22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Monday, June 4, 2012

ဗန်ဒါဝီလ်ကို ချယ်လ်ဆီး ခေါ်ယူနိုင်ဖွယ် ရှိနေကြောင်း သတင်းများ ထွက်ပေါ်နေ

ချယ်လ်ဆီး အသင်းသည် အေဂျက်စ် အမ်စတာဒမ် နောက်ခံလူ ဂရီဂိုရီ ဗန်ဒါဝီလ်ကို ခေါ်ယူနိုင်ရန် နီးစပ်နေကြောင်း သတင်းများက ဖော်ပြခဲ့သည်။

နယ်သာလန် လက်ရွေးစင် တောင်ပံ နောက်ခံလူသည် အေဂျက်စ်အား နယ်သာလန် ချန်ပီယံ ဖြစ်လာအောင် ခြေစွမ်း ပြခဲ့သည့်နောက် ဥရောပ ချန်ပီယံ ချယ်လ်ဆီးထံသို့ ပြောင်းရွှေ့ရန် စဉ်းစားနေကြောင်း သိရှိရသည်။ တောင်ပံကြော တစ်လျှောက် မမောနိုင်၊ မပန်းနိုင် ပြေးလွှား ကစားနိုင်သည့် ဗန်ဒါဝီလ်သည် အေဂျက်စ်အတွက် ပွဲပေါင်း (၁၀၀)ကျော် ပါဝင် ကစားပေးခဲ့ပြီး ဖြစ်သည်။ ဥရောပ၏ အလားအလာ အကောင်းဆုံး ကစားသမား တစ်ဦးအဖြစ် သတ်မှတ်ခြင်း ခံရသူ ဗန်ဒါဝီလ်အား ချယ်လ်ဆီးက ကာလ အတန်ကြာကတည်းက ချိတ်ဆက်နေခဲ့သည်။
အေဂျက်စ် အမ်စတာဒမ် နောက်ခံလူ ဂရီဂိုရီ ဗန်ဒါဝီလ်

ဟိုဆေး ဘော့ဆင်ဝါကို အသင်းမှ ပြောင်းရွှေ့ရန် ခွင့်ပြုခဲ့သော လန်ဒန်ကလပ်သည် ညာနောက်ခံ ကစားသမားသစ် တစ်ဦးအား ဈေးကွက်ထဲတွင် လိုက်လံ ရှာဖွေနေရာ ဗန်ဒါဝီလ်သည် အဓိက ပစ်မှတ် ဖြစ်လာခဲ့သည်။ ဗန်ဒါဝီလ်က "ကျွန်တော့်ကိုတော့ နည်းပြက ဘာမှ မပြောသေးဘူး။ လောလောဆယ် သတင်းထွက်နေတာတွေက ကောလဟာလပဲလို့ ထင်ပါတယ်။ ဒါပေမဲ့ တကယ်တမ်း ကမ်းလှမ်းမှုတွေ ရှိလာရင်တော့ ကျွန်တော့် အနာဂတ်ကို ပြန်စဉ်းစားမှာပါ"ဟု Sky Sportsသို့ ပြောကြားထားသည်။

ဘော့ဆင်ဝါကို အသင်းမှ ပြောင်းရွှေ့ရန် ခွင့်ပြုခဲ့သော လန်ဒန်ကလပ်သည် ညာနောက်ခံ ကစားသမားသစ် တစ်ဦးအား ဈေးကွက်ထဲတွင် လိုက်လံ ရှာဖွေနေရာ ဗန်ဒါဝီလ်သည် အဓိက ပစ်မှတ် ဖြစ်လာ...
ချယ်လ်ဆီးသည် ၀ါဒါဘရီမင်မှ ဂျာမန် လက်ရွေးစင် တိုက်စစ်သမား မာကိုမာရင်အား ခေါ်ယူထားသလို လိုင်လီအသင်းမှ ဘယ်လ်ဂျီယံ လက်ရွေးစင် အီဒင်ဟာဇက်နှင့် ပေါ်တိုမှ ဘရာဇီးလ် တိုက်စစ်မှူး ဟော့ခ်တို့အား အပြီးသတ် ခေါ်ယူရန် ညှိနှိုင်းမှုများ ပြုလုပ်နေဆဲ ဖြစ်သည်။
Ref: Goal
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )