22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Sunday, June 3, 2012

ကျောက်ဖြူလူထု မိုးရေကြားထဲ မသီတာထွေးအတွက် သွားရောက် ဆန္ဒပြ

ကျောက်ဖြူမြို့လူထု ၂၅၀ ခန့်သည် ယနေ့ နံနက်က မိုးရွာနေသည့်ကြားထဲမှ ထီးကိုယ်စီ ဆောင်းပြီး ရခိုင်ဝန်ကြီးများ တည်းခိုနေရာ ဆောက်လုပ်ရေး ရိပ်သာထိ ချီတက်ပြီး မသီတာထွေး သေဆုံးမူ အတွက် မကျေနပ်ကြောင်း  ထုတ်ဖေါ် ဆန္ဒပြခဲ့ကြသည်ဟု သိရသည်။

“ ရခိုင်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာ ၀န်ကြီး ဗိုလ်မှူးကြီး ထိန်လင်းနဲု့ ရခိုင်ပြည်နယ် ရဲမှူးကြီး ဦးအောင်ကျော်ဦး တို့ ကျောက်ဖြူ ဆောက်လုပ်ရေး ရိပ်သာမှာ တည်းခိုနေတဲ့ အတွက် ခုလို သွားရောက်ပြီး မတရား အသတ်ခံခဲ့ရတဲ့ မသီတာထွေး အတွက် ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်” ဟု ကျောက်ဖြူ ဒေသခံ တစ်ဦးက ပြောသည်။
ဆန္ဒပြသူ ၂၅၀ ခန့်သည် ယနေ့ နံနက် ၉ နာရီခွဲက ကျောက်ဖြူမြို့လယ် သာသနာ့ ရိပ်သာရှေ့မှ စုရုံးကာ ကျောက်ဖြူ ပြည်သာယာဈေး အရှေ့ဘက်သို့ ချီတက်ပြီး ထိုမှတဆင့် ဆောက်လုပ်ရေး ရိပ်သာရှေ့သို့ ဆက်လက် ချီတက်ကာ  ဆန္ဒပြခဲ့ကြသည်။
“ ကျွန်တော်တို့ ကျောက်နီမော်မှာ ဖြစ်ခဲ့တဲ့ ပြဿနာကို အမြန်ဆုံး အရေးယူ ဆောင်ရွက်ပေးဖို့နဲ့ နောက်ထပ် ဒီလိုမျိုး ပြဿနာတွေ ထပ် မပေါ်ပေါက်ရအောင်တားဆီးပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။ ပီးရင် ပြစ်မူ ကျူးလွန်သူတွေကို သေဒဏ်ပေးဖို့ တောင်းဆိုကြပါတယ်။ ၀န်ကြီး ဗိုလ်မှူးကြီး ထိန်လင်းကတော့ အမြန်ဆုံး ဖြေရှင်းပေးမယ်လို့ ပြောကြားပါတယ်။”
ဝန်ကြီး ဗိုလ်မှူးကြီး ထိန်လင်းမှ ၁၀ ရက်အတွင်း ရုံးထုတ် တရားစွဲဆိုရန် စီစဉ်ပေးမည် ဖြစ်ကြောင်း၊ တရားရုံးတွင်လည်း လူအများကို တက်ရောက်နားထောင်ခွင့်ပြုမည် ဖြစ်ကြောင်း၊ ဥပဒေကြောင်းအရ တရားသူကြီးများမှ ထိုက်သင့်သော ပြစ်ဒဏ်များကို ချမှတ်လိမ့်မည်ဟု ပြောကြားခဲ့ကြောင်း သူက ဆက်ပြောသည်။

ဆန္ဒပြရာတွင် အမျိုးသားများ သာမက အမျိုးသမီးများလည်း ပါဝင်ကြောင်း မျက်မြင်များက ပြောသည်။
ဆန္ဒပြသူများသည် ပြစ်မူကျူးလွန်သူများကို သေဒဏ်ပေး၊ သေဒဏ်ပေးဟု ကြွေးကြော် ဆန္ဒပြခဲ့ကြပြီး နံနက် ၁၀ နာရီခွဲတွင် ဆန္ဒပြပွဲကို အဆုံးသတ်ခဲ့သည်။
ရမ်းဗြဲမြို့နယ် ကျောက်နီမော် ကျေးရွာ အနီးရှိ သပြေချောင်းကျေးရွာမှ မသီတာထွေးမှာ မေလ ၂၈ ရက်နေ့ ညနေပိုင်းက မုဒိမ်းကျင့်ခံရသည့် အပြင် လည်ပင်းကို ဓါးနန့် လှီးဖြတ်ခံရပြီ ခန္ဓာကိုယ် တစ်ခုလုံးအားလည်း ရစရာမရှိအောင် ဓါးဖြင့် ထိုးသတ်ခံခဲ့ရသည်။ ရခိုင်ပြည်နယ်တွင် မုဒိမ်းမူများ ယခင်က ပေါ်ပေါက်ခဲ့ဖူးသော်လည်း ယခုကဲ့သို့ လူမဆံစွာ ရက်စက် ကြမ်းကြုတ် သတ်ဖြတ်သည့် အပြုအမူမျိုး  တစ်ကြိမ်တစ်ခါမျှ မပေါ်ပေါက်ခဲ့ဖူးသဖြင့် ဒေသခံ ရခိုင်ပြည်သူများ အကြား ယခု ဖြစ်ရပ်နှင့် ပတ်သက်ပြီး အထူး ဒေါ်သ ထွက်နေကြသည်ဟု သိရသည်။
ယခုကဲ့သို့ လူထု အတွင်း ဒေါသ ထွက်နေသဖြင့် ဖမ်းဆီး ရမိထားသော တရားခံ မူဆလင်(၃) ဦးကို ကျောက်ဖြူ ရဲစခန်း အချုပ်တွင် မထားရဲဘဲ ကျောက်ဖြူ ထောင်ထဲတွင် ချုပ်နှောင်ထားရကြောင်း ကျောက်ဖြူရဲ  တာဝန်ရှိသူ တစ်ဦးမှ  ပြောကြားသည်။

(နိရဉ္စရာ)
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )