ချယ်လ်ဆီး အသင်းမှ ကွင်းလယ် ကစားသမား ရောလ်မီရာလက်စ်ကို အီတလီ ကလပ်အသင်း နာပိုလီက အလို ရှိနေကြောင်း သိရှိရသည်။
Daily Mail သတင်းဌာနက ပြီးခဲ့သည့်ရာသီ ချယ်လ်ဆီး၏ ချန်ပီယံလိဂ် ပြိုင်ဘက် ဖြစ်ခဲ့ဖူးသော နာပိုလီ အသင်းသည် ပေါ်တူဂီ လက်ရွေးစင် မီရာလက်စ်အား အထူး စိတ်ဝင်စားနေကြောင်း ဖော်ပြခဲ့သည်။ ချန်ပီယံလိဂ် ရှုံးထွက်အဆင့်တွင် ချယ်လ်ဆီး အသင်းသည် နာပိုလီကို အဝေးကွင်းတွင် အရေး နိမ့်ခဲ့စဉ်က နာပိုလီသည် မီရာလက်စ်ကို စတင် ခြေရာခံ စောင့်ကြည့် လာခဲ့ကြောင်း သိရသည်။ နာပိုလီသည် တိုက်စစ်မှူး အက်ဇ်ကွီရယ်လ် လာဗက်ဇီအား PSGသို့ ရောင်းထုတ်ရန် သဘော တူညီခဲ့သည့်နောက် ရရှိလာသော ငွေကြေးအချို့ကို မီရာလက်စ်အား ပြန်လည် ကမ်းလှမ်းရန် အသုံးပြုဖွယ် ရှိနေကြောင်း သတင်းများက ဆိုသည်။
နာပိုလီမှ စိတ်ဝင်စားနေသည့် မီရာလက်စ်
မီရာလက်စ်သည် ဥရောပ ဖလားတွင်လည်း နိုင်ငံ လက်ရွေးစင် အသင်းအတွက် ခြေစွမ်းပြ ကစားပေးလျှက် ရှိနေရာ နာပိုလီသည် ၎င်း၏ အနေအထားကို ပိုမိုနှစ်သက် ကျေနပ်လာဖွယ် ရှိနေသည်။ မီရာလက်စ်သည် လီဗာပူးလ်မှ ပြောင်းရွှေ့ လာသည့်နောက် ချယ်လ်ဆီးတွင် (၁)နှစ်သာ ကစားရသေးသည်။ အသက်(၂၉)နှစ်ရှိ ကစားသမား အတွက် ပေါက်ဈေးသည် ပေါင်စတာလင် (၈)သန်းမျှ ဖြစ်နိုင်ပြီး ကစားသမားက မိမိ၏ အနာဂတ်ကို ဥရောပ ဖလား ပြိုင်ပွဲကာလ အတွင်း ဆွေးနွေးမည် မဟုတ်ဟု ပြောဆိုထားသည်။
ချန်ပီယံလိဂ် ရှုံးထွက်အဆင့်တွင် ချယ်လ်ဆီး အသင်းသည် နာပိုလီကို အဝေးကွင်းတွင် အရေး နိမ့်ခဲ့စဉ်က နာပိုလီသည် မီရာလက်စ်ကို စတင် ခြေရာခံ စောင့်ကြည့် လာခဲ့ကြောင်း သိရ...
12:34 PM
Admin
Posted in: 

0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com