22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Wednesday, June 27, 2012

မန်ယူနှင့် ရီးယဲလ်တို့ကို ငြင်းဆန်ပြီး ချယ်လ်ဆီးသို့ ပြောင်းရွှေ့ရန် မိုဒရစ်အား အိုင်ဗန်နိုဗစ် တိုက်တွန်း

မန်ချက်စတာ ယူနိုက်တက်နှင့် ရီးယဲလ်မက်ဒရစ် အသင်းများကို ငြင်းပယ်ကာ ချယ်လ်ဆီးသို့ လာကစားပါရန် လူကာမိုဒရစ်အား ချယ်လ်ဆီး ခံစစ်မှူး ဘရာနီဆလက်ဗ် အိုင်ဗန်နိုဗစ်က ဖိတ်ခေါ်လိုက်သည်။


လက်ရှိတွင် တော့တင်ဟမ် ဟော့စပါး၏ ထိပ်တန်း ကွင်းလယ် ကစားသမားအား မန်ယူနှင့် ရီးယဲလ်တို့က အဓိက ပစ်မှတ်ထား ချိတ်ဆက်လျှက် ရှိနေသည်။ ဆာဘီးယား လက်ရွေးစင် အိုင်ဗန်နိုဗစ်ကမူ မိုဒရစ်သည် ထိုအသင်းများအစား ဥရောပ ချန်ပီယံ ချယ်လ်ဆီးသို့ ပြောင်းရွှေ့ လာသင့်ကြောင်း အကြံပြုခဲ့သည်။ စပါးအသင်းသည် ယမန်နှစ်က ချယ်လ်ဆီး၏ မိုဒရစ်အတွက် ကမ်းလှမ်းမှုကို ကြံ့ကြံ့ခံ ငြင်းဆိုခဲ့သော်လည်း ယခုနှစ် ဘောလုံးရာသီတွင်မူ ခရိုအေးရှား လက်ရွေးစင် ကြယ်ပွင့်ကို ၀ှိုက်ဟတ်လိန်းတွင် ဆက်လက် ထိန်းသိမ်းထားရန် အလွန် ခက်ခဲလာခဲ့သည်။


အထူးသဖြင့် လာမည့်ရာသီ ချန်ပီယံလိဂ် ၀င်ခွင့် ဆုံးရှုံးခဲ့ခြင်းသည် စပါးအနေဖြင့် မိုဒရစ်ကို ဆက်လက် ဆွဲဆောင်ထားရန် အာမခံချက် မရှိသလောက် ဖြစ်သွားစေသည်။ အိုင်ဗန်နိုဗစ်က "နွေရာသီမှာ မိုဒရစ်ရဲ့ အပြောင်းအရွှေ့ ဖြစ်လာနိုင်တယ် ဆိုတာကို ကျွန်တော် သိပါတယ်။ ချယ်လ်ဆီးဟာ သူ့လို အရည်အသွေးမျိုးတွေနဲ့ ကစားသမား တစ်ယောက်ကို လိုအပ်နေတာပါ။ သူဟာ အသင်းကို ပိုတောင့်တင်း လာအောင် မြန်မြန်ဆန်ဆန် အထိုင်ကျပြီး ကူညီ နိုင်ပါလိမ့်မယ်။ မိုဒရစ်ဟာ ထူးချွန်တဲ့ အရည်အချင်းတွေ ပိုင်ဆိုင်သူပါ။ သူ့အတွက် ပိုပြီး ကြီးကျယ် ခမ်းနားတဲ့ အသင်းတစ်ခုခုကို ပြောင်းဖြစ်ဖို့ လိုနေပါပြီ" ဟု ပြောကြားခဲ့သည်။

ချယ်လ်ဆီးကို ပြောင်းလာရင် သူဟာ ပိုကောင်းတဲ့ ကစားသမားတစ်ယောက် ဖြစ်လာမှာပါ။ သူ့ကို တခြားအသင်းတွေက စိတ်ဝင်စားနေရင်တောင် မိုဒရစ်ဟာ ချယ်လ်ဆီးကို ရွေးသင့်ပါတယ်။ ချယ်လ်ဆီးကို ရွေးလို့ သူ့အတွက် ဘာအမှားအယွင်းမှ မရှိနိုင်ပါဘူး...
ဆက်လက်၍ အိုင်ဗန်နိုဗစ်က "ချယ်လ်ဆီးကို ပြောင်းလာရင် သူဟာ ပိုကောင်းတဲ့ ကစားသမားတစ်ယောက် ဖြစ်လာမှာပါ။ သူ့ကို တခြား အသင်းတွေက စိတ်ဝင်စားနေရင်တောင် မိုဒရစ်ဟာ ချယ်လ်ဆီးကို ရွေးသင့်ပါတယ်။ ချယ်လ်ဆီးကို ရွေးလို့ သူ့အတွက် ဘာအမှားအယွင်းမှ မရှိနိုင်ပါဘူး" ဟုလည်း သုံးသပ်ခဲ့သည်။ မိုဒရစ်ကို ရီးယဲလ်နှင့် မန်ယူတို့ အပြင် ပြင်သစ်မှ ဓနအင်အား တောင့်တင်းသော PSG အသင်းကလည်း ချိန်ရွယ်နေကြောင်း သိရှိရသည်။
Ref: Daily Mail
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )