22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Sunday, June 3, 2012

မြန်မာနိုင်ငံအတွင်း ငတ်မွတ်ခေါင်းပါးမှု တိုက်ဖျက်ရေး လုပ်ငန်းများ လုပ်ကိုင်ရန် WFP ကို အမေရိကန် ဒေါ်လာ ၁၀ သန်းကျော် ဂျပန်အစိုးရပေးအပ်

 
မြန်မာနိုင်ငံအတွင်း ငတ်မွတ်ခေါင်းပါးမှု တိုက်ဖျက်ရေး လုပ်ငန်းများ လုပ်ဆောင်ရန် ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) ကို ဂျပန်နိုင်ငံအစိုးရက အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၆ သန်း ပေးအပ်လိုက်သည်ဟု ပြည်ပ သတင်းဌာနများမှ သိရသည်။
WFP ၏ မြန်မာနိုင်ငံအတွင်း လုပ်ဆောင်နေသော လုပ်ငန်းများအတွက် ဂျပန်အစိုးရမှ ပေးအပ်သော လှူဒါန်းငွေမှာ အမေရိကန်ဒေါ်လာ ၂၂ ဒသမ ၄ သန်း ရှိသွားပြီဖြစ်ကြောင်း သိရသည်။ နောက်ဆုံးရရှိသော အလှူငွေကို WFP ၏ ရန်ကုန်ရုံး၌ ပြုလုပ်သော လတ်မှတ်ရေးထိုးပွဲတစ်ခု၌ လွှဲပြောင်းပေးအပ်ခဲ့သည်ဟု ဆိုသည်။
''ဂျပန်ရဲ့အကူအညီက ရက်ရောသလို အချိန်လည်း ကွက်တိပါပဲ။ မြန်မာ့သမိုင်းရဲ့ အရေးပါတဲ့အချိန်မှာ WFP ဟာ ငတ်မွတ်ခေါင်းပါးမှုနဲ့ အာဟာရချို့တဲ့မှုတွေကို တိုက်ဖျက်ဖို့ အဓိက အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ ဂျပန်လို အလှူရှင်နိုင်ငံနဲ့ ပူးပေါင်းပြီး ကျွန်တော်တို့ တကယ်ကွဲပြားမှုရှိအောင် လုပ်နိုင်ပါပြီ'' ဟု WFP ၏ Country Director ကားလို့စ်ဗီလိုဆိုက ပြောကြားခဲ့သည်။
ဂျပန်နိုင်ငံမှ လှူဒါန်းငွေများကို လူပေါင်း ၃၅၀၀၀ အတွက် အစားအစာနှင့် အာဟာရထောက်ပံ့ပေးမည့် အစီအစဉ်အတွက် အသုံးပြုသွားမည်ဟု ဆိုသည်။
''ဂျပန်နိုင်ငံအစိုးရနဲ့ ဂျပန်လူမျိုးတွေက WFP ကနေတစ်ဆင့် မြန်မာနိုင်ငံကို ကူညီဖို့ ကတိက၀တ် ရှိပြီးသားပါ။ မြန်မာနိုင်ငံဟာလည်း ဂျပန်လိုပဲ သဘာဝဘေးအန္တရာယ်တွေ ဖြစ်ပွားနိုင်ခြေမြင့်ပြီး ရာသီဥတုပြောင်းလဲမှု ဒဏ်ကို ခံရလွယ်ကူတာကြောင့် ဘာတွေ လိုအပ်လဲ၊ ဘယ်လို ထိထိ ရောက်ရောက် တုံ့ပြန်နိုင်မလဲဆိုတာ ကျွန်တော်တို့ သိပါတယ်။ ဒီအကူအညီဟာ မြန်မာအစိုးရရဲ့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးအပေါ် စိတ်အားထက်သန်မှုကို အထောက်အပံ့ ဖြစ်စေမယ်လို့လည်း မျှော်လင့်ပါတယ်'' ဟု ဂျပန် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီမှ ကိုယ်စားလှယ်အကြီးအကဲက ပြောကြားခဲ့သည်။
ယခုနှစ်အတွင်း WFP သို့ ဂျပန်နိုင်ငံမှ လှူဒါန်းမှုမှာ အမေရိကန်ဒေါ်လာ ၁၄၀ သန်းရှိသွားပြီဖြစ်သည်ဟု သိရသည်။
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )