22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Monday, July 16, 2012

နိုင်ငံတကာ AIDS ညီလာခံ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောမည်

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် မှာ ပြုလုပ်ခဲ့တဲ့ ကမ္ဘာ့အေအိုင်ဒီအက်စ် နေ့ အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည့် မိန့် ခွန်း ပြောကြားခဲ့စဉ်။
ဇူလိုင်လ (၂၂) ရက်နေ့ အမေရိကန် ပြည်ထောင်စုမှာ ကျင်းပမယ့် နိုင်ငံတကာ
 AIDS ညီလာခံမှာ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က
ဗီဒီယိုကတဆင့် မိန့်ခွန်းစကား ပြောကြားမယ်လို့ အေအက်ဖ်ပီ သတင်းက ဖော်ပြပါတယ်။

ဒီ ညီလာခံမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ အမေရိကန် သမ္မတဟောင်း Bill Clinton၊ မိုက်ကရိုဆော့ ကုမ္ပဏီ တည်ထောင်သူ သန်းကြွယ်သူဌေး အလှူရှင် Bill Gates နဲ့ ဂီတပညာရှင် အဆိုတော် Elton John တို့ကလည်း တက်ရောက် စကားပြောကြမှာ ဖြစ်ပါတယ်။

နိုင်ငံတကာ AIDS ညီလာခံကို (၂) နှစ်တစ်ကြိမ် ကျင်းပနေတာပါ။ အမေရိကန် ပြည်ထောင်စုမှာ ၁၉၉၀ ခုနှစ်က ကျင်းပခဲ့ပြီးကတည်းက HIV ပိုး ရှိသူတွေကို နိုင်ငံတွင်း အ၀င်မခံတဲ့ ပိတ်ဆို့မှု မူဝါဒကြောင့် နောက်ထပ် မကျင်းပနိုင်ဘဲ ဖြစ်ခဲ့ရပါတယ်။

အဲဒီပိတ်ဆို့မှု ကို ၂၀၀၈ ခုနှစ် သမ္မတ George W. Bush လက်ထက် လွှတ်တော်အမတ်တွေက ပယ်ဖျက်ခဲ့ကြပြီး အဲဒီ ပယ်ဖျက်မှုကို ၂၀၀၉ ခုနှစ် သမ္မတ အိုဘားမားက ဥပဒေအဖြစ် လက်မှတ်ရေးထိုး အတည်ပြုခဲ့ပါတယ်။

အခုကျင်းပမယ့် နိုင်ငံတကာ AIDS ညီလာခံမှာ ပရိတ်သတ် နှစ်သောင်းခွဲလောက် တက်ရောက်မယ်လို့ ခန့်မှန်းထားပါတယ်။ ညီလာခံမှာ HIV/AIDS ဆိုင်ရာ နောက်ဆုံးပေါ် သုတေသန စာတမ်းတွေ ဖတ်ကြားကြမှာ ဖြစ်ပါတယ်။

RFA - Burmese
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )