ရခိုင်ပြည်နယ် ပြန်လည် ထူထောင်ရေး လုပ်ငန်းများတွင် အကူအညီ ပေးနိုင်ရန် အတွက် ရန်ပုံငွေ ဘောလုံးပွဲ တစ်ပွဲကို ရန်ကုန် ယူနိုက်တက် အသင်းမှ ကြီးမှူး၍ လာမည့် ဇွန်(၂၉)ရက်တွင် ရန်ကုန် ယူနိုက်တက် အသင်းပိုင် မြက်ခင်းတု ကွင်းတွင် ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
Actor Star F.C နှင့် Myanmar F.C တို့ ယှဉ် ပြိုင်ကစားကြမည့် အဆိုပါ ခြေစမ်းပွဲတွင် Actor Star F.C ဘက်မှ နာမည်ကြီး သရုပ်ဆောင်များ ဖြစ်ကြသည့် လူမင်း၊ သူထူးစံ၊ နေမင်း၊ မြင့်မြတ်၊ ဇာနည်၊ နေတိုး၊ မင်းသွေး၊ ကျော်ကျော်ဗို၊ ထွန်းထွန်း၊ ဖိုးချစ်တို့ ပါဝင်ကြမည် ဖြစ်ကြောင်း သိရသည်။ Myanmar F.C နှင့် အတူ အဆိုတော်များ ဖြစ်သည့် အောင်လ၊ ဟက်ကက်၊ လင်းလင်း၊ မျိုးကြီး၊တို့ ပါဝင်လာမည့် အပြင် မြန်မာ ဘရူဝါရီမှ ၀န်ထမ်းများ၊ METV-4 မှ ၀န်ထမ်းများ၊ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်မှ ၀န်ထမ်းများ၊ ရန်ကုန်ယူနိုက်တက် အသင်းမှ မြန်မာ့လက်ရွေးစင် ကစားသမားများ ဖြစ်သည့် မျိုးမင်းထွန်း၊နှင့် ခင်မောင်လွင်တို့လည်း ပါဝင်မည် ဖြစ်ကြောင်း သိရသည်။ အထူးတန်းလက်မှတ်(၁)စောင်လျှင် (၅၀၀၀)ကျပ်၊ ရိုးရိုးတန်း လက်မှတ်(၁)စောင်လျှင် (၃၀၀၀)ကျပ် သတ်မှတ်ထားပြီး ကွင်းဝင်ကြေးများကို လှူဒါန်းမည် ဖြစ်သည်။
Ref:ygnutd.com
12:33 PM
Admin
Posted in: 

0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com