22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Wednesday, June 27, 2012

ပရီးမီးယားလိဂ်တွင် ကစားဖြစ်ဖွယ်ရှိဟု ပါတိုဖွင့်ဟ

အေစီမီလန် တိုက်စစ်မှူး အလက်ဇန္ဒားပါတိုက ၎င်းသည် အင်္ဂလန် ပရီးမီးယားလိဂ်သို့ ပြောင်းရွှေ့ဖြစ်ရန် အခြေအနေ ရှိနေကြောင်း ဖွင့်ဟ ပြောကြားလိုက်သည်။
အသက်(၂၂)နှစ်ရှိ ဘရာဇီးလ် လက်ရွေးစင်သည် ယခု သီတင်းပတ် အတွင်း လန်ဒန်သို့ လာရောက် လည်ပတ်ခဲ့သလို လာမည့် အိုလံပစ် ပြိုင်ပွဲတွင်လည်း ဘရာဇီးလ် ဘောလုံး အသင်းနှင့် အတူ နောက်တစ်ကြိမ် ထပ်ရောက်လာမည် ဖြစ်သည်။ ၎င်းက မိမိသည် အင်္ဂလန် ဘောလုံး လောကကို သဘော ကျကြောင်းနှင့် ဗြိတိန်တွင် ဘောလုံးကစားရသည့် အရသာကို ခံစားကြည့်ရန် စိတ်ကူးနေကြောင်း ဖွင့်ဟ ပြောကြားခဲ့သည်။ ၎င်းက သတင်းထောက်များနှင့် တွေ့ဆုံစဉ် "ကျွန်တော် အင်္ဂလန်ဘောလုံး လောကကို နှစ်သက်ပါတယ်။ မန်ချက်စတာ ယူနိုက်တက်၊ လီဗာပူးလ်နဲ့ ချယ်လ်ဆီးမှာ ကျွန်တော့် သူငယ်ချင်းတွေ ကစားနေကြတယ်။ လောလောဆယ်မှာတော့ ကျွန်တော် ဗြိတိန်ကိုလာပြီး လန်ဒန်မှာ ဘောလုံး ကစားရတာကို တကယ့် အရသာ တစ်ခုလို ခံစားကြည့်ချင်ပါတယ်။ အိုလံပစ ပြိုင်ပွဲမှာပေါ့" ဟု ပြောဆိုသွားသည်။


ပါတိုက "ကျွန်တော့်ရဲ့ ဦးစားပေး ရည်မှန်းချက်က မီလန်နဲ့ပဲ အမြဲတမ်း ကစားဖို့ပါ။ ကျွန်တော့် စူးစိုက် ရှေ့ဆက်မှုတိုင်းကို လက်တွေ့ဖြစ်လာအောင် ကူညီပေးတဲ့ မီလန်ကို ကျွန်တော် ကျေးဇူး တင်ပါတယ်။ မီလန်နဲ့ ကျွန်တော် (၂၀၁၄)ထိ စာချုပ် ရှိနေပါတယ်။ ပြီးရင်တော့ ဘာဆက်ဖြစ်မယ် ဆိုတာကို ဘယ်သူက သိနိုင်မှာတဲ့လဲ" ဟုလည်း မေးခွန်းထုတ်ခဲ့သည်။ ပါတို ပါဝင်မည့် အိုလံပစ် ဘရာဇီးလ် အသင်းသည် ဇူလိုင်လ (၂၀)ရက်နေ့တွင် ဗြိတိန် အိုလံပစ် အသင်းနှင့် ခြေစမ်းမည် ဖြစ်သည်။ ပါတိုက "ကျွန်တော် သူတို့နဲ့ ခြေစမ်းပွဲ အဆင့်မှာပဲ တွေ့ဖြစ်ဖို့ မျှော်လင့်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ တကယ့် အိုလံပစ် ပြိုင်ပွဲမှာ သူတို့ဟာ အနိုင်ယူဖို့ သိပ်ခက်ခဲတဲ့ အသင်း ဖြစ်နေပါလိမ့်မယ်။ အထူးသဖြင့် အိမ်ကွင်းမှာပေါ့" ဟု မှတ်ချက် ပြုသွားသည်။
မီလန်နဲ့ ကျွန်တော် (၂၀၁၄)ထိ စာချုပ် ရှိနေပါတယ်။ ပြီးရင်တော့ ဘာဆက်ဖြစ်မယ် ဆိုတာကို ဘယ်သူက သိနိုင်မှာတဲ့လဲ...
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )