22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Monday, June 4, 2012

တောင်ကုတ်တွင် အသတ်ခံရသူ ၁၀ ဦးကို ယနေ့နေ့လည် သဂြိုဟ်မည်

တောင်ကုတ်မှာ အသတ်ခံရသူများကို သံတွဲ သင်္ချိုင်းမှာ သင်္ဂြိုလ်နေစဉ်
ဇွန် ၄ ရက်၊ ၂၀၁၂ခုနှစ်၊ YPI

ယမန်နေ့မွန်းလွဲပိုင်း တောင်ကုတ်-သံတွဲလမ်းဆုံတွင်လူအုပ်စုမှ ၀ိုင်းဝန်းသတ်ဖြတ်ခြင်းခံရသူ အစ္စလာမ်ဘာသာဝင် ၁၀ ဦးအား ယနေ့နေ့လည် ၂ နာရီတွင် သံတွဲမြို့ အစ္စလာမ် သုဿန်တွင်သဂြိုဟ်မည်ဟု သံတွဲမြို့ခံတဦး ကပြောသည်။

ယမန်နေ့မွန်းလွဲပိုင်း သံတွဲ-ရန်ကုန်သွား ရိုးမသစ္စာ ခရီးသည်တင်ယာဉ်ပေါ်ပါ အစ္စလာမ်ဘာသာဝင် ၁၀ ဦးကို တောင်ကုတ်မြို့ခံလူအုပ်က သံတွဲ တောင်ကုတ်လမ်းဆုံတွင် ရိုက်နှက်ခဲ့ကြသဖြင့် ယင်း ၁၀ ဦး သေဆုံးခဲ့ရခြင်းဖြစ်သည်။ သေဆုံးသူများထဲတွင် တခြမ်းပဲ့ ဗလီ တရားထိုင်အဖွဲ့ဝင် ၈ ဦးအပြင် ရိုးမသစ္စာ မော်တော်ယာဉ်လိုင်း ကိုယ်စားလှယ်တဦးနှင့် သံတွဲမြို့ခံတဦးတို့ဖြစ်သည်ဟုသိရှိရသည်။

၎င်းတို့၏ ရုပ်အလောင်းများကို ယနေ့နံနက် ၁နာရီခွဲကျော်တွင် သံတွဲမြို့သို့ ပြန်လည်သယ်ဆောင်လာပြီး ယနေ့မွန်းလွဲ ၂ နာရီတွင် သဂြိုဟ်ရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။

ရုပ်အလောင်းများ ထားရှိရာ သုဿာန်သို့ အသိမိတ်ဆွေများ နှင့် ဆွေမျိုးသားချင်းများ လာရောက်ကြည့်ရှုလျှက်ရှိရာ လူပရိသတ် ၂၀၀ ကျော် ၃၀၀ နီးပါးရှိလာသည့်နောက် ရဲလုံခြုံရေးများ ပိုမိုတိုးမြှင့်ချထားခဲ့ရသည်ဟုလည်း သံတွဲမြို့ခံက ပြောသည်။

ယခုကဲ့သို့ သံတွဲ ရန်ကုန်ကားပေါ်ပါ အစ္စလာမ်ဘာသာဝင် ခရီးသည်အချို့အား ရန်ပြုသတ်ဖြတ်သည့်ညတွင် ရခိုင်ပြည်နယ် စစ်တွေမြို့၌ ရခိုင်အမျိုးသားတဦး အသတ်ခံရသည်ဆိုသည့် သတင်းများထွက်ပေါ်ကာ အမှတ် (၁) ရဲစခန်းသို့ လူအုပ်ကြီးက ၀ိုင်းဝန်းတောင်းဆိုသည့် အဖြစ်အပျက်ဖြစ်ပျက်ခဲ့သည်။

ယခုလောလောဆယ်တွင် သံတွဲမြို့ လုံခြုံရေး အခြေအနေမှာ ပုံမှန်အတိုင်းသာရှိသည်ဟုလည်း ယင်းမြို့ခံက ဆိုသည်။ ။
Yangon Press International
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )