြောင့် ဆွေးနွေးမှုများ ပျက်ပြယ် ခဲ့ရသည်။
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )