22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Wednesday, July 25, 2012

အာဆင်နယ်နှင့် ပြန်လည် ပေါင်းစည်းရန် စိတ်ကူးနေသည့် အွန်နရီ

အာဆင်နယ် အသင်းနှင့် ပြန်လည် ပေါင်းစည်းရန် အခြေအနေ တစ်ရပ်သည် ဖြစ်နိုင်ခြေ ရှိနေဆဲဟု သီအာရီ အွန်နရီက ပြောကြားခဲ့သည်။


အာဆင်နယ် သမိုင်းတွင် ပရိသတ် အနှစ်သက်ဆုံး အသင်းခေါင်းဆောင် တစ်ဦးအဖြစ် ထည်ဝါခဲ့ဖူးသော ပြင်သစ် လက်ရွေးစင်ဟောင်းသည် ပြီးခဲ့သည့် ဆောင်းရာသီက အာဆင်နယ်တွင် (၂)လကြာ အငှားလာပြန် ကစားခဲ့သေးသည်။ ယခုအခါ အသက်(၃၄)နှစ် ရှိနေပြီဖြစ်သော နယူးယော့ခ်ရက်ဒ်ဘူးလ် တိုက်စစ်မှူးက ၎င်းသည် နောက်တစ်ကြိမ် အာဆင်နယ် အတွက် အငှားပြန် ကစားပေးရန် မဖြစ်နိုင်ဟု ငြင်းဆိုခဲ့ဖူးသည်။ သို့သော်လည်း ၎င်းချစ်မြတ်နိုးသည့် အမ်းမရိတ်စ်သို့ ပြန်ရောက် လာနိုင်သည့် အခြေအနေမျိုး ရှိနေကြောင်းမူ အတည်ပြုခဲ့သည်။



"တစ်ချိန်ချိန်မှာ အာဆင်နယ်နဲ့ အတူ ရှိနေဖို့ အင်္ဂလန်ကို ကျွန်တော် သေချာပေါက် ပြန်နိုင်ပါတယ်။ ပြီးခဲ့တဲ့ ရာသီက ကျွန်တော် အာဆင်နယ်ကို ပြန်သွားဖို့ အစီအစဉ် မရှိခဲ့ပါဘူး။ ဒါပေမဲ့ ဂါဗင်ဟိုနဲ့ မော်ရိုချာမက်ခ်တို့ အာဖရိက ဖလားအတွက် လက်ရွေးစင် အသင်းဆီ ပြန်သွားရလို့ ကျွန်တော် အသင်းအတွက် ကစား ပေးဖြစ်တာပါ။ အစောပိုင်းက ကျွန်တော် အာဆင်နယ်မှာ လေ့ကျင့်ခန်း ဆင်းရုံပါပဲ။ အသင်းက ကျွန်တော့်ကို ပြန်ကစား ပေးချင်လား မေးတော့ ကျွန်တော် သဘော တူခဲ့တာပါ" ဟု အွန်နရီက ဆိုသည်။

ကျွန်တော့် ကစားသမား ဘဝ အဆုံးသတ်ရင် ကျွန်တော့် ပင်ကိုယ် ပါရမီတွေကို ဘယ်လို နေရာမှာ သုံးရမလဲ ဆိုတာ ကျွန်တော် မပြောနိုင်သေးပါဘူး။ ဒါပေမဲ့ ကျွန်တော် အာဆင်နယ်ကိုတော့ သေချာပေါက် ပြန်သွားဖြစ်မယ် ထင်ပါတယ်...
၎င်းက ဆက်လက်၍ "ကျွန်တော့် အနာဂတ် ဘာတွေ ဖြစ်မယ်ဆိုတာ ဘယ်သူကများ သိနိုင်မှာလဲ။ ကျွန်တော် မန်နေဂျာ အာစင်ဝင်းဂါးနဲ့ စကား မပြောဖြစ်သေးပါဘူး။ အာဆင်နယ်ကို ကျွန်တော် ပြန်ဖြစ်ကောင်း ပြန်ဖြစ်နိုင်ပါတယ်။ နည်းပြအဖွဲ့ဝင် နေရာမျိုးဟာ စိတ်ဝင်စားစရာပါ။ ကျွန်တော့် ကစားသမား ဘဝ အဆုံးသတ်ရင် ကျွန်တော့် ပင်ကိုယ် ပါရမီတွေကို ဘယ်လို နေရာမှာ သုံးရမလဲ ဆိုတာ ကျွန်တော် မပြောနိုင်သေးပါဘူး။ ဒါပေမဲ့ ကျွန်တော် အာဆင်နယ်ကိုတော့ သေချာပေါက် ပြန်သွားဖြစ်မယ် ထင်ပါတယ်" ဟုလည်း ပြောကြားသွားသည်။

အွန်နရီသည် အမေရိကန် မေဂျာလိဂ် ကလပ်အသင်း ရက်ဒ်ဘူးလ်နှင့် စာချုပ်သက်တမ်း (၁၈)လ ကျန်ရှိနေသေးကြောင်းလည်း သိရှိရသည်။
Ref: The Sun
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )