22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Wednesday, June 27, 2012

ရွန်နီသည် မန်ယူ အတွက်သာ ဘောလုံး ကစားတတ်သူဟု ကာပယ်လို ဝေဖန်

ဥရောပ ဖလား ကွာတား ဖိုင်နယ်တွင် ထွက်ခွာ ခဲ့ရသော အင်္ဂလန် အသင်း၌ ဖိအားများ ရင်ဆိုင်နေရသည့် တိုက်စစ်မှူး ၀ိန်းရွန်နီ အတွက် ဖေဘီယို ကာပယ်လို၏ မှတ်ချက် စကားက အပိုဆောင်း ဖိအားတစ်ရပ် ဖြစ်လာခဲ့သည်။

အင်္ဂလန် အသင်းတွင် မျှော်လင့်သလောက် ခြေစွမ်းမပြနိုင်ခဲ့သည့် ရွန်နီအား ကာပယ်လိုက မန်ချက်စတာ ယူနိုက်တက် မန်နေဂျာ ဆာအဲလက်စ် ဖာဂူဆန် အတွက်သာ အကောင်းဆုံး ကစား ပေးတတ်သူဟု ဝေဖန်လိုက်သည်။ လက်ရှိတွင် မန်နေဂျာ ရွိုင်ဟော့ဂ်ဆန် တာဝန် ယူထားသော အင်္ဂလန် အသင်းသည် ကာပယ်လို၏ ဇာတိနိုင်ငံ အီတလီကို ပင်နယ်တီ အဆုံးအဖြတ်ဖြင့် အရေးနိမ့်ကာ ဥရောပ ဖလားကို ကျောခိုင်း ခဲ့ရခြင်း ဖြစ်သည်။ ကာပယ်လိုက ရွန်နီသည် စကော့တလန်သား ဖာဂူဆန် ပြောဆိုသည်ကိုသာ နားလည်မည့်သူဟု ပြောဆိုခဲ့သည်။
ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည့် ရွန်နီ

အင်္ဂလန် အသင်း၏ မန်နေဂျာဟောင်း ကာပယ်လိုက "နောက်ဆုံးပွဲကို ကြည့်ပြီးတော့ ရွန်နီဟာ စကော့စကား တစ်မျိုးပဲ နားလည်တော့တယ်လို့ ကျွန်တော်ထင်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ သူက မန်ယူမှာကျတော့ အကောင်းဆုံး ကစားနေတယ်လေ။ အဲဒီမှာ ဆာအဲလက်စ်က စကော့စကားပဲ ပြောတယ်လေ" ဟု ပြောကြားသွားသည်။ ရွန်နီသည် ယခုနှစ် ဥရောပ ဖလား ပြိုင်ပွဲတွင် ပွဲပယ်ပြစ်ဒဏ်ကြောင့် အင်္ဂလန်အတွက် (၂)ပွဲသာ ပါဝင် ကစားပြီး (၁)ဂိုး သွင်းယူ နိုင်ခဲ့သော်လည်း အီတလီနှင့် ပွဲတွင် စွမ်းဆောင်ရည်ပိုင်း အားနည်းမှုကြောင့် ဝေဖန်မှုများနှင့် ရင်ဆိုင် ခဲ့ရသည်။ ၎င်းသည် ပြီးခဲ့သည့် ဘောလုံး ရာသီက မန်ယူအတွက် စုစုပေါင်း (၄၄)ပွဲတွင် (၃၅)ဂိုး သွင်းယူ နိုင်ခဲ့သည်။
နောက်ဆုံးပွဲကို ကြည့်ပြီးတော့ ရွန်နီဟာ စကော့စကား တစ်မျိုးပဲ နားလည်တော့တယ်လို့ ကျွန်တော်ထင်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ သူက မန်ယူမှာကျတော့ အကောင်းဆုံး ကစားနေတယ်လေ။ အဲဒီမှာ ဆာအဲလက်စ်က စကော့စကားပဲ ပြောတယ်လေ...
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )