22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Monday, June 4, 2012

တောင်ကြီးမြို့ နယ် တောင်နီစံပြကျေးရွာမှာ ဈေးသူဈေးသားများ ဈေးဖွင့်ပေးဖို့ ဆန္ဒပြပွဲ

ရှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ နယ် တောင်နီစံပြကျေးရွာမှာ
၀၂-၀၆-၂၀၁၂ နံနံက် ၇း၀၀ နာရီမှစပြီး ကျေးရွာသူ၊သားများ၊ဈေးသူ၊သားများ
စုပေါင်းရ်ျဆန္ဒဖော်ထုတ်ပွဲပြုလုပ်ခဲပါတယ်။

ဆန္ဒပြပွဲစစဉ်မှာ လူအင်အား(၂၀၀) ခန့် ပါဝင်ခဲ့ ပီး နောက်ပိုင်းလူအင်အား (၅၀၀)
ခန့် အထိရှိခဲ တယ်။

ဖြစ်ပွားပုံကတော့ ဇွန်(၁)ရက် ၂၀၁၂ နေ့  ညနေ ၅ နာရီ ၄၀ ခန့် အချိန်မှာ
တောင်နီစံပြကျေးရွာဈေးတွင် ကျေးရွာဥက္ကဌဦးလှသော်နှင့် မြိုနယ်စည်ပင်
 မှ ပြည်နယ်ရဲအယောက်(၃၀)ခန့် ခေါ်ပြီးဈေးဆိုင်ခန်းများအားလုံးပိတ်ပစ်ခဲ့ 
ရာက စခဲ့တာဖြစ်ပါတယ်။

အဲဒီနောက်မြို့ နယ်အုပ်ချုပ်ရေးမှူးဦးကျော်ခေါင်မှ ပုဒ်မ(၁၈၈) ထုတ်ပြန်ကာ
ဈေးအားကန်သတ်နယ်မြေအဖြစ်ဆိုင်းဘုတ်များချိတ်ဆွဲခဲ့ ပြီး ဈေးသစ်ကို ပြောင်းရွှေ့ 
ရန်အဓမ္မအမိန့် ပေးစေခိုင်းခဲ့ တယ်။

ဈေးသားတဦးကတော့
"ကျနော်တို့ ကဈေးဟောင်းမှာပဲ ရောင်းချင်တာ၊ မရွေ့ ချင်ဘူး။ အခုတော့ ဖာက်သယ်တွေလဲပျက်ကုန်တယ်။ ဈေးပိတ်ထားတော့ ကျနော်တို့တွေ ဘာလုပ်စားရမှာလဲဗျာ´ဟုဈေးသားတဦးမှ ရင်ဖွင့်ပြောကြာခဲ့ ပါသည်။

နောက်ဈေးသူ တဦးကလည်း `ကျမတို့ ဒီဈေးဟာဘိုးဘွားပိုင်ဈေးပါ။ သူတို့ 
(အာဏာပိုင်)တွေ ဈေးပြန်ဖွင့် မပေးမချင်း ကျမတို့ ကတော့
ဆက်လက်ဆန္ဒဖော်ထုတ်သွားမှာပဲ။ ဈေးသစ်က ဆိုင်ခန်းတွေကိုလဲကျမတို့ 
မ၀ယ်နိင်ဘူးလေ။ ဟု ဈေးသူတဦးမှပြောကြားခဲ့ တယ်"

အမိန်ကြော်ငြာစာအရ ဈေးပိတ်ထားပီး ဈေးသားများဈေးဟောင်းတွင် မရောင်းရဟု
ဆိုသော်လည်းဈေးပတ်ပတ်လည်တွင် စည်ပင်သာယာဈေးဆိုင်ခန်းများမှာမူ ဖွင့် လှစ်ရောင်းချခွင့် ရကြောင်း၊ ဈေးသူဈေးသားအချင်းချင်းတန်းတူညီမျှ အခွင့်
အရေးမရှိဖြစ်နေကြောင်းလည်း ဈေးသူဈေးသားများက ပြောပါတယ်။

ပေးပို့ သူ.... ဝေယံ(တောင်ကြီး)
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )