22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Wednesday, June 27, 2012

ဂီရော့ဒ်ကို ခေါ်ယူနိုင်ခြင်း အတွက် ၀မ်းသာကြောင်း ၀င်းဂါးဖွင့်ဟ

အာဆင်နယ် မန်နေဂျာ အာစင်ဝင်းဂါးက အိုလီဗီရာ ဂီရော့ဒ်ကို အပြီးသတ် ခေါ်ယူနိုင်ခြင်း အတွက် ၀မ်းမြောက်မိကြောင်း ဖွင့်ဟ ပြောကြား သွားခဲ့သည်။

အာဆင်နယ်သည် ယခု နွေရာသီ ဒုတိယမြောက် တိုက်စစ်မှူး ခေါ်ယူမှု အဖြစ် ပြင်သစ် ချန်ပီယံ မွန့်ပယ်လီယေး ရှေ့တန်းလူကို ပေါင်စတာလင် (၁၃)သန်း ၀န်းကျင်ဖြင့် ကမ်းလှမ်း ၀ယ်ယူခဲ့သည်။ ၎င်းမတိုင်မီက ဂျာမန် လက်ရွေးစင် လူးကက်စ် ပိုဒေါ့စကီးသည်လည်း အမ်းမရိတ်စ်သို့ ရောက်ရှိခဲ့ပြီး ဖြစ်သည်။ ဂီရော့ဒ်နှင့် ပိုဒေါ့စကီးတို့ ကဲ့သို့ တိုက်စစ်မှူးများကို ၀ယ်ယူ ခဲ့ခြင်းကြောင့် လာမည့်ရာသီတွင် ၀င်းဂါးသည် အာဆင်နယ်၏ တိုက်စစ်ပိုင်းကို ပုံစံပြောင်း တည်ဆောက်မည့် အခြေအနေမျိုး ထင်ရှား လာခဲ့သည်။
အာဆင်နယ်မှ အပြီးသတ် ခေါ်ယူလိုက်သည့် ဂီရော့ဒ်

အသက်(၂၅)နှစ်ရှိ ပြင်သစ် လက်ရွေးစင် ဂီရော့ဒ်ကို ခေါ်ယူနိုင်ခြင်းနှင့် ပတ်သက်ပြီး ၀င်းဂါးက "ကျွန်တော်တို့ အနေနဲ့ ဂီရော့ဒ်ကို အပြီးသတ် စာချုပ်နိုင်ခဲ့တဲ့ အတွက် အရမ်း ၀မ်းသာမိပါတယ်။ သူဟာ ခန္ဓာကိုယ် ကြံ့ခိုင်မှု အပိုင်း သိပ်ကောင်းသလို လေထဲမှာ အရမ်း ထူးချွန်ပါတယ်။ ပြီးတော့ အရမ်း ကြိုးစားတယ်။ ဂီရော့ဒ် ကျွန်တော်တို့ဆီ ရောက်လာတာ စိတ်လှုပ်ရှားစရာပါ။ သူဟာ အသင်းရဲ့ တိုက်စစ် နည်းစနစ်ပိုင်းမှာ ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် ရွေးချယ်နိုင်စေဖို့ အကူအညီ ပေးပါလိမ့်မယ်" ဟု ပြောကြားခဲ့သည်။

ဂီရော့ဒ်သည် ယမန်နှစ်က ပြင်သစ် လီဂူးတွင် မွန့်ပယ်လီယေး အသင်း ဗိုလ်စွဲနိုင်ရန် (၃၆)ပွဲ ကစားကာ (၂၁)ဂိုး သွင်းယူနိုင်ခဲ့သည်။ ၎င်းသည် ယခုနှစ် ဥရောပ ဖလား ပြိုင်ပွဲဝင် ပြင်သစ် အသင်းတွင်လည်း ရွေးချယ်ခြင်း ခံခဲ့ရသည်။
ကျွန်တော်တို့ အနေနဲ့ ဂီရော့ဒ်ကို အပြီးသတ် စာချုပ်နိုင်ခဲ့တဲ့အတွက် အရမ်းဝမ်းသာမိပါတယ်။ သူဟာ ခန္ဓာကိုယ် ကြံ့ခိုင်မှုအပိုင်း သိပ်ကောင်းသလို လေထဲမှာ အရမ်း ထူးချွန်ပါတယ်။ ပြီးတော့ အရမ်းကြိုးစားတယ်...
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )