22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Wednesday, July 25, 2012

မြန်မာအသင်း ဂျပန်သို့ ပူးတွဲ လေ့ကျင့်ရေးများ သွားရောက် ပြုလုပ်ရန် ပြင်ဆင်လျက်ရှိ

မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်သည် ဆူဇူကီးဖလား ခြေစစ်ပွဲ ၀င်မည့် မြန်မာ့ လက်ရွေးစင် ဘောလုံးအသင်းအား စက်တင်ဘာ အတွင်း ဂျပန်နိုင်ငံတွင် လေ့ကျင့်မှုများ သွားရောက် ပြုလုပ်စေရန် ကြိုးပမ်း ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

စက်တင်ဘာ (၁၁)ရက်နေ့မှ (၂၉)ရက်နေ့ အထိ ဂျပန်နိုင်ငံတွင် ပူးတွဲ လေ့ကျင့်ရေးများ သွားရောက် ပြုလုပ်နိုင်ရန် အတွက် MFF အနေဖြင့် JFA သို့ ကမ်းလှမ်းထားကြောင်း သိရပြီး တရားဝင် အကြောင်းပြန် ကြားလာခြင်း မရှိသေးပေ။ သို့သော် အဆိုပါ ကာလများ အတွင်း သွားရောက် လေ့ကျင့်မှုနှင့် ခြေစမ်းပွဲများ ကစားနိုင်ရန် အတွက်မူ နီးစပ်နေကြောင်း သိရသည်။ အဆိုပါ ခရီးစဉ်တွင် ဂျေလိဂ် ကလပ်အသင်းများ အပြင် အခြား လိဂ်များမှ အသင်းကောင်းများဖြင့် ခြေစမ်းပွဲများ ကစားရန်ပါ စီစဉ် ကြိုးပမ်းလျက် ရှိကြောင်း ဘောလုံးအဖွဲ့ချုပ်မှ အထွေထွေ အတွင်းရေးမှူး ဦးဘန်နီတင်အောင်က ပြောကြားခဲ့သည်။

အကယ်၍သာ အဆိုပါ ခရီးစဉ် အမှန်တကယ် အထမြောက် ခဲ့ပါက ငွေကုန် ကြေးကျများမည် မှန်သော်လည်း လက်ရွေးစင် အသင်းအတွက် အလွန်ပင် အကျိုးရှိသည့် ခရီးစဉ်တစ်ခု ဖြစ်လာမည် ဟုလည်း လက်ရွေးစင် အသင်း နည်းပြချုပ် ပတ်ဆောင်ဟွာက သုံးသပ် ပြောကြားခဲ့သည်။

Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )