22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Friday, June 8, 2012

ဆူညံသံနှင့် ကျန်းမာရေး

ဆူညံသံနှင့် ကျန်းမာရေးကျွန်တော် တို့နိုင်ငံသည် လူဦးရေ တစ်နေ့တစ်ခြား များပြား လာ ပါသည်။ သွားလာလှုပ်ရှားမှု များလာသည်နှင့် အမျှ ဆူညံ သံများလည်း ပိုမို ထွက်လာ ပါသည်။ မော်တော်ကား အသစ်များ ထွက်ပေါ်လာ သကဲ့သို့ ဆူညံသံ ထွက်နေသော မော် တော်ကားဟောင်းများလည်း ရှိနေ ပါ သေးသည်။ လူဦးရေထူ ထပ်သောမြို့ကြီး များတွင် လူစကားပြောသံမှအစ၊ အဆောက်အဦးအသစ်များတည်ဆောက် နေသော အသံ များကို လည်းကြားနေရပါ သည်။
ဆူညံသံသည် ကျွန်တော်တို့၏ ကျန်းမာရေးကိုထိခိုက်စေနိုင်ပါသည်။ အန္တရာယ်လည်းရှိနိုင်ပါသည်။ ဆူဆူညံညံ အသံဗလံများသည် ကျွန်တော်တို့ အား နားတွင် အနာတရဖြစ်ခြင်း၊ နှလုံးရောဂါ ဖြစ်ခြင်း၊ စိတ်ဓာတ်ကျဆင်းစေခြင်း၊ အိပ်မပျော်ခြင်းနှင့် သွေးတိုးရော ဂါဖြစ် ခြင်းစသော ဆိုးကျိုးများကိုပေးပါသည်။ ကျန်းမာ၊ ကြံ့ခိုင်သည့်လူများဖြစ်စေရန် နေရာအနှံ့တွင် အသံများကို လျော့ချ ထိန်းချုပ်မှုများအောင်ဆောင်ရွက်ရပါ မည်။ ကျွန်တော်တို့သည် နေ့စဉ်နှင့်အမျှ အသံအမျိုးစုံကိုကြားနေရပါသည်။ ထို အသံမျိုးစုံ သည်ကျွန်တော်တို့၏ ကျန်းမာ ရေးကိုတိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ် စေ၊ အနည်းနှင့်အများထိခိုက်လျက်ရှိပါ သည်။
ထိုအသံများမှာ အိမ်အတွင်းမှ လည်းကောင်း၊ လမ်းပေါ်မှလည်း ကောင်းလုပ်ငန်းခွင်မှ လည်းကောင်း၊ ရပ်ကွက်/ကျေးရွာများမှလည်းကောင်း ထွက်ပေါ်လာပါသည်။ ကျွန်တော်တို့ သည် အသံပြင်းအားအမြင့်ဆုံး ၅၀ ဒီဘီ (ဒက်စီဘဲလ်)ကိုသာအမြင့်ဆုံးခံနိုင်ရည် ရှိပါသည်။ (၅၀) ဒီဘီ ထက်ကျော် လွန်သောအသံများကို ဆက်တိုက်နေ့စဉ် နှင့်အမျှကြားရပါက ကျန်းမာရေးက ထိခိုက်လာနိုင်ပါသည်။ အိမ်အတွင်း၌ကလေးငိုသံစကား ကျယ်ကျယ်ပြောသံ၊ ကတ်ဆက်၊ တိဗွီ၊ ဗွီဒီယိုဖွင့်သံများအပြင် အဝတ်လျှော် စက်၊ လေအေးစက်၊ သစ်သီးရည်မွှေ စက်၊ ဖုန်သုတ်စက်၊ ရေခဲသေတ္တာ၊ အညစ်အကြေးထုတ်စက်၊ အဝတ် လျှော်စက်မှ ထွက်သည့်အသံသည် (၆၀ မှ ၈၀) ဒီဘီအထိရှိပါသည်။ အညစ် အကြေးထုတ်စက်မှ ထွက်သည့်အသံ သည်ပို၍ဆိုးဝါးပါသည်။
လမ်းများပေါ်တွင် ယာဉ်ပေါင်းစုံ မောင်းနှင်သွားလာမှုကြောင့်ဖြစ်ပေါ် လာနိုင်သော ဆူညံသံများကြောင့်နား လေးခြင်း၊ အိပ်ရေးမဝခြင်း၊ စိတ်ကြည် လင်လန်းဆန်းမှုမရှိခြင်း၊ မောပန်းနွမ်း နင်ခြင်းနှင့်သွေးလည်ပတ်မှုကိုထိခိုက် ခြင်း စသော ကျန်းမာရေးပြဿနာ များ ဖြစ်ပေါ်လာနိုင် ပါသည်။ စက်သံပြင်း သည့်ထရပ်ကားများအသံ မော်တော် ကား ဆူညံသံ မီးရထားခုတ်မောင်းသံနှင့် ဂျက်လေယာဉ်မှ ထွက်သည့်အသံတို့ ကြောင့် နှလုံးတုန်ရင်ခုန်စေခြင်း နားထဲ တွင်နားကျင်ခြင်း၊ ပျို့အန်ခြင်း၊ အစာ အိမ်ရောဂါ၊ နှလုံးရောဂါနှင့်ပန်းနာရင် ကြပ်ရောဂါများပို၍ ဆိုးလာခြင်းတို့ဖြစ် တတ်ပါသည်။ ကျွန်တော်တို့နိုင်ငံသည် လူဦးရေ တိုးလာသည်နှင့်အမျှ လိုအပ်သောကုန် ပစ္စည်းများထုတ်လုပ်ရန် စက်ရုံ၊ အလုပ် ရုံများကို ပိုမိုတိုးချဲ့၊ တည်ဆောက်လာ ကြပါသည်။
အထည်ချုပ်စက်ရုံ၊ စက် ယက်ကန်း၊ သံမဏိစက်ရုံ၊ ကားဘော် ဒီရုံ၊ သင်္ဘောဆေးစက်ရုံ၊ သတ္တုသွန်း လုပ်သည့်စက်ရုံ၊ မုန့်စက်ရုံ၊ ဂျုံစက်ရုံ ဆီစက်ရုံနှင့် အမှုန့်ကြိတ်စက်ရုံစသည် များတွင်အလုပ်လုပ်နေသောအလုပ်သ မားများသည် နားနှစ်ဖက်စလုံးတွင် အသံထိန်းနားကြပ်များတပ်ဆင်ခြင်းနှင့် နားတွင်းဝါဂွမ်းဆို့ထားခြင်းမရှိကြပါ။ အလွန်နည်းပါးစွာတပ်ဆင်ကြပါသည်။ စက်ရုံလုပ်သားများသည် အမြင့်ဆုံး (၉၅) ဒီဘီနှင့် အထက်စက်ရုံများတွင် အလုပ်လုပ်သော အလုပ်သမားများ သည်နားလေးသူများဖြစ်နိုင်ပါသည်။ စက်ရုံဥဩဆွဲသံသည်လည်းနားကိုထိခိုက် စေပါသည်။ ရက်ကွပ်၊ ကျေးရွာများတွင် သီ တင်းကျွတ်၊ တန်ဆောင်မုန်း လများ၌ ဗျောက် အိုးဖောက်သည့် ဓလေ့ရှိကြပါ သည်။ မီးအိုဗျောက်အိုးပေါက်ကွဲသံများ ကြောင့် ရုတ်တရက် လန့်ဖျပ် တုန်လှုပ် ခြင်း၊ သွေးခုန်နှုန်းမြန်ခြင်း၊ သွေးဖိ အား တက်ခြင်း၊ ချွေးထွက်လွန်ခြင်း၊ တံတွေး နှင့် အစာခြေရည်ထွက်မှုနည်းခြင်းတို့ ဖြစ်တတ်ပါသည်။
အနောက်တိုင်းတူရိ ယာပစ္စည်းများကို ကျယ်လောင်စွာ တီးမှုတ်ခြင်းကြောင့် နားအူခြင်း၊ ခေါင်း မူးခြင်း၊ နှလုံးတုန်၊ ရင်ခုန်ခြင်းတို့ခံစား ရနိုင်ပါသည်။ အလှူ၊ မင်္ဂလာဆောင်များ တွင်အသံချဲ့စက်များနှင့်ဆောင်းဘောက်စ် များကြောင့်လည်းကျန်းမာရေးကိုထိခိုက် စေပါသည်။
ရပ်ကွက်/ကျေးရွာများတွင် သွားလာလှုပ်ရှားနေသော မော်တော် ဆိုင်ကယ်များနှင့်ထွေလာဂျီစက်များ မီး မလာပါက မောင်းသော မီးစက်ကြီး များကြောင့်လည်း အန္တရာယ်ဖြစ်နိုင်ပါ သည်။ ဆူဆူညံညံအသံဗလံများကို ကျန်း မာရေးကိုထိခိုက်နိုင်ခြင်းကြောင့်ကာ ကွယ်ရပါမည်။ မော်တော်ယာဉ်ဟွန်းများ ကို တီးချင်တိုင်းမတီးပဲ ဘေးအန္တရာယ် တစ်စုံတစ်ခုဖြစ်ပေါ်မှသာတီးခြင်း၊ ညအချိန်တွင် လမ်းမကြီးများပေါ် ၌ ဆူ ဆူညံညံပေးသော မော်တော်ယာဉ်ကား ကြီးများမမောင်းခြင်း၊ ဆူညံလွန်းသော တေးဂီတသံများကိုတားဆီးပိတ်ပင်ခြင်း၊ အသံချဲ့စက်များစည်းမဲ့ကမ်းမဲ့မဖွင့်စေခြင်း၊ ဆူညံသံထုထည်ကိုတိုင်းသည့် အီလက် ထရွန်းနစ်ကရိယာများတပ်ဆင်ခြင်း၊ ဆူညံသံဖြစ်ပေါ်စေမည့်အပြုအမူအားလုံး (ဥပမာ မူးယစ်ပြီးဆဲဆိုနေခြင်း၊ ဈေးနှင့် လမ်းဆုံလမ်းခွတွင်စကားများရန်ဖြစ်နေ ခြင်း)ကို ဥပဒေဖြင့်တားဆီး အရေးယူ ခြင်း၊ အိမ်တွင် ဒီဘီနည်းသော ပစ္စည်းများသုံးခြင်း၊ အသံတိုးတိုးပြောပါ ဟူသောစာသားများချိတ်ဆွဲထားခြင်း၊ လုပ်ငန်းခွင်မှ ဆူညံသံများကာကွယ်ရန် နားကြပ်တပ်ဆင်ခြင်း၊ စက်ရုံအလုပ်ရုံ မှ မီးစက်များအားအသံလုံသည့်နေရာ တွင် ထား၍ အသံကို ထိန်းခြင်းနှင့် အလုပ်သမားများနားကို စစ်ဆေးခြင်း များပြုလုပ်ပါရန်အကြံပြုအပ်ပါသည်။
ဒေါက်တာမြင့်သန်းထွန်း (ပြည်သူ့ကျန်းမာရေး)
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )