22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Sunday, June 3, 2012

ဒေါ်အောင်ဆန်းစုကြည်အား လိုအပ်တာထက်ပိုပြီး ဧည့်ဝတ်မပြုရန် မြန်မာသံရုံးမှတဆင့် ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဋ္ဌာနသို့ ဖိအားပေးခဲ့သည်ဟုဆို ..



ဒေါ်အောင်ဆန်းစုကြည်အား လိုအပ်တာထက်ပိုပြီး ဧည့်ဝတ်မပြုရန် မြန်မာသံရုံးမှတဆင့် ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဋ္ဌာနသို့ ဖိအားပေးခဲ့သည်ဟုဆို..
 World Economic Forumမှ ဖိတ်ကြားချက်ကြောင့် ထိုင်းနိုင်ငံသို့ ရောက်ရှိနေတဲ့ မြန်မာလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ထိုင်းနိုင်ငံမှ ဖိတ်ကြားထားတဲ့ နိုင်ငံတော်အဆင့် အစိုးရ ဧည့်သည်တော် မဟုတ်တဲ့ အတွက် လိုတာထက်ပိုပြီး ဧည့်ဝတ်မပြုရန် မြန်မာအစိုးရမှ ထိုင်းနိုင်ငံရှိ... မြန်မာသံရုံးမှ တဆင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဋ္ဌာနသို့ ဖိအားပေးခဲ့ကြောင်း သိရှိရသည်...။ 

အဆိုပါ သတိပေး အကြောင်းကြားချက်ဟာ ဒေါ်အောင်ဆန်းစုကြည် ၃၁ရက်နေ့က မဟာချိုင်သို့ ဒုတိယအကြိမ် သွားရောက်အပြီး ယခုကဲ့သို့ ဖိအားပေး အကြောင်းကြား ခဲ့တာဖြစ်တယ်လို့ ဆိုပါသည်။ ထိုင်းနိုင်ငံသို့ ရောက်ရှိနေစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်အား ထိုင်းဝန်ကြီးချုပ်ဟောင်း အဘီဆစ်မှ သွားရောက် တွေ့ဆုံခဲ့ခြင်း၊ ထိုင်း ဒုတိယဝန်ကြီးချုပ်မှ လက်ခံတွေ့ဆုံခဲ့ခြင်း၊ မဟာချိုင်သို့ ဒုတိယနေ့ သွားရောက်စဉ် ထိုင်းအလုပ်သမားရေးဝန်ကြီးဋ္ဌာနမှ ဒုတိယဝန်ကြီး ကိုယ်တိုင် ကြိုဆိုနှုတ်ဆက်ခြင်း စသည်တို့၏ နောက်ဆက်တွဲအဖြစ် မြန်မာအစိုးရမှ မေလ(၃၁)ရက်နေ့က ထိုင်းနိုင်ငံရှိ မြန်မာသံရုံးမှ တဆင့် ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဋ္ဌာနထံသို့ သတိပေး အကြောင်းကြား ခဲ့သည်ဟု သိရှိရသည်..။ 

မြန်မာသံရုံးမှ ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဋ္ဌာနအား နိုင်ငံတော်အဆင့် ဖိတ်ကြားထားသည့် ဧည့်သည်တော် မဟုတ်သည့်အတွက် လိုအပ်တာထက်ပိုပြီး ဧည့်ဝတ်မပြုရန် သတိပေးခဲ့တယ်လို့ ဆိုပါတယ်..။ ကနဦး အစီအစဉ်များထဲ၌ ထိုင်းဝန်ကြီးချုပ် ယင်လတ်မှ ဒေါ်အောင်ဆန်းစုကြည်အား သီးသန့် ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံရန် အစီအစဉ် ရှိခဲ့သည်ဟုလည်း သတင်းများ ထွက်ပေါ်ခဲ့သည်။

 ယနေ့ မြန်မာပြည်သူလူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ မဲဆောက် ခရီးစဉ်၌ မယ်လဒုက္ခသည် စခန်းသို့ သွားရောက်လေ့လာမည့် အစီအစဉ်အပြင် ကနဦး စီစဉ်ထားသည့် မယ်တော်ဆေးခန်းသို့ သွားရောက်လေ့လာမည့် အစီအစဉ်များ၊ နယ်စပ်ရှိ တိုင်းရင်းသား အဖွဲအစည်းများနှင့် တွေ့ဆုံဆွေးနွေးမည့် အစီအစဉ်များ ဖျက်သိမ်းခဲ့ရခြင်းမှာ အထက်ပါ အကြောင်းအရာများနဲ့ ဆက်စပ်နေမလားပဲ။ 

ယနေ့ မဲဆောက် ခရီးစဉ်ဟာ ကျတော်တို့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သတ်မှတ်ချက် ဘောင်အတွင်းမှ လှုပ်ရှား သွားလာခဲ့ရသည့် အနေအထားမျိုး ဖြစ်နေကြောင်း သုံးသပ်မိသည်.. 

အဆိုပါ သတင်းအတွက် သတင်းဋ္ဌာနများ စုံစမ်းမေးမြန်း ဖော်ထုတ်စေလိုပါတယ်..။ ယခုထက်တိုင် မိမိအခြေအနေ အမှန်ကို အမှန်အတိုင်း မသုံးသပ်နိုင်ပဲ မနာလို မစ္ဆိရိယစိတ်တွေနဲ့ ခေတ်နောက်ပြန်ဆွဲ အကောက်ကြံ ပိတ်ပင်တားမြစ်ရေး အတွေးအခေါ်တွေ ရှိနေသရွေ့တော့ အနာဂတ် မြန်မာပြည်အရေး..
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )