22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Monday, July 16, 2012

လေဖြတ်ခြင်းဖြစ်စေနိုင်သော အချက်ကို အောင်နိုင်မှုရစေရန်

လေဖြတ်ခြင်းမှ ကာကွယ်ရန်လေထု ညစ်ညမ်းမှု ကြောင့် မျက်လုံး ယားတာ နဲ့ အဆုတ် ပြဿနာ တွေ ဖြစ်နိုင် တယ်ဆို တာကိုတော့ သင် သိပြီးသား ဖြစ်ပါလိမ့်မယ်။ အခု Danish မှ သုတေ သနပြုလုပ်ချက်အရ ညစ်ညမ်းနေတဲ့ လေထုနဲ့ နေ့စဉ်ထိတွေ့ နေရသူတွေဟာ လေဖြတ်နိုင်ခြေ ၃၄ ရာခိုင်နှုန်း မြင့် တက်နိုင်တယ်လို့ သိရပါတယ်။ လေထု ညစ်ညမ်းမှုကြောင့် သွေးကြောတွင်း ရောင်ရမ်းမှုဖြစ်စဉ်တွေ အများကြီးဖြစ် အောင် လှုံ့ဆော်နိုင်လို့ပါ။သင်ဟာ ကား တွေရှုပ်ထွေးတဲ့ မြို့လယ်ကောင်မှာ နေရ သူဖြစ်နေရင် အောက်ပါတို့ကို ပြုလုပ် ပြီး လေမဖြတ်အောင် ကာကွယ်ပါ။
ရုံးခန်း၊ အိမ်ခန်းတွင်း အပင်စိုက်ပါ
အိမ်တွင်းစိုက်ပျိုးရတဲ့ အပင်မျိုးကို အခန်းထဲမှာ စိုက်ထားတာကြောင့် ညစ် ညမ်းတဲ့လေတွေကို အပင်က ၇၀ ရာခိုင်နှုန်း ထိ စုပ်ယူနိုင်တယ်လို့ ဩစတြေးလျမှ သုတေသီတွေက တွေ့ရှိခဲ့ပါတယ်။ အခန်းတွင်း အပင်တစ်ပင် ဒါမှမဟုတ် နှစ်ပင် စိုက်ထားပါ။
မနက် ၁၀ နာရီနှင့် ညနေ ၅ နာရီကြား အပြင်မထွက်သင့်ပါ
မနက် ၁၀ နာရီ မထိုးခင်နဲ့ ညနေ ၅ နာရီနောက်ပိုင်းဟာ သင် လမ်း လျှောက်လေ့ကျင့်ခန်းလုပ်ဖို့ အကောင်း ဆုံးအချိန်တွေပါလို့ သုတေသီတွေက ဆို ပါတယ်။ ဒီအချိန်တွေဟာ ပတ်ဝန်းကျင် လေထုအတွင်းမှ ညစ်ညမ်းနေတဲ့ အရာ တွေ အမြန်ဆုံး လွင့်စဉ်သွားနိုင်လို့ပါ။
ရေများများသောက်ပါ
Danish မှ လေ့လာမှုအရ လေထု ညစ်ညမ်းမှု အများဆုံးအချိန် (ဥပမာ သောကြာနေ့ညပိုင်း ကားထူထပ်ချိန်)နဲ့ ထိတွေ့ပြီး ၄၈ နာရီအတွင်းမှာ လေဖြတ် နိုင်ခြေဟာ အမြင့်မားဆုံးလို့ သိရပါ တယ်။ ဖြစ်နိုင်ခြေများတဲ့ နေ့ရက်တွေမှာ ရေ ခြောက်ခွက် သောက်ပေးပါ။ ရေဟာ သွေးကို မြန်မြန်ကျဲစေနိုင်ပြီး သွေးခဲမှု မဖြစ်အောင် ကာကွယ်နိုင်လို့ပါ။
ပဲနီလေး စားပါ
ပဲနီလေး ခွက်တစ်ဝက်စာကို နေ့စဉ် စားပေးပါ။ ပဲနီလေးမှာ ပါဝင်တဲ့ ရောင် ရမ်းမှုလျော့စေတဲ့ ဒြပ်ပေါင်းတွေဟာ ရောင်ရမ်းမှုအဆင့်ကို ၇၂ နာရီအတွင်း လျှော့ချနိုင်လို့ပါ။
သွေးကြောများ ကျန်းမာအောင် အစေ့ အဆန် စားပါ
အစေ့တွေနဲ့ အခွံမာသီး (Seeds and Nuts) မှာ ဂါမနီလီနိုလစ်နစ်အက် စစ်နဲ့ အိုမီဂါ ၃ ဖက်တီးအက်စစ်လိုမျိုး အစွမ်းထက်ရောင်ရမ်းမှုလျော့စေတဲ့ ပစ္စည်း နှစ်မျိုး ပါဝင်တာကြောင့် ခန္ဓာကိုယ်ရဲ့ ရောင်ရမ်းမှုအဆင့်ကို ၂၉ ရာခိုင်နှုန်း အထိ လျှော့ချနိုင်တယ်လို့ ဟားဗတ်မှ သုတေသီတွေက ဆိုပါတယ်။
Tips: မိနစ် ၂၀ ခန့် ရေစိမ်ချိုးပါ နေ့စဉ် ရေကန်ထဲမှာ မိနစ် ၂၀ ခန့် ရေစိမ်ချိုးတာကြောင့် ခန္ဓာကိုယ်တွင်း စုဆောင်းထားတဲ့ လေဖြတ်နိုင်ခြေဖြစ် အောင် လှုံ့ဆော်တဲ့ လေထုညစ်ညမ်းမှု ကို ၂၂ ရာခိုင်နှုန်း လျော့ကျသွားနိုင်ပါ တယ်။ ဒါ့အပြင် ရေနွေးနဲ့ ရေချိုးတာ ကြောင့် ချွေးပေါက်တွေပွင့်ပြီး သွေး ကြောတွေ ကျယ်လာကာ ကိုယ်တွင်းမှ အဆိပ်တွေဟာ အရေပြားမှတစ်ဆင့် ထွက်သွားနိုင်ပါတယ်။
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )