
8:55 AM

Admin
No comments
အသက် အရွယ် ရလာသော အခါ ပုံမှန် ငယ်စဉ် က အတိုင်းသွေး လေလည် ပတ်လှုပ်ရှား သွားလာ မှု မှန်ကန် စေရန် ရောဂါ ဘယဆိုးများ ကင်းဝေးစေရန် တရုတ်ရိုးရာသိုင်းပညာထိုက်ချိ(Tai chi) ကို ပုံမှန်ကစားပေးသင့်ကြောင်း ဆင်ဟွာမှ သတင်းပေးဖော်ပြလာပါ သည်။ စိတ်ရောခန္ဓာပါ တွဲစပ်ပုံဖော် လှုပ်ရှားကစားရသည့်အဆိုပါ ထိုက်ချိ သည် အသက်အရွယ်ကြီးသူများ၏ နှလုံးအားကို ကောင်းမွန်နေစေရန် အထောက် အကူပေးထားနိုင်ပြီး လေ ဖြတ်ခြင်းကိုလည်း ဟန့်တားပေးနိုင် ကြောင်းဆင်ဟွာမှ ဖော်ပြခဲ့ပါသည်။ ဟောင်ကောင်တွင် လေ့လာသုတေသန ပြုသူပညာရှင်များက တစ်နေ့မိနစ် ၉၀ိခန့် ပုံမှန်ထိုက်ချိကစားပေးသူ ထိုက် ချိကလပ်အသင်းဝင်များနှင့် သာမန် လူကြီးများအား ဆန်းစစ်ခဲ့ရာ ၃ နှစ် ခန့် ထိုက်ချိကစားသူ လူကြီးများတွင် ရောဂါဘယဆိုးများကင်းဝေးသည်ကို တွေ့ရှိခဲ့ရပေသည်။ ဟောင်ကောင် တက္ကသိုလ်မှာ ပရော်ဖက်ဆာ ဝီလျံ တန်ကလည်း သွေးလွှတ်ကြောတွေ ပွင့် နေပြီး ပုံမှန်သွေးလည်ပတ်စီးဆင်းမှ ဘာလေဖြတ်ခြင်းကို ဟန့်တားနိုင်မှာ ဖြစ်ကြောင်းသို့အတွက် သွေးကြောများ အား သန်မာအားဖြည့်ပေးသည့် ထိုက် ချိကို ပုံမှန်ကစားသင့်ကြောင်း အကြံ ပြုပြောကြားသွားခဲ့ပါသည်။
Posted in: ကျန်းမာရေး
Print
PDF
0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com