22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Sunday, June 3, 2012

သံတွဲ တောင်ကုတ်လမ်း ကားတိမ်းမှောက် ကိုးဦးသေ သုံးဦး ဒဏ်ရာရ

ရန်ကုန်သွား ရခိုင်က ဘတ်စ်ကား တစ်စီး ရခိုင်ဘက်တွင် မောင်းနှင် နေစဉ်။ ဓါတ်ပုံ(နိရဉ္စရာ)
ရန်ကုန်၊ ဇွန် ၂

မုတ်သုံရာသီ ရောက်ချိန်တွင် တောင်ပြို၊ တံတားကျိုး ဖြစ်လေ့ရှိသော ရခိုင်ပြည်နယ်ရှိ သံတွဲမြို့နှင့် တောင်ကုတ်မြို့ကို ပြေးဆွဲသော ကင်တာ (၁၆) ပေကား တစ်စီး ဇွန်လ ၁ ရက်နေ့က ဘီးချော် တိမ်းမှောက်မှုကြောင့် အသက် တစ်နှစ်ခွဲနှင့် နှစ်နှစ်ခွဲ အရွယ် ယောက်ျားလေး နှစ်ဦးနှင့် မိခင်ဖြစ်သူ အပါအဝင် လူ ကိုးဦး ပွဲချင်းပြီး သေဆုံးပြီး သုံးဦး ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့ကြောင်း အဆိုပါ ယာဉ်တိမ်းမှောက်မှုကို သွားရောက် ကူညီခဲ့သူ သံတွဲမြို့ ရဲအောင်လံ ကားဂိတ်မှ ဂိတ်မှူး ဦးကျော်ကျော်က The Voice Weekly သို့ ပြောကြားသည်။

အဆိုပါ ယာဉ်တိမ်းမှောက်မှုမှာ သံတွဲ - တောင်ကုတ် အဝေးပြေး ၂၂ မိုင် လမ်းပိုင်း၌ ဇွန်လ ၁ရက်နေ့ မွန်းလွဲ လေးနာရီခွဲခန့်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း၊ သံတွဲမှ တောင်ကုတ်သို့ ပြေးဆွဲနေသော အဆိုပါယာဉ်မှာ ခရီးသည် လိုက်ပါမှု နည်းပါးသဖြင့် သဲများကို တင်ဆောင်လာရာတွင် တိမ်းမှောက်ခဲ့ခြင်း ဖြစ်ပြီး ခရီးသည်များမှာ သဲဖုံး၍ သေဆုံးသွားခြင်း ဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

“သဲပါ တင်လာတဲ့ ကားမို့လို့ သဲဖုံးပြီး သေကုန်တာ။ နို့မို့ဆို ဒီလောက် မသေဘူး” ဟု ဦးကျော်ကျော်က ဆိုသည်။

“ကားမှာ တင်လာတဲ့သဲက တစ်ပေကျော်လောက် ထူတယ်။ လူတွေက သဲအပေါ်ကနေ လိုက်ကြတာ။ ကားမှောက်တော့ သဲတွေ ပိကုန်တာပေါ့” ဟု ယင်းယာဉ် တိမ်းမှောက်မှုတွင် သွားရောက် ကူညီခဲ့သော သံတွဲ ဒေသခံ တစ်ဦးက ဆိုသည်။

သံတွဲ - တောင်ကုတ် ပြေးဆွဲနေသည့် ခရီးသည်တင်ယာဉ် အများစုမှာ ခရီးသည် ရရှိမှု နည်းပါးသဖြင့် ကုန်ပစ္စည်းများကိုပါ ရောနှော တင်ဆောင်လေ့ ရှိကြောင်း၊ ခရီသည် အလွန်အမင်း နည်းသည့် အချိန်တွင် ငပလီကမ်းခြေမှ သဲများကို တွက်ခြေကိုက်ရန် သယ်ဆောင်လေ့ရှိကြောင်း၊ အဆိုပါ သဲများကို တောင်ကုတ်မြို့ရှိ ဆောက်လုပ်ရေး လုပ်ငန်းရှင်များနှင့် အိမ်ဆောက်လုပ်မည့် သူများကို ရောင်းချကြကြောင်း သံတွဲ ဒေသခံများက ပြောကြားသည်။

သေဆုံသူများတွင် အသက် တစ်နှစ်ခွဲနှင့် နှစ်နှစ်ခွဲအရွယ် ယောက်ျားလေး နှစ်ဦးနှင့် အမျိုးသမီး ခြောက်ဦး၊ အဘိုးအို တစ်ဦး ပါဝင်ပြီး အမျိုးသား သုံးဦး ဒဏ်ရာ ရရှိသွားကြောင်း ၎င်းက ရှင်းပြသည်။
The Voice Weekly
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )