22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Saturday, July 21, 2012

အမေရိကန် နာမည်ကြီး ကုမ္ပဏီ ၃၈ခု မြန်မာသို့ လာရောက် ရင်းနှီးမြှုပ်နှံရန် တာစူနေ

 


အမေရိကန် နာမည်ကြီး ကုမ္ပဏီ ၃၈ ခုမှ အမှုဆောင် အရာရှိ ၇၀၀ ကျော် ပါဝင်သည့် အမေရိကန် -အာဆီယံ စီးပွားရေး ကောင်စီသည် နှစ်ပေါင်း ၂၇ နှစ်အတွင်း ပထမဆုံး အကြိမ်အဖြစ် မြန်မာနိုင်ငံတွင် ပြန်လည် ရင်းနှီးမြှုပ်နှံရန် လာရောက် ဆွေးနွေးခဲ့ကြောင်း ဇူလိုင် ၁၆ ရက်က ဆီဒိုးနား ဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့သည့် စာနယ်ဇင်း ရှင်းလင်းပွဲမှ သိရသည်။
အဆိုပါ ကုမ္ပဏီ ၃၈ ခုတွင် ဂိုဂဲလ်ကုမ္ပဏီ၊ ဒဲလ်ကုမ္ပဏီ၊ ဂျီအီးကုမ္ပဏီ၊ ကတာပီလာ ကုမ္ပဏီ၊ ကိုကာကိုလာ ကုမ္ပဏီအပြင် အခြား နာမည်ကြီး ကုမ္ပဏီများ ပါဝင်သည်ဟု သိရသည်။ အမေရိကန်-အာဆီယံ စီးပွားရေး ကောင်စီသည် ၁၄.၇.၂၀၁၂ မှ ၁၆.၇.၂၀၁၂ အထိ စီးပွားရေးခရီးစဉ် လာရောက်ခဲ့ခြင်း ဖြစ်ပြီး ခရီးစဉ်အတွင်း အစိုးရ အရာရှိကြီးများ၊ စီးပွားရေး လုပ်ငန်းရှင်များနှင့်လည်း တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရသည်။ ဥရောပ စီးပွားရေး ပြိုင်ဘက်များ မြန်မာ၌ လက်ဦးမှု ရယူသွားမည် စိုးသည့်အတွက် ယခုလို စောလျင်စွာ လာရောက်ခြင်း ဖြစ်ကြောင်း သိရသည်။ အမေရိကန်နှင့် အာဆီယံ စီးပွားရေး ကောင်စီတွင် အမေရိကန်၏ အဓိက ကော်ပိုရေးရှင်း ၁၀၀ ကျော် ကိုယ်စားပြု ပါဝင်ပြီး အာဆီယံ နိုင်ငံများအား ကမ္ဘာပေါ်တွင် အင်အားကြီးမားသော ဈေးကွက်တစ်ခု ဖြစ်စေရန် ရည်ရွယ်သည်ဟုလည်း သိရသည်။
လာရောက်သည့် ကုမ္ပဏီကြီးများသည် မြန်မာနိုင်ငံတွင် အကောက်ခွန် လုံခြုံရေးနှင့် ကာကွယ်ရေး၊ စွမ်းအင်၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဝန်ဆောင်မှုများ၊ အစားအစာနှင့် စိုက်ပျိုးရေး၊ ကျန်းမာရေးနှင့် လူမှုဘဝဆိုင်ရာ သိပ္ပံပညာများ၊ သတင်းအချက် အလက်နှင့် ဆက်သွယ်ရေး နည်းပညာ စသည့် အခြေခံ အဆောက်အအုံ ကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံသွားမည်ဟု သိရသည်။ အမေရိကန်နှင့် အာဆီယံ စီးပွားရေး ကောင်စီသည် အမေရိကန် ကတ္တာဗီလာ ကုမ္ပဏီ၏ ကိုယ်စားလှယ်ဖြစ်သော မြန်ရွှေပြည် ထွန်စက်လုပ်ငန်းသို့လည်း လာရောက်ခဲ့ကြောင်းလည်း သိရသည်။
အဆိုပါ အစီအစဉ်တွင် အခမဲ့ အင်ဂျင်နီယာ ပညာရပ် အလုပ်သင် သင်ကြားမှု စနစ်လည်း ပါဝင်ပြီး ပြည်တွင်း အလုပ်သမားများ၏ အလုပ် အခွင့်အရေး ရရှိရေး၊ လူ့စွမ်းအား အရင်းအမြစ်များ တိုးတက်ရေးနှင့် ပညာသင်ကြားမှု ဆက်လက် ဆောင်ရွက်နိုင်ရေးတို့ကို အထောက်အကူ ဖြစ်စေမည်ဟုလည်း သိရသည်။ သို့သော်လည်း အမေရိကန် စီးပွားရေးကောင်စီ တွဲဖက်ညွှန်ကြားရေးမှူး Mr.Anthony Nelson က “မြန်မာပြည်မှာ ရင်းနှီးမြှုပ်နှံဖို့ အရမ်းစိတ်ဝင်စားပါတယ်။ လောလောဆယ်မှာ မြန်မာနိုင်ငံရဲ့အခြေခံအဆောက်အအုံ လိုအပ်ချက်နဲ့ ပြင်ဆင်ရမယ့် စိန်ခေါ်မှုများစွာ ရှိနေပါတယ်” ဟု ထည့်သွင်း ပြောကြားခဲ့သည်။ ထက်ရှိုင်း၊ ခန့်ဟိန်းသူ
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )